Entertainment

“ခဏတာ ပေါ်ပြူလာ ဖြစ်တာကို မသာယာကြပါနဲ့” လို့ ဆိုတဲ့ ဒါရိုက်တာ သားညီ

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် လုပ်ကိုင်ရာမှ ဒါရိုက်တာအလုပ်ပါ ပြောင်းပြီး လုပ်ကိုင်နေတဲ့ သားညီက အရင်ခေတ်တုန်းက သရုပ်ဆောင်သစ်တွေ နည်းပါးပြီး ခုခေတ်မှာတော့ သရုပ်ဆောင်သစ်တွေ ထွက်ပေါ်လာချိန် လူသိများတာနဲ့ အောင်မြင်တာကို မခွဲခြားတတ်ဘူး ဆိုပါတယ်။

“အခုဖြစ်တဲ့သူတွေက အရမ်းပေါ့ကြတယ်။ လွယ်လွယ်ကူကူနဲ့ သရုပ်ဆောင်ဖြစ်လာကြတော့ လူသိများတာနဲ့ နာမည်ကြီးပြီး အောင်မြင်တာနဲ့ကို မခွဲခြားတတ်ကြဘူး။ Facebook မှာ လူသိများတယ် အဲ့တာ အောင်မြင်တာ မဟုတ်ဘူး။ လူသိများ တာပဲ ရှိသေးတယ်။ သူ့ရဲ့အနုပညာက ဘာလဲဆိုတာမချပြနိုင်သေးဘဲ တချို့က လူသိများ လာကြတယ်။ အဲ့တာကို တချို့က အောင်မြင်တယ်လို့ ထင်ကြတယ်။ ကျနော် လူငယ်တွေကို ပြောချင်တာ တကယ် ထဲထဲဝင်ဝင် လေ့လာပါ။ ခဏတာ အောင်မြင်မှုတို့ ခဏတာ ပေါ်ပြူလာ ဖြစ်တာကို မသာယာကြပါနဲ့” လို့ သားညီက ပြောပါတယ်။

သားညီက သူ့ကို ဒါရိုက်တာအဖြစ် ဇာတ်ကား ရိုက်ကူးဖို့သာ လာရောက်ငှားရမ်းကြပြီး သရုပ်ဆောင်ဖို့ သိပ်မငှားကြဘူး လို့လည်း ဧရာဝတီကို ဆိုပါတယ်။

“ကျနော်ကို လာကမ်းလှမ်းကြတာ ဒါရိုက်တာပိုင်းကိုပဲ ငှားကြတယ်။ သရုပ်ဆောင် အနေနဲ့ မငှားကြဘူး။ ကျနော့်ကို ဝိတ်ကျရင် ခေါ်ရိုက်မယ်ဆိုတဲ့သူတွေ အများကြီး ရှိပါတယ်။ ကျနော်ကိုက ဝိတ်မချ ဖြစ်သေးပါဘူး”လို့ သားညီက ပြောပါတယ်။

နောက်ပိုင်းမှာ မျိုးဆက်သစ်ဒါရိုက်တာတွေပေါ်ထွက်လာကြပြီး ဇာတ်ကားများရိုက်ကူးလာကြပါတယ်။ မျိုးဆက်သစ် လူငယ်ဒါရိုက်တာများကိုလည်း ပရိသတ်က အားပေးမှုများရှိပြီး ဒီအပေါ်ကို ဒါရိုက်တာသားညီရဲ့ အမြင်ကို အခုလို ဆိုပါတယ်။

“အခုနောက်ပိုင်း ဒါရိုက်တာမျိုးဆက်သစ်လေးတွေ ပေါ်လာတာ အရမ်းကောင်းပါတယ်။ အရမ်းလည်းတော်ကြတယ်။ အခုနောက်ပိုင်းထွက်လာတဲ့သူတွေဆိုရင် တကယ်ကိုစနစ်တကျနဲ့ သီအိုရီနည်းစနစ်ပိုင်းတွေနဲ့ မိုက်တယ်။ ကျနော်တို့တုန်းကဆိုရင် ဘာမှမသိဘဲ တက်လာရတာ။ သူတို့ကိုအားလဲ အားကျပါတယ်။ ကျနော်တို့ထက် အများကြီး တော်တဲ့ လူငယ်တွေ ကြိုးစားကြပါ။ နေရာဖယ်ပေးဖို့လည်း ဝန်မလေးပါဘူးလို့ ပြောချင်ပါတယ်” လို့ သားညီက ဆိုပါတယ်။

သားညီဟာ လက်ရှိမှာတော့ ဇာတ်ကားများစွာကို ရိုက်ကူးနေပြီး သားညီ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲများကိုလည်း ပရိသတ်များ လက်ခံသဘောကျ နှစ်ခြိုက်ကြတာကို တွေ့ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading