• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကျန်းမာရေးကြောင့် ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရတဲ့ အဆိုတော် Demi Lovato

by မစ်ကီ
12 June 2018
in Entertainment
A A
ကမ္ဘာကျော် အဆိုတော် Demi Lovato

ကမ္ဘာကျော် အဆိုတော် Demi Lovato

8.5k
VIEWS
Share on FacebookShare on Twitter

အဆိုတော် Demi Lovato ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ လန်ဒန်မြို့မှာရှိတဲ့ O2 Arena မှာကျင်းပမှာ ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ရပြီးနောက် သူ့ရဲ့ ပရိသတ်တွေထံ တောင်းပန်စကားဆိုလိုက်ပြီး သူအရမ်း နေမကောင်းဖြစ်နေတဲ့ အကြောင်းလည်း ပြောကြားလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ်၊ အမေရိကန် အဆိုတော် Demi Lovato ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်နေ့မှာ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ် ထားခဲ့ပေမယ့် အနားမယူရင် သူ့အတွက် ထိခိုက်နိုင်တဲ့ အသံကြိုး ရောင်ရမ်းမှု ဝေဒနာကြောင့် အနားနီးမှ ကပ်ပြီး ဖျက်သိမ်းခဲ့ရပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
327
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
823
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
448

အဆိုတော် Demi က “အရမ်းကို နေမကောင်းဖြစ်နေတာရယ် နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်ရဲ့ စမ်းသပ်ထားတဲ့ အသံကြိုး ရောင်ရမ်းမှုရယ်ကြောင့် O2 မှာ ပြုလုပ်မယ့် ကျမရဲ့ ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် ဖြစ်လာတဲ့ ကြေကွဲဝမ်းနည်းမှု မျက်ရည်တွေ ကြားကနေ ဒီစာကို ရေးသားလိုက်တာပါ” လို့ ပရိသတ်ထံ ပြောကြားခဲ့ပါတယ်။ သူဟာ စင်ပေါ်တက်ခါနီး တနာရီလောက် အလိုကျမှ ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

တကယ်လို့များ အဲဒီညမှာ ဖျော်ဖြေခဲ့မယ်ဆိုရင် အသံကြိုးတွေ ထိခိုက်ရမှာဖြစ်ပြီး ကျန်ရှိတဲ့ ဖျော်ဖြေပွဲ ရက်တွေကိုလည်း ဖျက်သိမ်းရနိုင်ချေရှိတဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။

သူက “ကားတွေ၊ လေယာဉ် တွေနဲ့ နာရီပေါင်းများစွာမှ ရောက်လာခဲ့တဲ့ လန်ဒန်မြို့က ကျမရဲ့ ပရိသတ်တွေကို စိတ်ပျက် စေမိလို့ အရမ်း တောင်းပန်ပါတယ်၊ ပြီးတော့ သူတို့ရဲ့မွေးနေ့တွေ၊ အားလပ်ရက်တွေနဲ့ အထူးအချိန်အခါ တွေအတွက် လက်မှတ်တွေ ဝယ်ယူထားတဲ့ ပရိသတ်တွေ အားလုံးကိုလည်း တောင်းပန်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အခုဖျော်ဖြေပွဲကိုတော့ ဇွန်လ ၂၅ ရက်နေ့အထိ သီတင်းပတ် အနည်းငယ်အကြာ ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ထပ်ပြုလုပ်မယ့် ဖျော်ဖြေပွဲကို ဇွန်လ ၁၂ ရက်နေ့ ညပိုင်းမှာပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အဲဒီ့ပွဲကိုလည်း ဇွန် ၂၉ ရက်နေ့ အထိ ရွှေ့ဆိုင်းလိုက်ရပါတယ်။

အဆိုတော် Demi ဟာ လက်ရှိမှာ “Tell Me You Love Me” ကမ္ဘာလှည့်ဖျော်ဖြေပွဲ ဥရောပခရီးစဉ်ကို ရောက်ရှိနေတာပါ။ ဒါ့အပြင် ဂလက်စကိုမြို့၊ နယူးကာဆယ်မြို့နဲ့ မန်ချက်စတာမြို့တို့မှာ ဆက်တိုက်ပြုလုပ်သွားမယ့် ဖျော်ဖြေပွဲတွေရဲ့ အခြေအနေကိုလည်း မသိရသေးပါဘူး။

Facebook မှာ ဖော်ပြထားတဲ့ သတင်းစကားမှာတော့ “ပရိသတ်တွေရဲ့ဝမ်းနည်းကြေကွဲမှုကို သိရှိနားလည်ပြီး မဖြစ်မနေ လုပ်ဆောင်လိုက်လို့သာ ဒီကိစ္စကို လုပ်ဖြစ်သွားတာ ဖြစ်ကြောင်း” ပြောကြားပြီး စာကို အဆုံးသတ်ထားပါတယ်။ ရွှေ့ဆိုင်း လိုက်တဲ့ ဖျော်ဖြေပွဲလက်မှတ် ဝယ်ထားတဲ့သူတိုင်းအတွက် မက်ဒရစ်နဲ့ Rock In Rio မြို့တို့ ပြီးတဲ့နောက် ဇွန်လ ၂၅ ရက် နေ့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ ပြန်လည် ဆုံစည်းချင်ပါကြောင်း ပြောဆိုထားပါတယ်။

Ref: contactmusic

Your Thoughts …
Tags: အဆိုတော် Demi Lovato
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

အဆိုတော် Demi Lovato

ပြန်လည်သက်သာဖို့ အချိန်လိုအပ်သေးတဲ့ အဆိုတော် Demi Lovato

by မစ်ကီ
6 August 2018
5.8k

ပြီးခဲ့တဲ့ ဇွန်လတုန်းက အဆိုတော် Demi ဟာ အရက်စွဲလမ်းမှုကို ဖြတ်တောက်ခဲ့ပုံနဲ့ မိဘတွေကို တောင်းပန်ထားတဲ့ စကားလုံးတွေပါဝင်တဲ့ "Sober" ဆိုတဲ့ သီချင်းတပုဒ်ကို ဖြန့်ချိခဲ့ပါတယ်။

အဆိုတော် Demi Lovato

မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် ဆေးရုံရောက်သွားတဲ့ အဆိုတော် Demi Lovato

by မစ်ကီ
25 July 2018
9.3k

တရားဥပဒေစိုးမိုးရေးအရာရှိတွေကလည်း အသက် ၂၅ နှစ်အရွယ် အဆိုတော် Demi ဟာ ဘိန်းဖြူလွန်ကဲစွာ သုံးစွဲခဲ့မှု အတွက် ကုသမှုခံယူနေရတယ်လို့ TMZ မီဒီယာကို ပြောကြားထားပါတယ်။

Next Post
မကွေးတိုင်း မင်းဘူးမြို့နယ် အိုင်းမ ရေလွှဲဆည် ရေဝင်ရောက်မှု အခြေအနေ / Bowinzawhtun / Facebook

ဆည်တမံ ကျိုးပေါက်မှု မဖြစ်ရန် အာမခံကြောင်း ဆည်မြောင်း ဦးစီး ပြော

Miss Myanmar World 2017 အလှမယ် အိကျော့ခိုင် / ယုဖြူဟန် / ဧရာဝတီ

“International Travel Blogger တယောက် ဖြစ်ချင်တယ်”ဆိုတဲ့ အလှမယ် အိကျော့ခိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate