• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အွန်လိုင်း မီဒီယာပေါ်က သမီးလေးရဲ့ ဓာတ်ပုံတွေ ပြန်ဖျက်လိုက်တဲ့ Kylie Jenner

by မစ်ကီ
11 June 2018
in Entertainment
A A
သမီးဖြစ်သူကို ချီထားတဲ့ Kylie Jenner

သမီးဖြစ်သူကို ချီထားတဲ့ Kylie Jenner

7k
VIEWS
Share on FacebookShare on Twitter

အနောက်တိုင်းမီဒီယာရဲ့ နာမည်ကျော်ကြားသူတယောက်ဖြစ်တဲ့ Kylie Jenner ဟာ အရင်တုန်းက သူတင်ခဲ့တဲ့ သမီးလေး Stormi ရဲ့ မျက်နှာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဖျက်လိုက်ပြီး အခုကစလို့ သမီးလေးရဲ့ ဘယ်ဓာတ်ပုံကိုမှ ထပ်မံ ဝေမျှတော့မှာ မဟုတ်တဲ့အကြောင်း ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

‘Keeping Up With the Kardashians’ ရုပ်သံအစီအစဉ် စတား Kylie က ချစ်သူ Travis Scott နဲ့ ရရှိထားတဲ့ အသက် ၄ လအရွယ် သမီးလေး Stromi ရဲ့ ပုံတွေကို အခုနှစ်အစောပိုင်းမှာ မွေးဖွားခဲ့ချိန်ကစလို့ သူ့ရဲ့ ကိုယ်တိုင် ဆိုရှယ်မီဒီယာ ကွန်ရက်တွေပေါ်မှာ တင်ခဲ့တာဖြစ်ပေမယ့် အခုတော့ သူဟာ စိတ်ပြောင်းသွားခဲ့ပြီး သမီးလေးရဲ့ ပုံရိပ်တွေကို ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။

RelatedPosts

ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
241
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
393
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
973

အသက် ၂၀ အရွယ် အလှနတ်သမီး Kylie ဟာ ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်မှာ သမီးလေးကို ချီထားတဲ့ သူ့ရဲ့ပုံကို တင်ခဲ့ပေမယ့် ပုံကို ဖြတ်တောက်ထားတဲ့အတွက် သမီးလေးရဲ့ ပုံပန်းသွင်ပြင်ကို မြင်တွေ့နိုင်ခြင်း မရှိခဲ့ပါဘူး။ အခုလိုမျိုး ကလေးရဲ့ပုံကို ဖြတ်တောက်လိုက်တဲ့အတွက် ပရိသတ်တွေရဲ့ တုန့်ပြန်ချက်တွေ ဟာ ဆူညံပွက်လော ရိုက်ခဲ့ပါတယ်။

အဲဒီအခါ Kylie က “ဟုတ်တယ်၊ ကျမ ကလေးပုံ ကျမဖြတ်တောက် လိုက်တယ်။ အခုကစပြီး ကျမသမီးလေး ပုံတွေကို ထပ်တင်တော့မှာ မဟုတ်တော့ဘူး” လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

Kylie က ဘာကြောင့် အခုလိုမျိုး သမီးလေးရဲ့ ပုံကို အွန်လိုင်းမှာတင်နေတာတွေကို ကန့်သတ်ဖို့ ဆုံးဖြတ်လိုက်တာလဲ ဆိုတာကိုတော့ မသိရသေးပေမယ့် Instagram မှာ အခုလိုမျိုး ပုံတင်တာကို ကန့်သတ်တာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်မှာလည်း သူ့ဘဝရဲ့ စာမျက်နှာအသစ်ကို အာရုံစိုက်ချင်တဲ့အတွက် အခုလိုမျိုး ပရိသတ် ရှေ့မှောက်ကနေ ခေတ္တပျောက်ကွယ် သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ပရိသတ်တွေက သူကိုယ်ဝန် လွယ်ထားရပြီ လို့ ခန့်မှန်းပြောဆိုခဲ့ ကြပေမယ့် ၉ လအကြာ ကလေးမီးဖွားပြီးတဲ့အချိန်အထိ အဲဒီ သတင်းကို အတည် မပြုခဲ့ပါဘူး။

Stormi ကိုမမွေးဖွားခင်မှာ Kylie ဟာ မိခင်တဦး ဖြစ်တော့မယ့်အတွက် လူမှုကွန်ရက်မီဒီယာတွေကနေ ခဏ အနား ယူချင်တဲ့အကြောင်း၊ Malibu Canyon မှာရှိတဲ့ လယ်ယာခြံမြေဘက်ကို ပြောင်းရွှေ့မယ့်အကြောင်းနဲ့ ဖုန်းမရှိဘဲ ဘဝကို ရှင်သန်နေထိုင်ချင်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

Kylie က “ကျမကလေးရလာခဲ့ရင် Instagram ကို သုံးတော့မှာ မဟုတ်ပါဘူး။ ကျမရဲ့ Instagram အကောင့်ကို  ဖျက်ပစ်မှာပါ။ ကျမမှာ မိသားစုရှိလာပြီး Malibu Canyon မှာခြံတကွက်နဲ့ အိမ်တအိမ်ကို ဆောက်မှာပါ။  ကလေးတွေပဲရှိပြီး ဖုန်းကို လွှင့်ပစ်လိုက်မှာပါ။ တကယ့်ကိုပဲ ကျမဘဝ ကျမ ရှင်သန်သွားမှာပါ။  ဒီလိုမျိုး ထပ်လုပ်မှာ မဟုတ်တော့ပါဘူး” လို့ ၂၀၁၅ ခုနှစ်မှာ ပြောဆိုခဲ့ဖူးပါတယ်။

Ref: contactmusic

Your Thoughts …
Tags: Kylie Jenner
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

အဆိုတော် Travis Scott နဲ့ Kylie Jenner

ချစ်သူသက်တမ်း ၂ နှစ်အကြာမှာ လမ်းခွဲလိုက်တဲ့ Kylie Jenner နဲ့ Travis Scott

by မစ်ကီ
3 October 2019
9k

သူတို့နှစ်ဦး အချစ်ဇာတ်လမ်း စတင်ခဲ့တဲ့နေ့ကတည်းက တောက်လျှောက် အားပေးခဲ့ကြတဲ့ ပရိသတ်တချို့အတွက်တော့ သူတို့ရဲ့ လမ်းခွဲလိုက်တဲ့သတင်းဟာ အထိတ်တလန့် ဖြစ်စေခဲ့ရပါတယ်။

Kylie Cosmetics ထုတ်လုပ်သူ Kylie Jenner

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာတဲ့ Kylie Jenner

by မစ်ကီ
6 March 2019
6.9k

Forbes မဂ္ဂဇင်းရဲ့ ခန့်မှန်းချက်အရ နှုတ်ခမ်းအလှခြယ် ပစ္စည်းတွေနဲ့ နာမည်ကျော်ကြားတဲ့ Jenner ရဲ့ မိတ်ကပ်ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၃၆ဝ ရှိတယ်လို့

Kylie Jenner

Kylie Jenner ဟာ ဘီလီယံနာ မဟုတ်ကြောင်း Forbes မဂ္ဂဇင်း ပြောဆို

by မစ်ကီ
1 June 2020
4.3k

Forbes မဂ္ဂဇင်းကတော့ လက်ရှိမှာ အသက် ၂၂ နှစ်အရွယ် Kylie ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း ၉၀၀ သာရှိတယ်လို့ ခန့်မှန်းပါတယ်။

နှင်းဆီပွင့်ချပ်တွေနဲ့ အလှဆင်ထားတဲ့ Kylie Jenner အိမ်က အခန်း

Kylie Jenner ရဲ့ မွေးနေ့အတွက် အိမ်ကို နှင်းဆီပွင့်ချပ်တွေနဲ့ အလှဆင်ပေးခဲ့တဲ့ Travis Scott

by မစ်ကီ
6 August 2019
8.4k

Kylie က “ကျမရဲ့ အိမ်မှာ နှင်းဆီတွေနဲ့ ပြည့်သွားခဲ့ပြီ။ ကျမရဲ့ မွေးနေ့တောင် မရောက်သေးဘူးလေ။ အံ့သြလိုက်တာ” လို့ စာရေးသားခဲ့ပါတယ်။

Kylie Jenner တင်ခဲ့တဲ့ သမီးလေးရဲ့ ပုံ / Kylie Jenner's Instagram

“Stormi” လို့ နာမည်ပေးလိုက်တဲ့ Kylie Jenner ရဲ့သမီးလေး

by မစ်ကီ
7 February 2018
13.1k

သူ့ရဲ့ သမီးလေး Stormi ဟာ ဒီနှစ်ထဲမှာ Kardashian မိသားစုထဲ ရောက်လာမယ့် မိသားစုဝင် အသစ် ၃ ယောက်ထဲက ဒုတိယမြောက် ဖြစ်ပါတယ်။

Kylie Jenner

အမေများနေ့မှာ Skincare ထုတ်ကုန်ပစ္စည်း အသစ်တွေ မိတ်ဆက်လိုက်တဲ့ Kylie Jenner

by မစ်ကီ
13 May 2019
10.2k

"Kylie Skin" ထုတ်ကုန်ပစ္စည်းများဟာ လွန်ခဲ့တဲ့ တရက်လောက်ကတည်းက ဆိုရှယ်မီဒီယာမှာ မိတ်ဆက်ကြော်ငြာမှုတွေ ရှိခဲ့ပြီး လာမယ့် မေလ ၂၂ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ ဆိုထားပါတယ်။

Next Post
Facebook က မိတ်ဆက်လိုက်တဲ့ Facebook Gaming Web Page

ဂိမ်းဗီဒီယိုတွေကို Facebook မှာ တနေရာတည်း ကြည့်ရှုနိုင်မယ့် Fb.gg

ဘောလိဝုဒ် မင်းသား Salman Khan

ရုပ်ရှင်တွေ ဆက်တိုက် ထွက်ဖို့ရှိနေတဲ့ ဘောလိဝုဒ်မင်းသား Salman Khan

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
4k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate