Entertainment

'Jumanji 2' ရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ပြသမည်

Want create site? Find Free WordPress Themes and plugins.

“Jumanji: Welcome to the Jungle” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်မှာ ပြသတော့မယ်လို့ သိရပါတယ်။

အဲဒီသတင်းကို Jumanji ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Dwayne Johnson က သူ့ရဲ့ Instagram အကောင့်မှာ ဝေမျှခဲ့တာဖြစ်ပါတယ်။

မင်းသား Johnson က “ကျနော်တို့ရဲ့ ‘Jumanji’ အလံကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ စိုက်ထူမှာဖြစ်ပါတယ်။ ကစားပွဲက မပြီးသေးပါဘူး။ ကျနော်က ‘Jumanji’ ကို နှလုံးသားနဲ့ တရင်းတနှီးသဘောကျမိပြီး တကမ္ဘာလုံးကနေ ဒေါ်လာ ၁ ဘီလီယံနီးပါး ရရှိအောင် လုပ်ပေးခဲ့တဲ့အတွက် ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်”

“ခရစ်စမတ်ကာလမတိုင်ခင်မှာ စွန့်စားခန်းအသစ်နဲ့ ဇာတ်ကောင်အ သစ်တို့ကို ကြည့်ဖို့ မစောင့်စေချင်တော့ပါဘူး။ ထပ်ပြီးတော့လည်း လာမယ့်သီတင်းပတ်မှာ Kevin Hart ရဲ့ နှုတ်ခမ်းကို ရိုက်ရဦးမှာပါ။ ကမ္ဘာကြီးက ပျော်နေကြပါပြီ” လို့ ရေးသားခဲ့ပါတယ်။

၁၉၉၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ မင်းသားကြီး Robin Williams ရဲ့ “Jumanji” ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်း “Jumanji: Welcome to the Jungle” ရုပ်ရှင်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖြန့်ချိခဲ့ပြီး ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ သန်း ၉၆၀ ရရှိခဲ့ပါတယ်။

မင်းသား Johnson အပြင် ဒါရိုက်တာ Jake Kasdan ရိုက်ကူးခဲ့တဲ့ အဲဒီရုပ်ရှင်မှာတော့ သရုပ်ဆောင်တွေအဖြစ် Jack Black, Hart, Karen Gillan, Nick Jonas နဲ့ Bobby Cannavale တို့ပါဝင်ခဲ့ပါတယ်။

Ref:ptinews

Did you find apk for android? You can find new Free Android Games and apps.
Loading