• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“သရုပ်ဆောင် အလုပ်ကို ဖြည်းဖြည်းချင်း လုပ်သွားမယ်” ဆိုတဲ့ အလှမယ် Bella

by ယုဖြူဟန်
12 June 2018
in Entertainment
A A
အလှမယ် Bella (ခ) မြတ်သီရိလွင်  / ယုဖြူဟန် / ဧရာဝတီ

အလှမယ် Bella (ခ) မြတ်သီရိလွင် / ယုဖြူဟန် / ဧရာဝတီ

6.7k
VIEWS
Share on FacebookShare on Twitter

Miss Myanmar World 2016 ဆုရှင် အလှမယ် Bella (ခ) မြတ်သီရိလွင်က MTV ရိုက်ကူးမှုများမှာ အတွေ့များ လာရပြီး နောက်ပိုင်း မှာတော့ ဖြည်းဖြည်းချင်း သရုပ်ဆောင်လုပ်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“သရုပ်ဆောင်က လုပ်သွားမှာပါ။ Bella က ဖြည်းဖြည်းချင်းသွားတာ ပိုကြိုက်တယ်။ လှေကားဆိုတာ ၂ ထစ် ၃ ထစ်ကို ကျော်လှမ်းရင် ချော်လဲတတ်တယ်လေ။ Bella ကိုကမ်းလှမ်းလာတာတွေ ရှိတယ်။ အဲဒါတွေကို အကောင်းဆုံး ရိုက်ကူး နေတယ်။ နောက်ကမ်းလှမ်း လာမှာတွေကိုလည်း စောင့်နေတယ်။ ဇာတ်ကားကတော့ နောက်ပိုင်း ဖြည်းဖြည်းချင်း ရိုက်သွားမှာပါ”လို့ အလှမယ် Bella က ပြောပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
409
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
831
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

မကြာသေးမီက ရိုက်ကူးထားတဲ့ အဆိုတော် နီနီခင်ဇော်ရဲ့ “ချစ်လျက်လမ်းခွဲ” Music Video မှာ Transgender (အမျိုးသားမှ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူ) တယောက်နေရာက သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ပရိသတ်က ပဟေဠိ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီသီချင်းမှာ Bella ကို ပထမ အမျိုးသမီးတယောက်အဖြစ် တွေ့မြင်ရပြီး နောက်ပိုင်းမှာ သူဟာ လိင်ခွဲစိပ်မှု ပြုလုပ်ထားတဲ့ အမျိုးသားတယောက် ဖြစ်နေတဲ့သူ တယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ Bella က ‘“မနီနီခင်ဇော် သီချင်းမှာ မနီက အဲဒီသီချင်းကို စရေးကတည်းက Bella ကို ဒီနေရာမှာ ထားမယ်ဆိုပြီး ရေးတာပေါ့နော်။ အစကတည်းက အဲဒီနေရာမှာ သရုပ်ဆောင်ရမယ်ဆိုတာ ကြိုသိနေတယ်။ အဓိကကတော့ ပရိသတ်ကို နည်းနည်းလေး လှည့်ကွက်လေးလုပ်ထားတာပါ” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “တချို့ပရိသတ်တွေက နားမလည်ဘူး။ Bella ဒါဘာလဲပေါ့။ ကိုစည်သူဇော်က ဘာလဲပေါ့။ နောက်ပိုင်းကျမှ Comment တွေ ပြန်ဖတ်ကြည့်မှ သိသွားကြတာ။ Bella နာမည်ကလည်း Bella မဟုတ်တော့ဘူး။ Facebook မှာရော အရမ်းရင်းနှီးတဲ့ သူတွေကတွေကရော ကိုစည်သူဇော်လို့ ခေါ်ကြတယ်”လို့ Bella ကပြောပါတယ်။

အဆိုတော် စန္ဒီမြင့်လွင်နဲ့ ဆိုဖီယာတို့သီဆိုထားတဲ့ IDFC (I Don’t Fxxking Care) သီချင်းမှာလည်း မော်ဒယ် ဂျက်ဆီကာဒါဒါနဲ့ အတူ Lesbian (အမျိုးသမီးချင်း ချစ်ခင် နှစ်သက်သူ) ပုံစံမျိုး သရုပ်ဆောင်ခဲ့တဲ့အပေါ်မှာလည်း ပီပြင်မှု ရှိတဲ့အတွက် ပရိသတ်များက သဘောကျနှစ်သက်နေကြပါတယ်။

“Bellaက သိပ်ပြီးတော့ မရွေးချယ်ဘူး။ Bella ပေးလာတဲ့အလုပ်ကို အကောင်းဆုံး လုပ်နိုင်မယ်ထင်ရင် လုပ်လိုက်တယ်။ ဒီ FG Entertainment ကလုပ်တဲ့ မစန္ဒီမြင့်လွင်နဲ့ မဆိုဖီယာတို့ သီချင်းမှာလည်း မဂျက်ဆီကာဒါဒါနဲ့ Lesbian ပုံစံလေး ရိုက်ဖြစ်တယ်။ အဲဒါကိုကြည့်ပြီးတော့ မနီနီခင်ဇော်က Transgender ပုံစံကို ကမ်းလှမ်းတယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

Bella ကတော့ FG Entertainment နဲ့ စာချုပ် ချုပ်ဆိုထားပြီး Music Video တွေ ဆက်လက်ရိုက်ကူးသွားဖို့ရှိပြီး ကြော်ငြာတွေ ၊ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်နေတယ်လို့သိရပါတယ်။ အလှမယ် Bella ကတော့ အသက် ၁၇ နှစ် အရွယ်မှာ ၂၀၁၆ ခုနှစ်အတွက် Miss Myanmar World ဆုကိုရရှိထားပြီး အပြုံးချိုချိုလေးနဲ့ ပရိသတ်သဘောကျနှစ်သက်တဲ့ အလှမယ်တယောက် ဖြစ်ပါတယ်။

Your Thoughts …
Tags: အလှမယ် Bella
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အလှမယ် Bella  / ဧရာဝတီ

သရုပ်ဆောင်လောကမှာ ဒီထက်မက တွေ့ရဖို့ရှိတဲ့ အလှမယ် Bella

by ယုဖြူဟန်
24 September 2019
29k

“နောက်လထဲမှာ ခရီးရက်ရှည်သွားဖို့ ရှိတယ်။ ခရီးသွားဖို့အတွက်ကတော့ ပရိသတ်တွေကို အေးအေးဆေးဆေး ပြောပြပါမယ်။ ရိုက်ထားတဲ့ ဂျင်ပါတီကတော့ ပြပြီးသွားပါပြီ။

Next Post
ဒလတံတားစီမံကိန်း ဆိပ်ကမ်းအာဏာပိုင်ရဲ့ ကန့်ကွက်မှုကြောင့် ကြန့်ကြာတာမဟုတ်ဟုဆို (ရုပ်/သံ)

ဒလတံတားစီမံကိန်း ဆိပ်ကမ်းအာဏာပိုင်ရဲ့ ကန့်ကွက်မှုကြောင့် ကြန့်ကြာတာမဟုတ်ဟုဆို (ရုပ်/သံ)

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၁၁ ရက်နေ့က ကျင်းပခဲ့သော PPST အစည်းအဝေး  / ကျော်ခ / ဧရာဝတီ

တတိယ ပင်လုံတွင် “ခွဲမထွက်ရ” ကိစ္စ ဆွေးနွေးမည် မဟုတ်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate