Netflix ကနေ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာထဲကမှ ရုပ်ရှင်ပရိသတ်တွေအများစု အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) 13 Reasons Why (2017)
ဆယ်ကျော်သက် အများစုကြား ရေပန်းစားခဲ့တဲ့ ရုပ်ရှင်စီးရီးတခုဖြစ်ခဲ့ပြီး အခုဆိုရင် Season-2 တောင်ထွက်ရှိနေပြီ ဖြစ်ပါတယ်။ Clay Jensen ဆိုတဲ့ကျောင်းသားဟာ သေတ္တာတလုံးကို တွေ့ရှိခဲ့ပြီး အဲဒီသေတ္တာထဲမှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တဲ့ Hana ဆိုတဲ့ ကျောင်းသူလေးရဲ့ တိတ်ခွေတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ Hana ရဲ့ အသံသွင်း တိတ်ခွေထဲမှာ သူမဘာကြောင့် သတ်သေသွားရတယ်ဆိုတဲ့ အကြောင်းရင်း ၁၃ ချက်ကို ဖွင့်ဟဝန်ခံထားပြီး အဲဒီ အကြောင်းရင်းတွေထဲက တချက်ဟာ Clay ကြောင့် ဖြစ်နေတယ်ဆိုတာပဲ ဖြစ်ပါတယ်။
(၂) Stranger Things (2016)
Will ဆိုတဲ့ကောင်လေးဟာ ထူးထူးဆန်းဆန်းကို သူ့မြို့လေးကနေ ပျောက်ဆုံးသွားခဲ့ပြီး သူ့ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေဟာ သူ့ကိုလိုက်ရှာနေခဲ့ကြပါတယ်။ Will ရဲ့စူးစမ်းရှာဖွေမှုတခုဟာဆိုရင်လည်း သူသိချင်တဲ့ရလဒ်တခုနဲ့ တော်တော်ကို နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Will ရဲ့သူငယ်ချင်းတွေနဲ့ မိသားစုကတော့ Will တယောက် ဘာနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို စိတ်ကူးကြည့်လို့တောင် ရနိုင်မှာ မဟုတ်ပါဘူး။ ဒီဇာတ်ကားဟာဆိုရင်တော့ ဒဏ္ဍာရီ ဆန်ဆန် အကြောင်းအရာတခုကနေ သင့်ရဲ့စိတ်ဝင်စားမှုကို အဆုံးထိဆွဲခေါ်သွားမှာ ဖြစ်ပါတယ်။
(၃) Daredevil (2015)
ဒီဇာတ်ကားမှာတော့ Matt Murdock ဟာ အဓိကဇာတ်ကောင်ဖြစ်ပြီး ငယ်ဘဝရဲ့မတော်တဆမှုတခုကြောင့် အမြင်အာရုံ ဆုံးရှုံးသွားခဲ့ရပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ နေ့ဘက်မှာ ရှေ့နေတယောက်အဖြစ် ရာဇဝတ်မှုတွေကို ရင်ဆိုင်ခဲ့ပြီး ညဘက်မှာတော့ Hellkitchen မြို့ရဲ့ဘက်တော်သား Daredevil အနေနဲ့ လှုပ်ရှားခဲ့ပါတယ်။ Hellkitchen မြို့က ဒုစရိုက်မှုတွေနဲ့လူတချို့ရဲ့ စိတ်နေစိတ်ထားကို တွေ့ရှိနိုင်မှာဖြစ်ပြီး ရှေ့နေတယောက် ၊ Hero တယောက်အဖြစ် Matt Murdock ရဲ့စွန့်စားမှုတွေကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
(၄) Orange In The New Black (2013)
အဓိကဇာတ်ကောင်ဖြစ်တဲ့ Piper Chapman ဟာ သူမရဲ့ဘဝကို ကျေကျေနပ်နပ်နေတတ်သူ တယောက်ဖြစ်ပါတယ်။ အတိတ်က ပြုလုပ်ခဲ့တဲ့ အမှားတခုကြောင့် ထောင်ထဲမှာ ၁၅ လကြာ အချိန်ကုန်ဆုံးခဲ့ရပြီး ရုပ်ရှင်စတင်ချိန်မှာ သူမဟာ ပတ်ဝန်းကျင်အသစ်မှာ ဘဝအသစ်ကို ပြန်လည်ထူထောင်နေရချိန် ဖြစ်ပါတယ်။ ဒီစီးရီးထဲမှာဆိုရင်တော့ ဘဝထဲက ရုန်းကန်မှုတွေ၊ ချစ်ခြင်းမေတ္တာနဲ့ လူတွေရဲ့စိတ်နေသဘောထားတွေကို ဦးတည်ရိုက်ကူးဖော်ပြထားတာပဲ ဖြစ်ပါတယ်။
Ref : brightside.me