Entertainment

“အိမ်ထောင်ရေးပြိုကွဲပြီဆိုတာ မဟုတ်ပါဘူး” ဆိုတဲ့ သရုပ်ဆောင်ဖြိုးငွေစိုး

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင်ရာမှာ ကျရာဇာတ်ရုပ်ပီပြင်စွာ သရုပ်ဆောင်နိုင်သလို မိသားစုကိုချစ်တဲ့ သရုပ်ဆောင်ဖြိုးငွေစိုးက အိမ်ထောင်ရေးမှာ နားလည်မှုတွေနဲ့ တည်ဆောက်ထားတယ်လို့ ဆိုပြီး အိမ်ထောင်ရေးပြိုကွဲတယ်ဆိုတဲ့ သတင်းက မဟုတ်ပါဘူးလို့ ဧရာဝတီကို ဆိုပါတယ်။

“ကျနော်ကြိုရှင်းထားတယ်။ အိမ်ထောင်ရေးကလည်း အေးဆေးပါ ။ သားကလည်း အခုဆို အသက် ၄နှစ်လောက်ရှိပြီလေ။ ခက်တဲ့အချိန်ဆိုတော့ ကျန်တာတွေမစဉ်းစားနိုင်ပါဘူးလို့” ဧရာဝတီကိုပြောပါတယ်။

သရုပ်ဆောင်ဖြိုးငွေးစိုးက တလောက Facebook မှာတင်ထားတဲ့ စာသားတချို့ကို ပရိသတ်များက အိမ်ထောင်ရေး ပြိုကွဲတယ်လို့ အထင်အမြင်မှားယွင်းမှုများ ရှိခဲ့ပါသေးတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဖြိုးငွေစိုးက သူရဲ့ ခံယူချက်ကို အခုလိုပဲ ဆိုပါတယ်။

“ကျနော်က စိတ်ရှုပ်မခံဘူး၊ စိတ်ညစ်လည်း မခံဘူး။ အဲ့တော့တခါထဲ ရှင်းရင်ရှင်းမရှင်းရင် နောက်ဘယ်တော့မှမရှင်းနဲ့ တော့ ကျနော်ကအဲ့လိုလူမျိုး။ အဲ့အတွက် အိမ်ထောင်ရေးမှာစိတ်ရှုပ်ရမယ့် ကိစ္စသိပ်မလုပ်ဘူး။ ငယ်ငယ်ထဲက ကျနော်ကလိမ်ပြီး မလုပ်တတ်ဘူး။ ခိုးလုပ်ရင်လည်း ပေါ်တာပဲ”

“အိမ်ထောင်ရေးမှာလည်း မိန်းမ ငါဘယ်သွားမယ် ဘာလုပ်မယ်ပေါ်တင်ပြောတယ်။ မရရင် မလုပ်ဘူး။ ပင်ပန်းလို့။ လူတယောက်နဲ့ တယောက် ပေါင်းရတာအဆင်ပြေတာလည်း ရှိတယ်။ အဆင်မပြေတာလည်း ရှိတယ်။ ဒါပေမယ့် ကျနော်တို့ကမယူခင်ထဲက နားလည်မှုတွေ ယူခဲ့ကြတယ်။ ကျနော်မိဘတွေကို ထိပ်တိုက်မတွေ့နဲ့ အနုပညာအလုပ်ကို အကြံမပေးနိုင်ရင်နေ ထိခိုက်အောင်မလုပ်နဲ့”

“ငွေရေးကြေးရေးကိစ္စနဲ့ ဘယ်တော့မှ ရန်မဖြစ်ချင်ဘူး။ ပိုက်ဆံရှိတာမရှိတာ လူတိုင်းမျာကြုံမှာ အဲ့အတွက်နဲ့ ပြဿနာမလုပ်နဲ့။ အဲ့ပြဿနာက ရှင်းလို့မရဘူး။ လင်မယားနှစ်ယောက်ရန်ဖြစ်တယ်ဆိုတာ အကြောင်းအရာ ရှိတယ်။ အိမ်ထောင်ရေးဖောက်ပြန်လို့ ဖြစ်တာလား၊ အမျိုးတွေကြောင့်ဖြစ်တာလား။ တကယ့်တကယ်စဉ်းစားကြည့်ရင် ကိုယ်တွေ နှစ်ယောက်ကြောင့်ဖြစ်တဲ့ ပြဿနာတော်တော်နည်းတယ်။ ဘေးကကိစ္စတွေကြောင့်ဖြစ်ရတာ ပိုများတယ်။ အဲ့တာကို ကျနော်ကြိုရှင်းထားတယ်” လို့ သရုပ်ဆောင်ဖြိုးငွေစိုးက ဆိုပါတယ်။

အမျိုးသမီးဖြစ်သူ ဇင်ဇင် ကလည်းတချိန်က မော်ဒယ်လောကမှာအောင်မြင်ခဲ့သူတဦးဖြစ်ပေမယ့် အခုချိန်မှာတော့ မိသားစုအတွက်ပဲ အချိန်ပေးပြီး အနုပညာအလုပ်များမလုပ်ကိုင်တော့ဘူးလို့ သိရပါတယ်။ ဖြိုးငွေးစိုးက လက်ရှိ အိမ်ထောင်ရေး အခြေအနေက အေးအေးဆေးဆေးရှိပြီး သားအတွက်ပဲစဉ်းစားနေရလို့ ကျန်တဲ့ကိစ္စတွေ မစဉ်းစား နိုင်ဘူးလို့လည်း ဆိုပါတယ်။

တလောက ဖြစ်ပေါ်ခဲ့တဲ့ အိမ်ထောင်ရေးပြိုကွဲတယ်ဆိုတဲ့ ကောလာဟလအပေါ်ကိုတော့ ဖြိုးငွေစိုးက အခုလိုပဲ ဆိုပါတယ်။

“ကျနော်အဲ့တုန်းက ကျနော်ပြောချင်တာတမျိုး၊ ပရိသတ်တွေနားလည်မှု လွဲသွားတာပါ။ ကျနော်ငယ်ငယ်ထဲက ဆိုးဆိုးဝါးဝါး စွဲစွဲလန်းလန်းလေးတွေလုပ်ခဲ့တာကို ကျနော်ပြောချင်တာပါ။ မကောင်းဘူးဆိုတာသိတယ်။ လမ်းအမှန်ကို ပြပေးမယ့် ဆရာတော်တွေနဲ့တွေ့တယ်။ ဆရာတော်တွေရဲ့အဆုံးအမကို နားထောင်ခဲ့တယ်။ အဲဒီအရာတွေနဲ့ လမ်းခွဲလိုက် ပြီလို့ ဆိုလိုတာပါ”

“ ဒါကို ကျနော်ပြောတာပါ။ ဒါကို တချို့ကကျနော်ကို အိမ်ထောင်ကွဲပြီဆိုပြီး ထင်နေကြတယ်။ မဆိုင်ပါဘူး။ ငယ်တုန်းက မှားခဲ့တာကို ပြန်ပြီးတော့ ဝန်ခံတာပါ” လို့ဆိုပါတယ်။

ဖြိုးငွေးစိုးရဲ့ တဦးသောတည်းသောသားလေးနာမည်က ဂုဏ်ပြည့်စုံဖြိုး ဖြစ်ပြီး သားဖြစ်သူရဲ့ အကျင့်စရိုက် တော်တော်များများကလည်း ဖခင်ဖြိုးငွေစိုးနဲ့တူတယ်လို့လည်းဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading