Entertainment

အရိပ်ဇာတ်ကားမှာ ပေါက်ကျိုင်းဆိုပြီး ပရိသတ်တွေအားပေးလို့ ဝမ်းသာတယ်ဆိုတဲ့ ကျော်ကျော်

Want create site? Find Free WordPress Themes and plugins.

Mrtv-4ကထုတ်လွင့်ပြသနေတဲ့ “အရိပ်” ဇာတ်ကားမှာ မောင်ပေါက်ကျိုင်းဇာတ်ရုပ်နဲ့ ပရိသတ်အသိအမှတ် ပြုခံနေရတဲ့ သရုပ်ဆောင်ကျော်ကျော်က လတ်တလောမှာ ဇာတ်လမ်းတွဲများရိုက်ဖြစ်နေတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“အရိပ် ဇာတ်ကားမှာ ကျနော်ကို အားပေးကြတာ ကျနော် မမျှော်လင့်ထားပါဘူး ။ ကျနော်ရဲ့ဇာတ်ကောင်ကို ဒီလိုအားပေးကြလိမ့်မယ်လို့ မထင်ထားပါဘူး။ ဒါပေမယ့်မမျှော်လင့်ဘဲ ပရိသတ်တွေက အကြိုက်သွားတွေ့တဲ့ အခါကျတော့ အနုပညာ တာဝန်ထမ်းဆောင်ရကျိုးနပ်တာပေါ့နော်။ ပရိသတ်တွေအားပေးတဲ့အတွက် တော်တော် လေးကို ပီတိဖြစ် ဝမ်းသာရပါတယ်။ ကျနော် ပေါက်ကျိုင်းကလည်း အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်”လို့ ဧရာဝတီကို ဆိုပါတယ်။

သရုပ်ဆောင်ကျော်ကျော်က ဇာတ်ကားများရိုက်ကူးမှုမရှိတဲ့အခါမှာ ဘောလုံးအားကစားကို ကစားဖြစ်တယ်လို့လည်း ဧရာဝတီကို ဆိုပါတယ်။ ဘောလုံးအားကစားနည်းကို ဝါသနာပါတဲ့ ကျော်ကျော်က ဘောလုံးကန်ဖြစ်တာနဲ့ပတ်သတ်ပြီး အခုလို ဆိုပါတယ်။

“ကျနော်က ဇာတ်ကားရိုက်ရှိသည် ဖြစ်စေမရှိသည်ဖြစ်စေ ဘောလုံးကန်တော့ မပျက်ဘူး။ တပတ်မှာမကန်ဘူးဆို တပွဲ၂ပွဲကတော့ ပုံမှန်ကန်ဖြစ်တယ်။ နယ်မှာရိုက်တဲ့ ကားတွေဆိုရင်သာ ဘောလုံးကန်တာကိုနားထားတာ ဒါတောင်ဂိုးပေါက်ကျဉ်းကျဉ်းတွေမှာ ကန်နေတုန်းပဲ။ ကျနော်သရုပ်ဆောင်အလုပ်ပြီးရင် တော့ ဘောလုံးကန်တဲ့ အားကစားနည်းကို ဝါသနာအပါဆုံးပါ” လို့ ဆိုပါတယ်။

ကျော်ကျော်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားများ၊ ဗီဒီယိုဇာတ်ကားများနဲ့ ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးနေပြီး ရုပ်သံဇာတ်လမ်းတွဲမှ တဆင့်ပရိသတ်အားပေးမှု ရရှိလာတဲ့သရုပ်ဆောင်မင်းသားတဦးလည်း ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading