Entertainment

မိခင်တယောက်အနေနဲ့ သရုပ်ဆောင်ဦးမယ့် မိတ်ကပ် ခင်စန်းဝင်း

Want create site? Find Free WordPress Themes and plugins.

မိတ်ကပ်ခင်စန်းဝင်းက မကြာခင်ရိုက်ကူးတော့မယ့် ဇာတ်လမ်းတွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေပြီလို့ ဧရာဝတီကို ဆိုပါတယ်။

“မကြီး အခုနောက်ရိုက်မယ့်ကားအတွက် ပြင်ဆင်နေတယ်။ ပြင်ဆင်တယ်ဆိုတာကလေ မကြီးရဲ့မင်းသားက အဲဒီကား ထဲမှာ အဆိုတော်ဆိုတော့ သူကအဆိုသင်တန်းတက်နေတယ်။ မကြီးကသူ့ကိုဒီကားမှာ ကိုယ်တိုင်ဆိုစေချင်လို့လေ” လို့ မကြီးစန်း (ခင်စန်းဝင်း)က ဧရာဝတီကို ပြောပြပါတယ်။

မကြာခင်ရိုက်ကူးမယ့် ဇာတ်ကားမှာပါဝင်ဖို့ ရွေးချယ်ထားတဲ့မင်းသားသစ် သူရိန်က ၉ လပိုင်းမှာ စာမေးပွဲလည်းရှိတဲ့ အတွက် သင်တန်းများအပြီး၊စာမေးပွဲအပြီး ၁၀ လပိုင်းမှာ စတင် ရိုက်ကူးမယ်လို့လည်း သိရပါတယ်။ သရုပ်ဆောင်အသစ်သူရိန်ကို ရွေးချယ်ဖြစ်တာနဲ့ ပတ်သက်ပြီး မကြီးစန်းက အခုလိုပြောပါတယ်။

“မင်းသားက ကိုဂျွန်လွင့် အေဂျင်စီကပဲ။ ကိုဂျွန်လွင်စင်တင်ပေးဖို့ အစီအစဉ်ရှိတဲ့ ကလေးတွေထဲက သူရိန်ဆိုတဲ့ ကောင်လေး။ မကြီးက ဘာလို့ရွေးတာလဲဆိုတော့ သူက ကလေးမျက်နှာနဲ့ Innocent ဖြစ်တဲ့ပုံစံမျိုးလေးရှိတယ်။ ပြီးတော့ သူ့မှာ ဘာအရောင်မှ မရှိသေးဘူး။ Clear ဖြစ်တယ်။ သူက မကြီးရဲ့သားနေရာကနေ သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အပြင်မှာလည်း မကြီးရဲ့သားအရွယ် အနေအထားလေးဖြစ်လို့ သူ့ကိုရွေးချယ်တာပါ”လို့ဆိုပါတယ်။

အခု ရိုက်ကူးမယ့် ဇာတ်လမ်းကတော့ မကြီးစန်းက သူကြည့်ဖူးတဲ့ ယိုးဒယားဇာတ်ကျောရိုးကိုယူပြီး ဇာတ်ညွှန်းကို “ရဋ္ဌ”ကို အပ်ခဲ့တဲ့ဇာတ်လို့ သိရပါတယ်။

“မကြီးကအဲဒီဇာတ်လမ်းလေးကို သူ့ကိုပြောပြလိုက်တော့ သူက အရမ်းFeel ဖြစ်သွားပြီး မျက်ရည်တွေတောင်ဝဲပြီး မကြီးတဲ့ အဲဒီဇာတ်လမ်းကို ကျနော်အမိုက်စားဖြစ်အောင် ရေးပေးမယ်ပေါ့။ ပရိသတ်တကယ်လည်း ကြိုက်မယ်။ မိဘမေတ္တာဘွဲ့ လည်းပေါ်ရမယ်။ မြန်မာပရိသတ်တွေ ရင်ထဲလည်း စွဲနိုင်မယ့် ဇာတ်ညွှန်းမျိုး သူရေးပေးမယ်ပေါ့”လို့ မကြီးစန်းက ပြောပါတယ်။

ဒီကားကို ဒါရိုက်တာစိုးကျော်ဆန်းနဲ့ရိုက်ကူးဖို့စီစဉ်နေပြီး အရှေ့မှာ “မကြီးစန်းနဲ့ သူ၏ချစ်သူများ” ၊” တစ်နေ့မှာ မောင့်ကို အဲဒီအကြောင်းတွေ ပြောပြရဦးမယ်” ဆိုတဲ့ အချစ်ကား၂ ကားရိုက်ကူးထားတဲ့ မကြီးစန်းက ဒီကားမှာတော့ အမေအဖြစ်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

“မကြီးတို့လိုလူမျိုးက မိဘမေတ္တာရှိလို့သာလျှင် ကိုယ်ချစ်တဲ့သူအပေါ်မှာ အောင်မြင်စေချင်တယ်။ တိုးတက်စေချင်တယ်။ အဲဒီစိတ်လေးနဲ့ ပြုစုစောင့်ရှောက်တယ်။ တဖက်ကချစ်ခြင်းမေတ္တာသတ်သတ်၊တစ်ဖက်က အောင်မြင်တိုးတက်စေချင်တာ သတ်သတ်။အဲဒီအပေါ်မှာမှ တန်ဖိုးထားတဲ့သူရှိတယ်။တန်ဖိုးမထားဘဲ စွန့်ခွာသွားတဲ့သူလည်း မကြီးကြုံခဲ့ရတာပဲ။ မကြီးရဲ့ မိတ်ကပ်တပည့်တွေထဲမှာလည်း အဲဒီလိုမျိုးတွေ အများကြီးပါပဲ”

“ဒါပေမယ့် ဆရာသမား၊မိဘဆိုတာမျိုးက စိတ်ကိုတသမတ်တည်း ထားရတာလေ။ ကိုယ့်စိတ်ထဲမှာ မကြည်ရင် မဆက်ဆံရင်သာနေမယ်။ ကိုယ့်ရင်ထဲက မိခင်စိတ်ကတော့ မပြောင်းလဲဘူး၊ ပေးဆပ်ထားတယ်ဆိုကတည်းက မျှော်လင့်ထား တာမျိုး ပြန်ရတာမျိုးလိုချင်ခဲ့တာ မဟုတ်ဘူး။ ကိုယ့်မေတ္တာအပေါ်တန်ဖိုးထားတာပဲ လိုချင်ခဲ့တာဆိုတော့ အဲဒီမေတ္တာ တရား အပေါ်မှာ ၊ ကျေးဇူးတရားအပေါ်မှာ တန်ဖိုးသိနားလည်တဲ့သူ ပေါ်လာပါစေပဲဆုတောင်းရမှာပေါ့” လို့လည်း ဆိုပါတယ်။

မကြီးစန်းက ဇာတ်လမ်း၊ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ မင်းသားအားလုံးကို မီဒီယာများနဲ့ ၉ လပိုင်းလောက်မှာ တွေ့ဆုံနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ဧရာဝတီကိုပြောပြပါတယ်။

ဆက်စပ် သတင်းလင့်ခ်မကြီးစန်းရဲ့ “တစ်နေ့မှ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ်”

Did you find apk for android? You can find new Free Android Games and apps.
Loading