Entertainment

“ကံကောင်းလို့ ဇာတ်ကားတွေရိုက်နေရတာပါ” ဆိုတဲ့ K ညီ

Want create site? Find Free WordPress Themes and plugins.

ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ပီပြင်တဲ့ သရုပ်ဆောင် K ညီက ကံကောင်းလို့ ဇာတ်ကားတွေ ရိုက်နေရပေမယ့် ကံကောင်းမလို့ မရိုက်ရတဲ့ အနုပညာလောကသားတွေများစွာရှိနေကြောင်း ဧရာဝတီကို ပြောပါတယ်။

“အခုနောက်ပိုင်းဗီဒီယိုဈေးကွက်က အေးနေပါတယ်။ အဲဒီအတွက်ကြောင့်ကျနော်ကသာ ကံကောင်းလို့ ရိုက်နေရပေမယ့် ကံမကောင်းပဲ မရိုက်နေရသူတွ အများကြီး ဒုက္ခရောက်နေပါတယ်။ ဗီဒီယိုဈေးကွက်ပြန်လည်ဦးမော့လာမှ ကျနော်တို့ ထမင်းစားပေါက်မှန်မှာပါ”

“အခုက မရိုက်ရတာ ဇာတ်ပို့ဇာတ်ရန်တွေရော စက်မှုအလွှာပိုင်းတွေရောပေါ့။ ဘာကြောင့် ဘယ်လိုဖြစ်လဲတော့ နားတော့မလည်ဘူး။ ဗီဒီယို ဈေးကွက်မရှိရင် အသစ်ဆိုတာလည်းရှိဖို့ ခက်ခဲသွားပြီ။ မင်းသားပဲလုပ်လုပ် မင်သမီးပဲ လုပ်လုပ် ဇာတ်ပို့ဇာတ်ရန်ပဲ လုပ်လုပ် ဒီကနေတက်မှ အဆင်ပြေတာလေ။ ရုပ်ရှင်ဇာတ်ကားကြီး စရိုက်တယ်ဆိုရင် သူတို့လည်း အဆင်မပြေဘူး ခက်ခဲတယ်။ ဗီဒီယိုလောက ကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဦးဇင်ဝိုင်းကလည်း ပြန်လည်ပြီး တည်ထောင်နေတယ် ကြားပါတယ်”လို့ K ညီက ပြောပါတယ်။

 

 

အခုနောက်ပိုင်းမှာ ခေတ်တွေ၊ နည်းပညာတွေ တိုးတက်လာတဲ့အတွက် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို အလွယ်တကူ ပြန်ကြည့်လို့ရပြီး ဇာတ်ကားတွေကို ပရိသတ်တွေက ပိုသိလာစေတယ်လို့လည်း K ညီက ဆိုပါတယ်။

“အခုနောက်ပိုင်း အရမ်းကိုတိုးတက်လာတယ်။ အင်တာနက်တွေ၊တီဗီတွေကနေ ကျနော်တို့ကားတွေ ဇာတ်ကား ဟောင်းလေးတွေပြန်ကြည့်လို့ရတယ်။ ကျနော်တို့အတွက် အကျိုးခံစားခွင့်မရပေမယ့် ကျနော်တို့ကို ပရိသတ်ကပိုသိလာစေတယ်ပေါ့နော်။ မဆိုးပါဘူးပေါ့။ ဒီလိုလေးတွေ ပြန်လွင့်တာလည်း ကောင်းတယ်လို့ယူဆ ပါတယ်’လို့ ဆိုပါတယ်။

သရုပ်ဆောင် K ညီက လက်ရှိမှာ ဒါရိုက်တာပြည်ဟိန်းသီဟနဲ့ “Love 2” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးနေပြီး ချစ်စရာသားလေးနှစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုဘဝကိုအတူ ဖြတ်သန်းနေသူတဦးပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading