Entertainment

“ကျမက ဘယ်သူနဲ့မှ လက်ထပ်ထားခြင်း မရှိတဲ့ အပျိုကြီးပါ” ဆိုတဲ့ ဒေါ်တူးတူးတင်

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ မေလတွင်းက ဖြစ်ခဲ့တဲ့ သရုပ်ဆောင် ညီဘွားညီရဲ့လူမှုရေး အရှုပ်အရှင်းကိစ္စများဟာ Facebook အသုံးပြုသူများကြားမှာ လူပြောများတဲ့ စိတ်ဝင်စားစရာ သတင်း ဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင်ညီဘွားညီက ဒိန်းမတ်နိုင်ငံမှာ နေထိုင်တဲ့ ဒေါ်ဖြူဖြူတင်(ခ)ဒေါ်တူးတူးတင် နဲ့ လူမှုရေး အရှုပ်အရှင်း ကိစ္စများ ရှိတယ်ဆိုပြီး ခင်ပွန်းဖြစ်သူ ဦးမင်းလွင်တင်က သူရဲ့ Facebook မှာေ ရးသားခဲ့တာကြောင့် ညီဘွားညီနဲ့ ဒေါ်ဖြူဖြူတင် ကိစ္စများကို Facebook အသုံးပြုသူများက သိရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ညီဘွားညီဘက်က ဖြေရှင်းမှုများ ပြုလုပ်ခဲ့ပေမယ့် ဒေါ်ဖြူဖြူတင်(ခ) ဒေါ်တူးတူးတင်ကတော့ မည်သည့် အကြောင်းအရာကိုမှ ဖြေရှင်းခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် အခုအခါမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်ဖြူဖြူတင်(ခ)ဒေါ်တူးတူးတင် အမှန်တရားကို ဖြေရှင်းချင်တယ်ဆိုပြီး ဧရာဝတီနဲ႔ သီးသန့် ဆက်သွယ်ကာ မေးမြန်းမှုများကို ဖြေကြားပေးခဲ့ပါတယ်။

မေး။ ။ အန်တီ ဒေါ်တူးတူးတင်အနေနဲ့ တလောက ထွက်ခဲ့တဲ့ လူမှုရေး အရှုပ်အရှင်း ကိစ္စတွေနဲ့ ပတ်သက်ပြီး အခုချိန်မှာ ဘယ်လိုများ ဖြေရှင်းပြောချင်ပါလဲ။

ဖြေ။ ။ အရင်တည်းက ဦးမင်းလွင်တင်က ယောကျာ်း မဟုတ်ပါဘူး။ အခုလည်း လုံးဝ ပတ်သက်ခြင်း မရှိခဲ့ပါဘူး။ ကျမက ဘယ်နိုင်ငံ၊ ဘယ်ဒေသ၊ ဘယ်မြို့မှာမှ လက်ထပ်ထားခြင်း မရှိတဲ့ အပျိုကြီးပါ။

မေး။ ။ အဲ့တုန်းက ဘာကြောင့် မဖြေရှင်းတာလဲ။

ဖြေ။ ။ အဲ့တုန်းက ကျမ ဆေးရုံတက်နေရတယ်။ မင်းလွင်တင် Facebook မှာ တင်ထားတာလည်း မသိဘူး။ ဆေးရုံကို လာကြတဲ့ မိတ်ဆွေတွေက ပြောကြလို့ ဆေးရုံဆင်းမှသိခဲ့ရတာပါ။ အခုချိန် ဖြေရှင်းရတာက ကျမ ဂုဏ်သိက္ခာလည်း မကျဆင်းတော့ဘူး။ တဖက်သားမှာလည်း နစ်နာမှု မရှိအောင်လို့ ညီဘွားညီတို့ဘက်က နစ်နာသလို ကျမလည်း ဂုဏ်သိက္ခာ ကျဆင်းတယ်။ ရူးမတတ်ခံစား သေမတတ်ဖြစ်နေတာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာကြောင့် ခုမှသက်သာလို့ ဖြေရှင်းရတာပါ။ ဘယ်သူမှတော့ ရန်မလုပ်ပါဘူး။

မေး။ ။ ဦးမင်းလွင်တင်နဲ့က ဘယ်လို ပတ်သက်မှုရှိလဲ။ အဲ့တုန်းက စာချုုပ်စာတမ်းနဲ့ တရားဝင် လက်ထပ်ထားတယ်လို့ သူ့ဘက်က ပြောတယ်။

ဖြေ။ ။ သူနဲ့ကျမ တရားဝင် လက်ထပ်ထားတာလည်း မရှိပါဘူး။ ကျမ မလေးရှားကနေ သူ့ကို ခေါ်လာပဲ ရှိတယ်။ ကျမက ဘယ်နိုင်ငံ၊ ဘယ်ဒေသ၊ ဘယ်မြို့မှာမှ လက်ထပ် မထားပါဘူး။

မေး။ ။ ဦးမင်းလွင်တင်က လက်ထပ်ထားတယ်လို့ ပြောထားတဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ။ ။ ကျမငြင်းပါတယ်။ ဘယ်မှာလဲ စာချုပ်ပြလေ။ ကျမတို့ ပထမတော့ အတူနေကြတာပေါ့။ ဒါပေမယ့် လက်ထပ်ထားတာတော့ မရှိပါဘူး။

မေး။ ။ ဦးမင်းလွင်တင်နဲ့ အန်တီ ဒေါ်တူးတူးတင်တို့ကြားက ဆက်ဆံရေးကရော ဘယ်လိုပုံစုံမျိုးလဲ။

ဖြေ။ ။ ကျမသူနဲ့ ပတ်သက်မှုက လုံးဝ မရှိတော့ပါဘူး။ အရင်ကတော့ ပတ်သက်ခဲ့တာပေါ့။ တခုတော့ ရှိတာပေါ့။ သူ့ကို ဒိန်းမတ်နိုင်ငံကိုခေါ်လာတော့ သူ့ကို ယောကျာ်း အဖြစ်နဲ့ခေါ်လာတော့ ဒိန်းမတ်နိုင်ငံမှာ တရားဝင်တော့ ဖြစ်နေတာပေါ့။

မေး။ ။ ညီဘွားညီနဲ့ရော ဘယ်လိုပတ်သက်မှုမျိုုး ရှိခဲ့တာလဲ။

ဖြေ။ ။ ညီဘွားညီနဲ့လည်း ထူးထူးခြားခြား ပတ်သက်မှု မရှိပါဘူး။ စပြီး ပြဿနာစဖြစ်ကတည်းက အခုချိန်ထိ ပတ်သက်မှု မရှိတော့ပါဘူး။ ဖုန်းပြောဆိုခြင်း၊ စကားပြောခြင်း၊ တယောက်တခွန်း ပြောဆိုခြင်း လုံးဝမရှိပါဘူး။ အခြေအနေက လုံးဝ ပြတ်သွားတဲ့အထိ ဖြစ်သွားပါတယ်။ ညီဘွားညီနဲ့လည်း လက်ထပ်ထားတာ မရှိပါဘူး။ သူနဲ့က အလှူအတန်းတွေ လုပ်တယ်။ ဒီလောက် ပါပဲ။ ကင်းစွာနေနေတဲ့ အချိန်မျိုး ဖြစ်ပါတယ်။

မေး။ ။ ညီဘွားညီက မဟုတ်ကြောင်းငြင်းတယ်။ အန်တီ ဒေါ်တူးတူးတင်ဘက်ကရော ဘာများပြောချင်လဲ။

ဖြေ။ ။ ကျမကလည်း ငြင်းပါတယ်။ ကျမ သိန်း ၁၅၀၀လည်း မပေးခဲ့သလို သူလည်း ပိုင်းလုံး မဟုတ်သလို “ဒုသနသော” မဟုတ်ကြောင်း ကျမပြောချင်ပါတယ်။ ကျမက အပျိုကြီးဖြစ်တဲ့အတွက် ငြင်းဆိုပါတယ်။

မေး။ ။ ဦးမင်းလွင်တင်က Facebook ပေါ်တင်လိုက်တဲ့အခါ လှုမှုပတ်ဝန်းကျင်မှာ ဘယ်လို ရိုက်ခတ်မှုတွေရှိခဲ့လဲ။

ဖြေ။ ။ ညီဘွားညီနဲ့က ကျမ သာသနာရေး အလှူအတန်းအတွက်သာ ပိုက်ဆံ ၁၀ သိန်းလောက် ခဏပို့ပေးခဲ့တာပါ။ စားဝတ်နေရေးအတွက် ပေးခဲ့တာ မဟုတ်ပါဘူး။ သိန်းရာချီပြီးလည်း မပို့ပေးခဲ့ပါဘူး။ ဒါနဲ့ပတ်သက်လို့ “WESTERN UNION ဘဏ်ကို စစ်ကြည့်ရင် သက်သေရှိပါတယ်။ ကျမက ဇီးစေ့လောက်ပေးပြီး ညီဘွားညီက ဇီးပင်ကြီးလောက် လှူဒါန်းပေးသူပါ။ ဘာမှ မသိလည်း မတရား စွပ်စွဲတဲ့အတွက် ကျမက ငြင်းဆိုပါတယ်။ ကျမက အလှူအတန်းကို ဦးစားပေးသူမို့ထပ်ပြီး အခါခါ ငြင်းဆိုပါတယ်။

မေး။ ။ အန်တီဒေါ်တူးတူးတင်နဲ့ ညီဘွားညီနဲ့ ခရီးတွေသွားခဲ့တယ်ဆိုတဲ့ ကိစ္စကရော…။

ဖြေ။ ။ အဲ့တာ သူက အန်တီကို တွေ့တွေ့ချင်း တုန်ချိပြီး အိုနေတော့ အမေလိုပဲ ဆက်ဆံမယ်လို့ သူပြောတော့ ကျမကလည်း ကောင်းပြီးအမေလိုပဲ ဆက်ဆံပါ။ ကျမကလည်း သားလိုပဲ ဆက်ဆံမယ်ဆိုပြီး သူတို့ရုပ်ရှင်အဖွဲ့တွေနဲ့ ဘုရားဖူး လိုက်သွားတာပါ။ မိန်းကလေးသပ်သပ်၊ ယောကျာ်းလေးသပ်သပ် နေကြတာပါ။ အမေနဲ့ သားနဲ့လို ဆက်ဆံခဲ့ပါတယ်။

မေး။ ။ ဒီလို အွန်လိုင်းမှာရေးသားလိုက်တဲ့ ဦးမင်းလွင်တင်ကိုရော တရားစွဲဖို့ရှိမလား။

ဖြေ။ ။ တရားလည်း မစွဲပါဘူး။ တရှက်ကနေ နှစ်ရှက် မဖြစ်စေချင်ဘူး။ အေးအေးဆေးဆေးပဲ နေချင်ပါတယ်။

မေး။ ။ လက်ရှိမှာရော အန်တီဒေါ်တူးတူးတင်အနေနဲ့ ဘာတွေများလုပ်နေပါလဲ။

ဖြေ။ ။ လက်ရှိမှာတော့ဒိန်းမတ်မှာ နွေရာသီမလို့ ဘာမှ မလုပ်ဘဲ အေးဆေးစွာ အနားယူနေပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ“ညီဘွားညီရဲ့ အမျိုးသမီး ကွယ်လွန်သွားပြီ”လို့ ညီဘွားညီရဲ့ အဒေါ်ပြော

ညီဘွားညီရဲ့ ရုပ်သံအင်တာဗျူး ဖြေဆိုမှုအပေါ် ဦးမင်းလွင်တင်မှ ပြန်လည် တုံ့ပြန်ရေးသား

 

Did you find apk for android? You can find new Free Android Games and apps.
Loading