သရုပ်ဆောင် ခိုင်သင်းကြည်က မကြာခင် ရုံတင်ပြသတော့မယ့် စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားကြီးထဲ ဇာတ်ဝင်ခန်း ပြောစကားတချို့ရယ်၊ ကာရိုက်တာနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေကြုံနေရပါတယ်။
သရုပ်ဆောင် ခိုင်သင်းကြည်က ဒီဝေဖန်မှုတွေကဇာတ်ကားကို အစအဆုံးမကြည့်ရသေးတာကြောင့် ဝေဖန်ခံရတာပါ လို့ စာနယ်ဇင်းတွေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားပါတယ်။
စိန်ယောက်မ ဇာတ်ကားနဲ့ ပတ်သက်ပြီး ခိုင်သင်းကြည်က ”ဒါကလေ ယောက်မက လုပ်တာ မဟုတ်ပါဘူး၊ ဒီ Sence ကို နမူနာမှာကြည့်ပြီးတော့ အောက်က ပရိသတ်တွေကလည်း ဝေဖန်ကြပါတယ်။ ရိုင်းတယ်ပေါ့။ “ဒီခေတ်ကြီးမှာ ကိုယ့်ယောကျ်ားနဲ့မှ အိပ်ရမယ်လို့ ဘယ်သူပြောလဲ” ဆိုတာတွေကို မခိုင်လေး အနေနဲ့ မပြောသင့်ဘူးပေါ့။ အဲ့ဒီလို ဝေဖန်မှုတွေကိုလည်း ကြားရတယ်” လို့ ခိုင်သင်းကြည်က ပြောာပါတယ်။
“ပြီးတော့ ကိုယ့်ထက်ကြီးတဲ့လူတွေကို ရိုက်နှက်တဲ့ ပုံစံမျိုးတွေပေါ့နော် ယောက်မက မလုပ်သင့်ဘူးပေါ့ ဆိုပြီး ဝေဖန်ကြတယ်။ အမှန်တကယ်ကတော့ သူတို့ ဇာတ်ကားကို တကားလုံး ဆုံးအောင်မကြည့်ရသေးဘဲနဲ့ ဝေဖန်နေတာ။ တကယ်တော့ ဒီဇာတ်ကားထဲမှာ မခိုင်လေးက ယောက်မ မဟုတ်ဘူး ကိုယ်နဲ့ သဘောမတူဘူးဆိုတော့ နည်းနည်း ပျက်စီး နေတဲ့ မိန်းကလေးသာဆိုရင် ပိုပြီးဆိုးတယ် ဆိုတာကို ပြချင်တဲ့ အနေနဲ့ ဒီဇာတ်ဝင်ခန်းလေးကို ထည့်လိုက်တာပေါ့နော်” လို့ ခိုင်သင်းကြည်က ဆိုပါတယ်။
အကယ်ဒမီ ခိုင်သင်းကြည်ဟာ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းနည်းပေမယ့် လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ယောက်မတွေကိုပြန်ပြောရတဲ့ အခန်းကို သရုပ်ဆောင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါသေးတယ်။
”တကယ်တော့ ယောက်မနေရာမှာ ငှားမယ်ဆိုတော့ ဇာတ်ပို့၊ ဇာတ်ရံ တွေထဲမှာဆိုရင်လည်း မကြီးတို့ကို နှိပ်စက်ရမှာ ဖြစ်တဲ့အတွက် မကြီးတို့ကို မပြောရဲ မဆိုရဲဖြစ်မှာလည်း ဆိုးရတယ်လေ။ ပြီးတော့ မင်းသမီးတန်း မှာဆိုရင်လည်း ဇာတ်ဝင်ခန်း တခန်းတည်းဆိုရင်လည်း လာရိုက်ပေးမှာ မဟုတ်ဘူးဆိုတော့ သူတို့တွေလည်း ဘာလုပ်ရမှန်း မသိဖြစ် နေတာနဲ့ မခိုင်လေးဘဲ ရိုက်ပေးတော့မယ် ဆိုပြီးတော့ နှစ်ကိုယ်လို ခွဲပြီးရိုက်ပေးလိုက်တယ်”
“မှဲ့အတုတွေပါ တွေတပ် ဆံပင်တုတွေပါတွေနဲ့ ကိုယ်ပဲဝင်လုပ်လိုက်တာ။ ရုပ်ရှင်တကားတကားမှာ မထော်မနန်း လေးတွေ တကွက် တကွက်တော့ လုပ်လိုက်တာပေါ့နော်။ သီချင်းဆိုပြီး ကတဲ့အခန်းမှာ မမို့တို့ မကြီးတို့က ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်အောင်ဆိုပြီတော့ ကနေတာ့ သူတို့က ကိုယ့်ကိုရွဲ့ပြီး လုပ်တာဆိုတော့ ကိုယ်က သူတို့ထက် သာအောင် အသကုန်အော်ပြီး အသကုန် ကရတော့တာပေါ့” လို့ ဆိုပါတယ်။
“စိန်ယောက်မ” ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီ ခိုင်သင်းကြည်က အကယ်ဒမီ ပြေတီဦး၊ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာတို့နဲ့ အပြိုင် တွဲဖက်ကာ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဇွန် ၁၅ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသပေးမှာ ဖြစ်ပါတယ်။