သမီးဖြစ်သူနဲ့ တွေ့ဖို့ ငြင်းဆန်တဲ့ One Direction အဖွဲ့ကို ဟိုတယ်အပြင် မောင်းထုတ်ခဲ့တဲ့ Donald Trump
ကမ္ဘာကျော် အမျိုးသားအဆိုတော်အဖွဲ့တခုဖြစ်တဲ့ One Direction အဖွဲ့ဟာ စီးပွားရေးလုပ်ငန်းရှင်ကနေ အမေရိကန် သမ္မတ ဖြစ်လာသူ Donald Trump ရဲ့ သမီးဖြစ်သူကို တွေ့ဆုံဖို့ ငြင်းဆန်ခဲ့တာကြောင့် သူတို့နေထိုင်ရာ ဟိုတယ်ကနေ နှင်ထုတ်ခံခဲ့ရဖူးတဲ့အကြောင်း အဖွဲ့ဝင် Niall Horan က ပြောကြား လိုက်ပါတယ်။
၂၀၁၇ ခုနှစ်မှာ Rollacoaster မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ One Direction အဖွဲ့ဝင်ဟောင်း Liam Payne က Trump ဟာ သူတို့အဖွဲ့ကို သမီးဖြစ်သူနဲ့ တွေ့ဆုံစေလိုပေမယ့် အဖွဲ့ဝင်တွေက ငြင်းဆန်ခဲ့တဲ့အတွက် ဟိုတယ်ပိုင်ရှင်မှ သူတို့ အဖွ့ဲကို ဟိုတယ်ကနေ နှင်ထုတ်ခံခဲ့ရဖူးတဲ့အကြောင်း ပြောကြားထားပါတယ်။
အဖွဲ့ဝင် Niall ကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့၊ လန်ဒန်မြို့မှာ ရိုက်ကူးခဲ့ပြီး တင်ဆက်သူ James Corden နဲ့အတူ ပါဝင်ခဲ့တဲ့ The Late Late Show အစီအစဉ် အထူးအပိုင်းမှာ အဲဒီဖြစ်ရပ်အကြောင်း မေးမြန်းခံခဲ့ရတာ ဖြစ်ပေမယ့် Trump ကိုယ်တိုင်က သူတို့ကို လူကိုယ်တိုင် နှင်ထုတ်ခဲ့တာ မဟုတ်ခဲ့ဘဲ သမီးနဲ့ ဓာတ်ပုံရိုက်ဖို့ အခွင့်အရေးကို ငြင်းဆန်ခဲ့ပြီး နောက် သူတို့ ဆက်နေလို့ မရအောင်လုပ်ပြီး ဘယ်လိုမှ ရွေးချယ်စရာမရှိခဲ့ဘဲ ထွက်ခွာခဲ့ရတာဖြစ်တဲ့ အကြောင်း ပြောပြခဲ့ပါတယ်။
အဆိုတော် Niall က “ကျနော်တို့ဟာ Madison Square ဥယျာဉ်မှာ ဖျော်ဖြေနေခဲ့ကြတာပါ။ ဖျော်ဖြေပွဲကြီး တခု ဖြစ်တဲ့ အတွက် တွေ့ဆုံနှုတ်ဆက်တာမျိုး ကျနော်တို့ မလုပ်ပါဘူးလို့ ပြောပြီးသားပါ။ အဲဒါဟာ ကျနော်တို့ ဘဝမှာ အကြီးဆုံး ဖျော်ဖြေပွဲတခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူ(Trump) က ပြောတယ် မင်းတို့ ငါ့ရှေ့နေရဲ့ သမီးနဲ့အတူ ဓာတ်ပုံ တပုံလောက် တွဲရိုက်နိုင်မလားတဲ့။ ပြီးတော့ သမီးဖြစ်သူ ဆင်းလာရင် ရှုပ်ကုန်မှာစိုးလို့ ကျနော်တို့က မရဘူးဗျ။ ကန့်သတ်ထားလို့ပါ။ ဖျော်ဖြေပွဲမှာ ဘာညာဆိုပြီး ပြောလိုက်ရတယ်” လို့ ဆိုပါတယ်။
သူကဆက်ပြီး “အဲဒါကြောင့် ခင်ဗျားတို့ကို ဂိုဒေါင်ရုံတံခါးကို အသုံးပြုခွင့်မပြုတော့ဘူးလို့ ပြောလာခဲ့ပြီး အရှေ့လှေခါး ထစ်တွေပေါ်မှာပဲ မတ်တပ်ရပ် ဓာတ်ပုံရိုက်ပြီး ဟိုတယ်ကို ပရိုမိုးရှင်းလုပ်ပေးပါ ဆိုလို့ ကျနော်တို့လည်း ထွက်လာ ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အိုင်းရစ်အဆိုတော် Niall ရဲ့ အဆိုအရ အဲဒီဖြစ်ရပ်ဟာ Trump International Hotel & Tower လို့ ယူဆရတဲ့ Central Park နားက ဟိုတယ်မှာ ဖြစ်ပွားခဲ့တာပါ။ ဘယ်အချိန်မှာ ဖြစ်ခဲ့တယ် ဆိုတာကိုတော့ မပြောခဲ့ပေမယ့် နယူးယောက်မြို့ရဲ့ အဲဒီလို အလွန် နာမည်ကျော်ကြားတဲ့နေရာမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတုန်းက ဖျော်ဖြေပွဲ တခုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလဟာ Trump သမ္မတအဖြစ် ရွေးကောက် မခံရမီ ၂ နှစ် အလိုမှာ ဖြစ်ပါတယ်။
အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အဖွဲ့ဝင်ဟောင်း Liam က “ခင်ဗျားတို့ ယုံမှာမဟုတ်ဘူးဗျ။ သူ့သမီးနဲ့ တွေ့ဖို့ အကြောင်းလေ။ သူက ကျနော်တို့ အိပ်နေချိန်မှာ ကျနော်တို့ မန်နေဂျာဆီ ဖုန်းဆက်ခဲ့တယ်။ ပြီးတော့ သူက ကျနော်တို့ကို နှိုးလိုက်လို့ ပြောတယ်” လို့ ပြန်ပြောင်း ပြောပြပါတယ်။
သူ့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး နောက်မှာတော့ Trump က “အိုကေလေ။ မင်းတို့ကို ငါ့ဟိုတယ်မှာ မရှိစေချင်တော့ဘူးဆိုလို့ ကျနော်တို့လည်း ထွက်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref: aceshowbiz