Entertainment

ကမ္ဘာ့ဖလားဖွင့်ပွဲမှာ ဖျော်ဖြေမယ့် အဆိုတော် Robbie Williams ဝေဖန်ခံနေရ

Want create site? Find Free WordPress Themes and plugins.

ရုရှားနိုင်ငံမှာ မကြာမီကျင်းပတော့မယ့် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖျော်ဖြေဖို့ ဗြိတိန်အဆိုတော် Robbie Williams ရဲ့ ဆုံးဖြတ်ချက်ဟာ ဝေဖန်သူတွေရဲ့ ဆန့်ကျင်မှုနဲ့ ကြုံတွေ့နေရပါတယ်။

အသက် ၄၄ နှစ် အရွယ် အဆိုတော် Robbie ဟာ ရုရှားသမ္မတ Vladimir Putin တက်ရောက်မယ့် ၄ နှစ်တကြိမ် ကျင်းပနေကျ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပါဝင်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေနဲ့ ကမ်ပိန်းလုပ်ဆောင်သူတွေက Robbie ရဲ့ လုပ်ဆောင်ချက်ကို ရှုံ့ချခဲ့ကြပြီး ယူကေနိုင်ငံမှာ ဖြစ်ပွား ခဲ့တဲ့ Skripal အဆိပ်ခတ်ခံရမှုမှာ ရုရှားနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုကို ဆန့်ကျင်ဖို့ ဘောလုံးပြိုင်ပွဲကို သပိတ်မှောက်တဲ့ နေရာမှာ တော်ဝင်မိသားစု၊ အစိုးရအဖွဲ့ဝင်များရဲ့ ဦးဆောင်မှုနောက်ကို လိုက်ဖို့ တိုက်တွန်းလိုက်ကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ Magnitsky တရားမျှတရေးကမ်ပိန်းအကြီးအကဲ Bill Browder က “Robbie Williams ရေ ငွေရှာဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ အသက်ဝိညာဉ်ကို အာဏာရှင်ထံကို ရောင်းချလိုက်ပြီး သူတို့လိုမျိုး မဖြစ်သင့်ပါဘူး။ ခင်ဗျားအစား ကျနော် ရှက်မိတယ်။ ဒီသတင်းစကားဟာ MH17 ပျက်ကျမှုမှာ ပါဝင်သွားခဲ့တဲ့ Sergei Magnitsky, Boris Nemtsov, Anna Politkovskaya, Natalia Estimirova နဲ့ ကျဆုံးလေပြီးတဲ့ ယူကရိန်း စစ်သား ၁ သောင်းကိုယ်စားပြောကြားတာဖြစ်ပါတယ်” လို့ Twitter မှာ ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ လေဘာပါတီလွှတ်တော်အမတ် Stephen Doughty က “လူ့အခွင့်အရေးကမ်ပိန်းတွေနဲ့ LGBT အသိုက်အဝန်းရဲ့ မဟာမိတ်တဦးဖြစ်တဲ့ Robbie Williams လိုမျိုး ကြီးကျယ်တဲ့ ဗြိတိသျှအနုပညာရှင်တဦးက ကမ္ဘာ့ ဖွင့်ပွဲမှာ သီချင်းသီဆိုဖို့ ရုရှားနဲ့ ဖီဖာတို့ထံကနေ ငွေကြေးရယူဖို့ သဘောတူခဲ့တာကို အံ့သြမိပြီး ကြားရတာ စိတ်ပျက်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်ပြီးသူက “ရုရှားဂျက်လေယာဉ်တွေ ဆီးရီးယားမှာ ဗုံးကြဲနေတဲ့အချိန်၊ ရုရှားနိုင်ငံဟာ ဗြိတိန်လမ်းပေါ်မှာ လူတွေကို အဆိပ်ခတ်နေတဲ့အချိန်၊ ချေချင်းညှာဒေသမှာ LGBT လူတွေကို နှိပ်ကွပ်နေတဲ့အချိန်မှာ သူ့ရဲ့ ဖျော်ဖြေမှုကြောင့် ဒီလို ကိစ္စွတွေကို Robbie တယောက်ထုတ်မပြောနိုင်တော့ဘူးဆိုတာ ကျိန်းသေေ ပြာရဲပါတယ်” လို့ ဆိုထားပါတယ်။

ဒါ့အပြင် Robbie ရဲ့ ပရိသတ်တွေကလည်း အခုလိုမျိုး ကမ္ဘာ့ဖလား ဖွင့်ပွဲမှာ ဖျော်ဖြေဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် စိတ်ပျက်မိတဲ့ အကြောင်း တုန့်ပြန် ပြောဆိုနေကြပါတယ်။

Ref: etcanada

Did you find apk for android? You can find new Free Android Games and apps.
Loading