• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဓားပြတိုက်ခံရဖူးတဲ့ ပဲရစ်မြို့ဆီကို နောက်တကြိမ် ပြန်ရောက်လာတဲ့ Kim Kardashian တို့စုံတွဲ

by မစ်ကီ
22 June 2018
in Entertainment
A A
Kim Kardashian တို့စုံတွဲ

Kim Kardashian တို့စုံတွဲ

36.8k
VIEWS
Share on FacebookShare on Twitter

နာမည်ကျော်ကြားသူ တယောက်ဖြစ်တဲ့ Kim Kardashian West ဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ ဓားပြတိုက်ခံ ရမှုနဲ့ ကြုံတွေ့ခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ပဲရစ်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်နီး ပါးလောက်က သေနတ်နဲ့ ခြိမ်းခြောက်ခံရပြီး ဒေါ်လာ ၁၀ သန်း တန်ဖိုးနီးပါးရှိ လက်ဝတ်ရတနာတွေ ဓားပြအတိုက်ခံလိုက်ရတဲ့ အသက် ၃၇ နှစ်အရွယ် ရသစုံအစီအစဉ်စတား Kim ဟာ လက်ရှိမှာ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့တော်ကို Paris Fashion Week အတွက် ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
4k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
886
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
619

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်မှာတော့ သူနဲ့ သူ့ခင်ပွန်းဖြစ်တဲ့ Kanye West တို့ဟာ Louis Vuitton ကုန်ပစ္စည်းအမှတ် တံဆိပ်ရဲ့ spring/summer 2019 menswear show မှာ ဖန်တီးမှုဒါရိုက်တာ Virgil Abloh ကို အားပေးဖို့ ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

Kim Kardashian ကတော့ အမေရိကန်ဖက်ရှင် ဒီဇိုင်နာ Abloh ဖန်တီးထားတဲ့ အပြာရောင်ရှပ်အကျီ ဝတ်စုံနဲ့အတူ ဆိုက်လွန် နေကာမျက်မှန်၊ အနက်ရောက်ကိုယ်ကျပ် ဘောင်းဘီတိုနဲ့ ဒေါက်မြင့်ဖိနပ် တို့ကို ဝတ်ဆင်လာခဲ့တာ တွေ့ရပါတယ်။ အဲဒီပွဲ မတိုင်ခင်မှာတော့ သူတို့စုံတွဲနှစ်ဦးဟာ ပွဲကျင်းပရာနေရာ ပြင်ပမှာ ဖက်ရှင်ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာကိုလည်း တွေ့ရပါတယ်။

အခမ်းအနားကျင်းပရာ Parisien Palais-Royal နန်းတော်ထဲဝင်ရောက်ချိန်မှာတော့ သူတို့နှစ်ဦးဟာ ရှေ့ဆုံးတန်းမှာရှိတဲ့ Kylie Jenner ရဲ့ဘေးမှာ နေရာဝင်ယူခဲ့တာကို တွေ့ရပါတယ်။ Kylie Jenner ဟာလည်း ချစ်သူTravis Scott နဲ့ သူငယ်ချင်း Jordyn Woods တို့နဲ့အတူ ပွဲတက်လာခဲ့တာကို တွေ့ရပါတယ်။

တက်ရောက်လာခဲ့တဲ့ အခြားနာမည်ကျော် ပုဂ္ဂိုလ်တွေထဲမှာဆိုရင် မော်ဒယ် Bella Hadid, အဆိုတော် Rita Ora, မော်ဒယ် Naomi Campbell နဲ့ အဆိုတော် Rihanna တို့လည်း ပါဝင်တာကို တွေ့ရပါတယ်။ အဲဒီပွဲပြီးတဲ့နောက် Kim Kardashian က အခုလိုမျိုး စိတ်လှုပ်ရှားဖွယ် ခရီးပြန်ရောက်လာတဲ့အတွက် ပဲရစ်မြို့ကို ကျေးဇူးတင် ကြောင်း Twitter မှာ ရေးသားခဲ့ ပါတယ်။

Kim က “ပိုကောင်းတဲ့ အကြောင်းပြချက်နဲ့ လာနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ L.A မှာ Teyana ရဲ့ ပါတီကို ဆက်သွား ပါမယ်။ တနေ့တည်း နိုင်ငံနှစ်ခုမှာ အတွေ့အကြုံ နှစ်ခုယူပါမယ်” လို့ရေးသားခဲ့ပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ လမှာ ဓားပြတိုက်ခံလိုက်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ပထမဆုံး ထုတ်ပြောခဲ့ပြီး ပြန်စဉ်းစားလိုက်တိုင်း အရမ်းဝမ်းနည်း ရတယ်လို့ ဆိုခဲ့ပါတယ်။ သူက “ဓားပြတွေက ကျမကို အနောက်က ပစ်တော့မလို့လေ။ ထွက်ပြေးစရာလမ်းလည်း မရှိခဲ့ဘူး လေ” လို့လည်း ပြောကြားခဲ့ဖူးပါတယ်။

Ref:etcanada

Your Thoughts …
Tags: Kim Kardashian
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

အဆိုတော် Kanye West

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကိုယ့်ကိုယ်ကိုယ် မဲပေးခဲ့တဲ့ Kanye West

by မစ်ကီ
4 November 2020
5.9k

သူဟာ ဝိုင်အိုမင်းပြည်နယ်၊ Cody မြို့မှာ မဲပေးနေတဲ့အချိန် မဲပြားပေးမှာ သူ့နာမည်သူ ရေးနေတဲ့ဗီဒီယိုကို ရိုက်ကူးပြီး တင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုတော် Kanye West နဲ့ Kim Kardashian

Kim Kardashian ကို ကွာရှင်းဖို့ ကြိုးစားနေကြောင်း Kanye West ပြော

by မစ်ကီ
24 July 2020
5.9k

အဆိုတော် West ဟာ တောင်ကာရိုလိုင်းနားပြည်နယ်၊ Charleston မြို့က လူထုစုရုံးပွဲမှာ သူ့ရဲ့ အမေရိကန် သမ္မတဖြစ်ရေး ကမ်ပိန်းကို စတင်ခဲ့ပြီး တရက်အကြာမှာပဲ အခုလိုဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့တာပါ။

ကဏ္ဍစုံ အစီအစဉ်စူပါစတား Kim Kardashian

ပထမဆုံး အိမ်ထောင်ကျစဉ်အခါက စိတ်ကြွဆေး စွဲခဲ့ဖူးတယ်ဆိုတဲ့ Kim Kardashian

by မစ်ကီ
27 November 2018
9.8k

Kim က “ငါ စိတ်ကြွဆေးစွဲနေတဲ့အချိန် လက်ထပ်ခဲ့တယ်။ ပထမ အကြိမ်ပါ” လို့ သူ ၁၈ နှစ်အရွယ် ၂၀၀၀ ပြည့်နှစ်တုန်းက ဂီတထုတ်လုပ်သူ Damon Thomas နဲ့ ၃ နှစ်ကြာ ပထမဆုံး...

Kim Kardashian ရဲ့ "ကီမိုနို" အတွင်းခံကြော်ငြာ

ဝေဖန်မှုများကြောင့် Kim Kardashian ရဲ့ “ကီမိုနို”အတွင်းခံကို နာမည်ပြောင်းပေးမည်

by မစ်ကီ
2 July 2019
10.3k

Kim က “ကျမရဲ့ အတွင်းခံ ဝတ်စုံနာမည်ကို ကြေညာလိုက်တဲ့အခါ စိတ်ထဲမှာ အကောင်းဆုံး ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ရသစုံအစီအစဉ်စတား Kim Kardashian

သမ္မတ ထရမ့်နဲ့ အလုပ်အတူ တွဲလုပ်ရတဲ့အကြောင်း Kim Kardashian ဖွင့်ဟ

by မစ်ကီ
19 October 2020
11.4k

Kim က “နောက်ထပ် အစိုးရ ၂ ဆက်လောက်အတွက်ကတော့ ကျမဟာ အိမ်ဖြူတော်နဲ့ ဆက်အလုပ်လုပ်နေဦးမှာဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ သူတို့ကို ကူညီပေးနေဦးမှာပါ” လို့ဆိုပါတယ်။

နာမည်ကျော်တဦးဖြစ်တဲ့ Kim Kardashian

ပွဲတက်ဝတ်စုံထဲမှာ ဆီးစွန့်ခဲ့ဖူးတယ်လို့ Kim Kardashian ပြော

by မစ်ကီ
13 September 2019
6.3k

Kim က “ကျမက SKIMS ကို မိတ်ဆက်ခဲ့တယ်။ ပြီးတော့ အဲ့ဒီလိုမျိုး ဝတ်စုံတွေထဲမှာ ကျမ အနေနဲ့ ဆီးစွန့်ဖို့အပေါက် လိုမလားဆိုတာကို ဆွေးနွေးနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Next Post
တရားခံ မျိုးဇော်ဦး / ဧရာဝတီ

FDA ဝန်ထမ်း အမျိုးသမီးကို လုယက်မုဒိမ်းကျင့် သတ်ဖြတ်သူကို သေဒဏ်ချမှတ်

"Declutter My Home" Group ကလည်း Facebook ရဲ့ စမ်းသပ်ဆဲ Subscription Feature ကို ရရှိ အသုံးပြုနေပါတယ်

Group တွေကို လစဉ်ကြေးပေးမှ ဝင်လို့ရမယ့် စနစ်တခုကို Facebook စမ်းသပ်နေ

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate