Entertainment

မင်္ဂလာပွဲပြီးနောက်ပိုင်း Meghan Markle အရောင်ငြိမ်တွေပဲ ဝတ်ရတဲ့ အကြောင်းအရင်း

Want create site? Find Free WordPress Themes and plugins.

ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနဲ့ လက်ထပ်လိုက်တဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး Meghan Markle တယောက် လက်ထပ်ပြီး နောက်ပိုင်းမှာ လူထုရဲ့ စိတ်ဝင်စားခြင်းကို ခံစားနေရမှာ အသေအချာပါပဲ။ တော်ဝင် အသိုင်းအဝိုင်းထဲ ဝင်ဖို့အတွက် သူမဘက်က စွန့်လွှတ်လိုက်ရတဲ့ အရာတွေ အများကြီး ရှိနေပါတယ်။ အခု လောလောဆယ်မှာတော့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး လူတွေ စိတ်ဝင်စားနေတဲ့ အချက်ကို ဖော်ပြပေးလိုက်ပါတယ်။

 

 

ပထမပုံမှာဆိုရင် သူမဟာ ပန်းရောင်နဲ့ နို့နှစ်ရောင် ရောစပ်ထားတဲ့ ဝတ်စုံကို ဦးထုပ်၊ လက်ကိုင်အိတ်နဲ့ လိုက်ဖက်ညီစွာ ဝတ်ဆင်ထားတာတွေ့ရမှာပါ။ ဒီဝတ်စုံက မင်းသား ချားလ်ရဲ့ မွေးနေ့ပွဲကို တက်ရောက်တုန်းက ဝတ်ဆင်လာတာပါ။

 

 

ဒုတိယပုံမှာတော့ မင်းသားဟယ်ရီနဲ့ လက်ထပ်ပြီး လူထုနဲ့ တွေ့ဆုံတုန်းက ဝတ်ဆင်လာတာပါ။ အဲဒီတုန်းကလည်း ပန်းရောင်ဖျော့ဖျော့ကို ဦးထုပ်နဲ့ တွဲဖက်ဝတ်ဆင်ထားတာ တွေ့ရမှာပါ။

 

 

နောက်ပုံမှာတော့ မင်းသားဟယ်ရီမပါဘဲ ဘုရင်မကြီးနဲ့အတူ လူထုရှေ့အတူထွက်ပေါ်လာတာဖြစ်ပါတယ်။ ဘုရင်မကြီးက တောက်ပတဲ့ အရောင် ဆင်မြန်းထားပေမယ့် သူမကတော့ သဘာဝအရောင် ဖျော့ဖျော့ကိုသာ ဝတ်ဆင်ထားပါတယ်။

သူမရဲ့ မင်္ဂလာဆောင် မတိုင်ခင်ကဆိုရင် မီဂန်ဟာ အနက်၊ အစိမ်းစတဲ့ အရောင်တွေကို စိတ်ရှိသလို ဝတ်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှ သူမရဲ့ဝတ်ဆင်မှုနဲ့ပတ်သက်ပြီး Stylist ဖြစ်တဲ့ Lucas Armitage က “မီဂန်ရဲ့ ဝတ်ဆင်မှုဟာ ဘုရင်မကြီးကို အရိုအသေပြုလိုမှုတွေ ပါဝင်နေတယ်” လို့ ဆိုပါတယ်။

“ဘုရင်မကြီးထက် ပိုမိုထင်ပေါ်လိုခြင်းမရှိတာကြောင့် မီဂန်ဟာ အရောင်တွေနဲ့ ပတ်သက်ပြီး သတိထားနေတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားထဲက ဆက်ဆံရေးဟာ လေးစားသမှုတွေ ပါဝင်နေပါတယ်”လို့လည်း ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မီဂန်ကတော့ သူမရဲ့ကိုယ်ပိုင် အလင်းရောင်နဲ့ တောက်ပနေမှာဖြစ်ပြီး တော်ဝင်မိသားစုတွေ ကြားမှာ အဆင်ပြေပြေ နေထိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading