Entertainment

“ဗီဒီယိုကားတွေနည်းလာတော့ ဗီဒီယိုခေတ်ကို လွမ်းတယ်” ဆိုတဲ့ ဇော်ဝင်းနိုင်(မန်း)

Want create site? Find Free WordPress Themes and plugins.

ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ပို့အဖြစ်ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ သရုပ်ဆောင်ဇော်ဝင်းနိုင်(မန်း) က လက်ရှိ ဗီဒီယိုဈေးကွက်လျော့နည်းလာတဲ့အတွက် ဗီဒီယိုလောကပြန်လည်ရှင်သန်စေချင်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ ကျနော်တို့ကလည်း ဗီဒီယိုခေတ်ဦးမှာ စပြီးသရုပ်ဆောင်ဖြစ်တာဆိုတော့ ဗီဒီယိုရိုက်ကူးမှုနဲ့ အသားကျချင်တိုင်း ကျနေပါပြီ၊ လက်ရှိမှာက ဗီဒီယိုမရှိတာတော့ မဟုတ်ဘူး။ ဗီဒီယိုကားတွေနည်းပါးလာတော့ ဗီဒီယိုကိုတော့ လွမ်းတယ်။ ဘာပဲ ပြောပြော ရှိစေချင်တယ်။ ရှိသင့်တယ်ဆိုပေမယ့်လည်း ခေတ်ပေါ်မှာ မူတည်တော့ ကျနော်က ဗီဒီယိုကိုတော့ ရှင်သန်စေချင်တယ် အဲ့လိုလေးတော့ ဖြစ်စေချင်တယ်”

“ အခုလိုဗီဒီယိုဈေကွက်နည်းပါးသွားတော့ အောက်ခြေက အကုန်လုံးအဆင်မပြေကြတော့ဘူး။ အဲ့အတွက် စိတ်လည်း မကောင်းဘူး။ ကျနေ်ာကိုယ်တိုင် ထုတ်လုပ်သူ ဖြစ်နေမယ်ဆိုရင်တောင် ကိုယ်လိုဘဝတူ သရုပ်ဆောင်တွေ အဆင်မပြေဘူး ဆိုရင်တောင်မှ သူတို့ကို ၁ခန်းစ၂ခန်းစခေါ်သုံးဖြစ်တာလောက်ပဲ ရှိကောင်းရှိပါလိမ့်မယ်။ ကားတိုင်းတို့ တကားလုံးတို့ ကတော့ မဖြစ်နိုင်ဘူးလေ”

“အားလုံးကိုတော့ အဆင်ပြေစေချင်တယ်။ အဆင်မပြေဖြစ်လာရင်လည်း အားလုံးက ကြံ့ကြံ့ခံထားပါလို့။ အနုပညာက ဘယ်တော့မှ မတိမ်ကောပါဘူး။ ရဟတ်များလိုပဲ ဘယ်တော့မှအောက်မှာ မနေပါဘူး။ လူတင်တဲ့ အချိန်လေးတော့ ခဏစောင့်ပေါ့နော် ပိုက်ဆံကောက်နေချိန်လေး ခဏစောင့်ပေါ့နော်။ လည်ရင်တော့ အပေါ်ရောက်လာမှာပါလို့” လို့ သရုပ်ဆောင် ဇော်ဝင်းနိုင်(မန်း) ကပြောပါတယ်။

သရုပ်ဆောင်ဇော်ဝင်းနိုင်(မန်း) က လက်ရှိမှာ ပရိသတ်အကြိုက် ဟာသဇာတ်ကားများကို ရိုက်ကူးနေရကြောင်းလည်း ပြောပါတယ်။ လက်ရှိမြန်မာရုပ်ရှင်အပေါ် အမြင်နဲ့ပတ်သက်လို့လည်း ဇော်ဝင်းနိုင်(မန်း) က အခုလို ဆိုပါတယ်။

“ထုတ်လုပ်သူတွေကလည်း ကျောက်ခဲတွေ၊ သဲတွေ ၊ ပုလင်းကွဲတွေ ထုတ်တာမဟုတ်ဘူး။ ငွေထုတ်တာလေ။ ငွေရင်းထားတော့ ငွေလိုချင်တယ်။ ငွေလိုချင်တော့ ပရိသတ်ကြိုက်မယ့်ဇာတ်ကို ရွေးချယ်တယ်။ ရွေးချယ်တော့ ပေါကားတို့ တောကားတို့ဖြစ်လာတယ်”

“လက်ရှိမှာတော့ ကျနော်တို့ ဟာသအရိုက်များနေတယ်။ ဟာသက ဇာတ်လမ်းကမထပ်ဘူး။ ဟာသက အင်မတန်ကို နှစ်သက်တဲ့ ခေတ်လိုကို ဖြစ်နေတယ်။ ဒီခေတ်မှ ပရိသတ်က ကြိုက်နေတာမဟုတ်ပါဘူး။ အရင်တွေထဲက ဟာသကား တွေရှိတယ်။ အဲ့တော့ ပရိသတ်ကြိုက်ဟာသကားတွေ အရိုက်များလာကြတယ်’’ လို့ ပြောပါတယ်။

သရုပ်ဆောင် ဇော်ဝင်းနိုင်(မန်း) က ဟာသကားတွေအရိုက်များနေပေမယ့် ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်တတ်သူတဦးလည်းဖြစ်ပါတယ်။ မကြာခင်ရုံတင်မယ့် “ဝိညာဉ်စိမ်း” ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိမှာတော့ ဒါရိုက်တာကိုပေါက်နဲ့ ဟာသကားတကားရိုက်ကူး နေတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading