Entertainment

ရုပ်ရှင်တွေ ဆက်တိုက် ထွက်ဖို့ရှိနေတဲ့ ဘောလိဝုဒ်မင်းသား Salman Khan

Want create site? Find Free WordPress Themes and plugins.

မကြာခင် ထွက်ရှိလာတော့မယ့် “Race 3” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလိဝုဒ်မင်းသား Salman Khan က အများထင်နေကြသလို ရုပ်ရှင်တော်တော်များများ ပါဝင်မယ့်အကြောင်း ပြောကြားလိုက်ပြီး သူ့ကို “Bharat, Dabangg 3 နဲ့ Sher Khan” တို့လိုမျိုး ရုပ်ရှင်တွေမှာ မြင်တွေ့ရမယ့်အကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် နာမည်ကျော် ဒါရိုက်တာ Sanjay Leela Bhansali နဲ့လည်း မကြာခင်မှာ ရုပ်ရှင်တကား ရိုက်ကူးမယ့် အကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

မင်းသား Salman ဟာ ဘောလိဝုဒ်ရဲ့ ဝင်ငွေအကောင်းဆုံး အနုပညာရှင်တယောက် ဖြစ်နိုင်ပေမယ့် သူရဲ့ ပင်ကိုယ်ဗီဇ အတိုင်း ယုံကြည်ပြီး ဇာတ်ညွှန်းကို ရွေးချယ်တယ်လို့ဆိုပါတယ်။ Ek Tha Tiger နဲ့ Sultan လိုမျိုး နာမည်ကျော် ရုပ်ရှင် တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် မင်းသားက သူ့ကို စိတ်လှုပ်ရှားစေတဲ့ ဇာတ်လမ်းမျိုးကိုသာ ရွေးချယ်တယ်လို့လည်း ဆိုပါတယ်။

အင်တာဗျူးတခုမှာ မင်းသား Salman က “ကျနော့်ကို စိတ်ကျေနပ်စေတဲ့ ရုပ်ရှင်တွေကိုပဲ ဖြစ်နိုင်ရင် ရွေးချယ်ရိုက်ကူး ချင်တာပါ။ ကျနော်ကြိုက်တဲ့ ဟာကိုပဲ ကျနော်လုပ်ချင်တာပါ။ ကျနော့်ကို စိတ်လှုပ်ရှားစေတဲ့ ရုပ်ရှင်တွေကိုပဲ ရွေးချယ်တာပါ။ တကယ်လို့များ ကျနော်က ခင်ဗျားတို့ကို မနက်ဖြန်မှ ပြောမယ်တို့၊ ကျနော်စဉ်းစားဖို့ အချိန်လိုတယ်တို့ ပြောလာရင် အဲဒါက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

အခုနှစ် Eid ပွဲတော်အတွက် ဖြန့်ချီဖို့ စီစဉ်ထားတဲ့ Race 3 ရုပ်ရှင်မှာ ပါဝင်ထားတဲ့ မင်းသားက “ကျနော် လုပ်ချင်လို့ လုပ်ခဲ့တဲ့ တခုတည်းသော ရုပ်ရှင်က Race 3 ပါပဲ။ ဘာလို့လဲဆိုတော့ ကျနော် ဇာတ်ညွှန်းကို တချက် နှစ်ချက်မက သဘောကျတယ်” လို့ ပြောကြားခဲ့ပါတယ်။

မင်းသား Salman ဟာ ရုပ်ရှင်လောကမှာ ကျင်လည်နေတာ ဆယ်စုနှစ် ၃ ခု ဝန်းကျင် ရှိလာပြီဖြစ်ပြီး လူငယ်သရုပ်ဆောင် တချို့ကလည်း တော်ကြပေမယ့် တချို့သရုပ်ဆောင်တွေကတော့ ဟင်ဒီရုပ်ရှင်ရုံတွေက ဘာအတွက် ရပ်တည်နေတယ် ဆိုတာကို နားလည်မှု လွဲနေတယ်လို့ ယုံကြည်ထားတဲ့ အကြောင်း ဆိုပါတယ်။

Ref: indianexpress

Did you find apk for android? You can find new Free Android Games and apps.
Loading