Entertainment

“ရည်မှန်းချက်က Miss Universe Myanmar တယောက် ဖြစ်လာဖို့” ဆိုတဲ့ အမရာငြိမ်း

Want create site? Find Free WordPress Themes and plugins.

“Miss Myanmar International 2015″ ဆုရရှိထားပြီး Modelling ပိုင်းမှာ လူသိများ၊ ပရိသတ်များ ရရှိထားတဲ့ အလှမယ် အမရာငြိမ်းက” Miss Universe Myanmar 2018 “ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုကာ ခါးနံပါတ် ၃ နဲ့ ဝင်ရောက် ယှဉ်ပြိုင်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အမရာ့ရဲ့ ရည်မှန်းချက်က Miss Universe Myanmar တယောက်ဖြစ်လာဖို့ပေါ့နော်။ ဒါကြောင့် ထပ်ပြိုင်ဖြစ်တာပါ။ အမရာ့ကို လူတွေကသာ သတ်မှတ်ထားတာပါ။ ကိုယ့်ကိုယ်ကိုတော့ သာမန်လူတယောက်လိုပဲ သဘော ထားတယ်။ အနုပညာအလုပ်တွေကို သဘောကျတယ်၊ ချစ်တယ်။ ကိုယ်ဝါသနာပါတယ်။ ဒီလောက်ပါပဲ။ အမရာက အလုပ်တွေ အများကြီးလည်း လက်ခံလေ့မရှိပါဘူး။ Miss Universe Myanmar ကတော့ ကိုယ်တိုင်လည်း အရမ်းဖြစ်ချင်လို့ ကြိုးစားနေပါတယ်”လို့ အလှမယ် အမရာငြိမ်းက ပြောပါတယ်။

အမရာငြိမ်းက ၂၀၁၃ ခုနှစ်ကတည်းက Miss Universe Myanmar ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Top 10 နဲ့သာကျေနပ်ခဲ့ရတာပါ။ အခုဝင်ရောက်ယှဉ်ပြိုင်တဲ့ Miss Universe Myanmar ပြိုင်ပွဲမှာ ဆုရခြင်း၊ မရခြင်းက လက်ရှိ ကိုယ့်ရဲ့ ပုံရိပ်ကို ထိခိုက်မှု ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်ပြီး အမရာငြိမ်းက အခုလို ဆိုပါတယ်။

“Miss Myanmar International 2015 award ရပြီးတဲ့ အချိန်တုန်းက အမရာ့ရဲ့ အလုပ်တွေကို ဂီယာထိုးလိုက်သလိုပဲ။ အားလုံးမြန်မြန်ဆန်ဆန်နဲ့ အလုပ်တွေ အများကြီး လုပ်ရတယ်။လူတွေလည်း အများကြီး ပိုသိလာတယ်။ ဒါကြောင့် ဒီပြိုင်ပွဲပြိုင်မယ်ဆိုတော့ စိုးရိမ်တဲ့သူတွေလည်းရှိတယ်။ဆုမရခဲ့ရင်ရော ဘာဖြစ်မလဲ”

“အခု ကိုယ်ရှိထားတာရော ပျောက်သွားမလားပေါ့။ ဒါပေမယ့် အမရာကတော့ ကိုယ်လုပ်ချင်တာ တခုကို ဇွတ်လုပ်တတ်တဲ့ သူလို့ ပြောရမလား။ လုပ်ချင်တာကိုပဲ အာရုံစိုက်တဲ့သူ ဖြစ်တဲ့အတွက် အမရာကတော့ သိပ်မစိုးရိမ်ပါဘူး။ ကိုယ်ကြိုးစား သလောက်၊ ကိုယ်လုပ်သလောက် ရတယ်ဆိုတဲ့ ယုံကြည်ချက် အမရာ့မှာ ရှိနေတဲ့ အတွက်ပါ”လို့ အမရာငြိမ်းက ဖြေပါတယ်။

ဆက်လက်ပြီး အမရာငြိမ်းက “ဒီပွဲအတွက်တော့ အရမ်း Stress များနေပါတယ်။ အဲဒီအတွက် ပြင်ဆင်မှုတွေလည်း အများကြီး လုပ်နေပါတယ်။ ဒီပွဲကနေ မပြုတ်ချင်တဲ့သူထဲမှာဆို အမရာက ထိပ်ဆုံးပဲလို့တောင် ပြောလို့ရတယ်ပေါ့နော်။ အမရာအခု ဖိလစ်ပိုင်မှာလည်း Training တွေ သွားယူတယ်။ Body Beauty ပိုင်းနဲ့ ပတ်သက်ပြီး သေချာဆော့တယ်။ အလှအပနဲ့ ပတ်သက်ပြီးလည်း အရက်ကထက်ပိုပြီး ထိန်းသိမ်းတယ်။ အတိုင်းအတာတခု အထိတော့ ယုံကြည်မှု ရှိပါတယ်” လို့ ဆိုပါတယ်။

နိုင်ငံတကာ ပြိုင်ပွဲတွေအတွက်ပြုလုပ်တဲ့ Miss ပြိုင်ပွဲတွေမှာလည်း Organization နဲ့ Miss ကြား ပြဿနာမျိုးစုံ ရှိလာ တတ်ပါတယ်။  အမရာငြိမ်းက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တယောက်နဲ့ တယောက်နဲ့က ဘယ် Relationship မှာပဲဖြစ်ဖြစ်Respect ရှိရင်အဆင်ပြေပါကြောင်း၊ တယောက်နဲ့ တယောက် လေးစားမှုမရှိတဲ့ ပြဿနာရယ်၊ တယောက်ပြောတာ တယောက် နားမထောင်တာကြောင့်ဖြစ်ကြောင်း၊ ပြဿနာတွေအကုန်လုံးက အဲဒီကစတယ်လို့ ထင်ကြောင်း ဆိုပါတယ်။

Miss တယောက်အနေနဲ့သာ ရပ်တည်နေတဲ့ အမရာငြိမ်းက သရုပ်ဆောင်မှုအပိုင်းကို ကမ်းလှမ်းလာတာတွေ ရှိပေမယ့် ဝါသနာ မပါတဲ့အတွက် မလုပ်ဖြစ်သေးဘူးလို့လည်း ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading