Entertainment

“တယောက်တည်း ထိုင်ပြီး တွေးနေရတာ ပိုနှစ်သက်တယ်” ဆိုတဲ့ ဒါရိုက်တာ အောင်မြတ်

Want create site? Find Free WordPress Themes and plugins.

ဇာတ်ကားကောင်းတွေ ရိုက်ကူးတတ်သလို Music Video တွေမှာလည်း ပရိသတ်အကြိုက်တွေ့အောင် ရိုက်ကူးတတ်တဲ့ လူငယ် ဒါရိုက်တာ အောင်မြတ်က ဘဝမှာ တခါတလေ တယောက်တည်း နေရတာကို ကြိုက်တယ်လို့ ဆိုပါတယ်။

ချစ်သူရှိပေမယ့် တယောက်တည်း နေချင်တဲ့ အချိန်တွေ ပိုများတယ်လို့ ဆိုပြီး အဲဒီအပေါ်ကိုလည်း ချစ်သူက နားလည်ပေးထားတယ်လို့ ဒါရိုက်တာ အောင်မြတ်က ဧရာဝတီကို ပြောပါတယ်။

“ကျနော်က အေးအေးဆေးဆေးပဲ နေချင်တယ်။ ကျနော်က တယောက်တည်း နေချင်တာက ပိုများတယ်။ တယောက်တည်း နေချင်တာက အလုပ်ကြောင်း တွေးရင် တွေးတယ်။ ဘာမှမတွေးပဲနဲ့လည်း နေချင်နေတဲ့ အချိန်တွေ လည်း ရှိတဲ့အတွက် ကျနော်ကို နားလည်ပေးရတဲ့ အပိုင်းတွေက ပိုများတယ်။ အဲ့လိုလေးနေရတာ ပိုကြိုက်တယ်” လို့ အောင်မြတ်က ဆိုပါတယ်။

လက်ရှိမှာ ချစ်သူရှိပြီး ချစ်သူနဲ့ တယောက်အပေါ် တယောက်နားလည်မှု အပြည့်နဲ့ ရှေ့ဆက်နေတယ်လို့ ဆိုပါတယ်။

“ချစ်သူကို ကိုယ်တိုင်ကလည်း သူကို ဘယ်လောက်ထိ လိုက်ရောပေးနိုင်လဲ ဆိုတာကို အမြဲတမ်း ကိုယ့်ကိုယ်ကို ပြောင်းလဲ ပြီးတော့မှ ယူရပါတယ်။ အမြဲတမ်း ကိုယ်ဖြစ်ချင်တာပဲ ဖြစ်နေလို့မရဘူးလေ။ တဦးနဲ့ တဦး အပြန်အလှန် နားလည်မှုကို အတိုင်းအတာတခုထိ ကျနော်တို့က သတ်မှတ်ပြီးတော့မှ Relationship ကို keep လုပ်ထားပါတယ်” လို့ အောင်မြတ်က ပြောပါတယ်။

အောင်မြတ်က ခရီးသွားရတာကိုလည်း ကြိုက်နှစ်သက်တာကြောင့် ခရီးသွားရင် အေးအေးဆေးဆေး တယောက်တည်း သာနေချင်ကြောင်း ဆိုပါတယ်။

“ခရီးသွားရတာ အရမ်းကြိုက်တယ်။ အချိန်တော်တော်များများမှာ ကျနော်က တယောက်တည်း နေရတာကို ပိုကြိုက်တယ်။ ခရီးတွေ တယောက်တည်း ထွက်တယ်။ အဲ့ဒေသမှာရှိတဲ့အစားအစာတွေ လျှောက်စားတယ်။ တနေရာမှာ ထိုင်ပြီးတော့ တွေးနေရတာကို ပိုနှစ်သက်ပါတယ်” လို့ ဆိုပါတယ်။

ဒါရိုက်တာအောင်မြတ်ဟာ “အနမ်းဝိုင်” ရုပ်ရှင်ကားကြီးလည်း ရိုက်ကူးခဲ့သလို ဒီဇာတ်ကားကြီးနဲ့လည်း ပရိသတ် လက်ခံအားပေးမှု ရရှိထားပါတယ်။ “မနေ့က ဖြစ်သည်” ဇာတ်လမ်းတွဲကို ရိုက်ကူးထားခဲ့တဲ့အပြင် ကြော်ငြာများကိုလည်း ရိုက်ကူးထားပါတယ်။

ဒါရိုက်တာ အောင်မြတ်က လက်ရှိမြန်မာနိုင်ငံမှာလည်း အောင်မြင်တဲ့ လူငယ်ဒါရိုက်တာ တဦးထဲမှာ ပါဝင်တဲ့သူ တဦးလည်း ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading