သရုပ်ဆောင် ဆုမြတ်နိုးဦးက အနုပညာလောကထဲက အနုပညာရှင်တဦးနဲ့ ချစ်သူဖြစ်နေတယ်ဆိုတာ ကောလဟာလ တွေလို့ ငြင်းဆိုလိုက်ပါတယ်။
အချစ်ရေးနဲ့ ပတ်သက်ပြီးလက်ရှိမှာ တယောက်တည်းဖြစ်ပြီး အလုပ်ကိုပဲကြိုးစားဦးမယ်လို့ဆိုပါတယ်။ အနုပညာလောက မှာ ချစ်သူမရှိဘဲ အနုပညာအစ်ကိုတွေသာ ရှိတယ်လို့ ဆိုပါတယ်။
“အနုပညာလောကထဲက တယောက်နဲ့ကြိုက်နေတာက ကောလာဟလတွေပါ။ မြတ်နိုးတို့က အနုပညာမောင်နှမတွေပါ။ မြတ်နိုးက မောင်နှမမရှိဘူး။ အစ်ကိုတွေလည်း မရှိဘူးလေ။ အဖော်အပေါင်းအသင်းလည်း မက်တယ်။ မြတ်နိုးတို့ ခရီးတွေထွက်နေရတာကြောင့် အပြင်သူငယ်ချင်းတွေနဲ့ နည်းနည်းလေးအလှမ်းကွာသွားတယ်”
“မြတ်နိုးအရင်တုန်းက တွဲလာတဲ့ သူငယ်ချင်းတွေကျတော့လည်း သူတို့အလုပ်နဲ့ သူတို့လေ။ အချို့က နိုင်ငံခြားရောက် နေကြတယ်။ ကိုယ်တကယ်စိတ်ချယုံကြည်ပြီးသွားလို့ရတဲ့ အနုပညာအစ်ကိုတွေရှိတယ်။ သူတို့နဲ့ သွားဖြစ်တယ်။ လာဖြစ်တယ်။ ဒါကြောင့်ပိုသိသွားတယ်ထင်ပါတယ်။ မြတ်နိုးအချစ်ရေးကို မစဉ်းစားသေးပါဘူး။ အလုပ်တွေကို ကြိုးစားလုပ်ပါဦးမယ်”လို့ ဆုမြတ်နိုးဦးက ပြောပါတယ်။
ဆုမြတ်နိုးဦးက လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ အမျိုးသမီးရေးရာ ဂုဏ်ပြုပွဲအခမ်းအနားမှာ Show ပွဲမှာ လျှောက်ဖို့ရှိပြီး ဇာတ်ကားများလည်းရိုက်ကူးဖြစ်နေတယ်လို့ ဆိုပါတယ်။
အချစ်ရေးနဲ့ ပတ်သက်လို့ ချစ်သူရွေးဖြစ်ရင်တော့ အရှိကို အရှိအတိုင်းလက်ခံပေးနိုင်မယ့် ချစ်သူမျိုးကိုသာ ရွေချယ်သွားမယ်လို့ ဆိုပါတယ်။
“ချစ်သူကိုရွေးချယ်ရင်တော့ ကိုယ်ကဒါလိုချင်တယ်ဆိုပြီး ဒါရတာမျိုးမဟုတ်ဘူးလေ။ မြတ်နိုးက အဓိကချစ်သူ ရွေးဖြစ်တဲ့အခါ ဘယ်လောကထဲလို့ မဟုတ်ဘဲ မြတ်နိုးကို နားလည်ပေးနိုင်မယ်။ သစ္စာရှိမယ်။ မြတ်နိုးရဲ့ အရှိကို အရှိတိုင်းလက်ခံပေးနိုင်မယ့်သူမျိုးကို ရွေးချယ်မှာပါ”
“မြတ်နိုးက နည်းနည်းဆိုးတယ်။ လုပ်ချင်တာလုပ်တာဆိုတော့ အလိုလိုက်မယ့်သူမျိုး၊ အရှိကိုအရှိတိုင်းလက်ခံပေးနိုင်မယ့် သူမျိုးကို ချစ်သူဖြစ်ရွေးချယ်ချင်ပါတယ်။ မြတ်နိုးချစ်သူရှိလာရင် ပရိသ်ကြီးကို ချပြသွားမှာပါ။ အိမ်ထောင်ပြုဖို့တော့ အစီအစဉ်မရှိသေးပါဘူး”လို့ ဆုမြတ်နိုးဦးက ပြောပါတယ်။
ဆုမြတိနိုးဦးက ဗီဒီယိုဇာတ်ကားများစွာနဲ့ ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူတဦးဖြစ်ပြီး လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။