Entertainment

၂၀၁၈ ခုနှစ်အတွင်း ရုံဝင်ငွေ ရူပီး ကုဋေ ၁၀၀ ကျော်ရရှိထားတဲ့ ဘောလိဝုဒ် ရုပ်ရှင်များ

Want create site? Find Free WordPress Themes and plugins.

ဘောလိဝုဒ်မင်းသား Ranbir Kapoor ပါဝင်သရုပ်ဆောင်ထားတဲ့ Sanju ရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ် အတွင်းမှာ ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ရူပီ ကုဋေ ၁၀၀ ကျော် သွားခဲ့တဲ့ ရုပ်ရှင်စာရင်းထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာပဲ ရုံဝင်ငွေ ရူပီ ကုဋေ ၁ဝ၀ ကို ရရှိခဲ့ပြီး ဖြစ်တဲ့ ရုပ်ရှင်တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

(၁) “Padmaavat” – ရူပီ ၃၀၂ ဒဿမ ၁၅ ကုဋေ

မင်းသမီး Deepika Padukone, မင်းသားတွေဖြစ်ကြတဲ့ Ranveer Singh နဲ့ Shahid Kapoor တို့ ပါဝင်သရုပ်ဆောင် ထားကြတဲ့ အဲဒီရုပ်ရှင် ၂၀၁၈ ခုနှစ်ကို အပေါင်းလက္ခဏာ ဆောင်တဲ့ အခြေအနေတွေနဲ့ စဖွင့်လိုက်တာ ဖြစ်ပါတယ်။

ဒါရိုက်တာ Sanjay Leela Bhansali ရဲ့ ဖန်တီးမှုတွေထဲမှာတော့ ရုံဝင်ငွေ ရူပီး ကုဋေ ၁၀၀ ကို ကျော်လွန်နိုင်ခဲ့တဲ့ ရုပ်ရှင်တခုလည်း ဖြစ်ပါတယ်။ ပထမဆုံး ရုံတင်တဲ့ သီတင်းပတ်ကုန်ပိုင်း မှာတော့ ရုံဝင်ငွေ ရူပီး ၁၆၆ ဒဿမ ၅ ကုဋေ ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အိန္ဒိယ တနိုင်ငံတည်းမှာပင် ရူပီး ကုဋေ ၃၀၂ ဒဿမ ၁၅ ရရှိခဲ့ပြီး ဖြစ်ပါတယ်။

(၂) “Race 3” – ရူပီး ၁၆၄ ဒဿမ ၇၉ ကုဋေ

Eid ပွဲတော်ကာလမှာထွက်ရှိခဲ့တဲ့ မင်းသား Salman Khan ရဲ့ Race 3 ရုပ်ရှင်ကတော့ ရုံဝင်ငွေ စာရင်းမှာ တာထွက် ကောင်းခဲ့ပါတယ်။

ဒါရိုက်တာ Remo D’Souza ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်မှာဆိုရင်မင်းသား Salman နဲ့အတူ Anil Kapoor, Bobby Deol, Jacqueline Fernandez, Daisy Shah, Saqib Saleem နဲ့ Freddy Daruwala တို့က ပါဝင် သရုပ်ဆောင်ထား ကြပါတယ်။ Race ရုပ်ရှင်စီးရီးရဲ့ တတိယမြောက် ဇာတ်လမ်းဟာ အိန္ဒိယမှာ ရုံဝင်ငွေ ရူပီး ၁၆၄ ဒဿမ ၇၉ ကုဋေ ရရှိခဲ့ပြီး ဖြစ်ပါတယ်။

(၃) “Baaghi 2” – ရူပီး ၁၆၄ ဒဿမ ၃၈ ကုဋေ

မင်းသား Tiger Shroff နဲ့ မင်းသမီး Disha Patani တို့ရဲ့ အက်ရှင်ဒရမ်မာရုပ်ရှင်ကတော့ ရုံဝင်ငွေ စာရင်းမှာ အင်အား ကောင်းကောင်းနဲ့ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကို ဖျော်ဖြေပေးခဲ့ နိုင်ရုံသာမက ရူပီး ၁၆၄ ဒဿမ ၃၈ ကုဋေ ရရှိထားပါတယ်။

(၄) “Raazi” – ရူပီး ၁၂၃ ဒဿမ ၄၇ ကုဋေ

မင်းသား Vicky Kaushal နဲ့ မင်းသမီး Alia Bhatt တို့ရဲ့ ကုန်ကျငွေနည်းပါးခဲ့တဲ့ ရုပ်ရှင်ဟာ ရူပီး ကုဋေ ၁၀၀ ကို ကျော်လွန်ခဲ့တဲ့ ရုပ်ရှင်တခုလည်း ဖြစ်ပါတယ်။

(၅) “Sonu Ke Titu Ki Sweety” – ရူပီး ၁၀၈ ဒဿမ ၉၅ ကုဋေ

ဒါရိုက်တာ Luv Ranjan ရိုက်ကူးပြီး Kartik Aaryan, Nushrat Bharucha နဲ့ Sunny Singh တို့ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကတော့ ဖြန့်ချိပြသအပြီး စတုတ္ထမြောက်သီတင်းပတ်မှာပဲ ရူပီးငွေ ကုဋေ ၁၀၀ ကျော်ခဲ့ပါတယ်။

(၆) “Raid”– ရူပီး ၁၀၃ ဒဿမ ၀၇ ကုဋေ

မင်းသား Ajay Devgn ဟာ အိန္ဒိယရုပ်ရှင်ရုံဝင်ငွေ စာရင်းမှာ ရူပီးငွေ ၁၀၃ ဒဿမ ၀၇ ကုဋေ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါရိုက်တာ Raj Kumar Gupta တို့ ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်တွေ အဖြစ် Ileana D’Cruz နဲ့ Saurabh Shukla တို့ ပါဝင်ထားကြပါတယ်။

(၇) “Sanju” – ရူပီး ၁၂၀ ဒဿမ ၀၆ ကုဋေ

“Sanju” ရုပ်ရှင်ကတော့ အညွှန်းကောင်းကောင်း ရရှိပြီး သူ့ကိုယှဉ်ပြိုင်မယ့် ရုပ်ရှင်လည်း မရှိခဲ့ပါဘူး။ ရုံဝင်ငွေ ရူပီး ကုဋေ ၁၀၀ ကျော် သွားခဲ့တဲ့ နောက်ဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ်။

မင်းသား Ranbir Kapoor ပါဝင်ထားတဲ့ ရုပ်ရှင်ကတော့ ၃ ရက်အတွင်းမှာပဲ ရူပီးငွေ ၁၂၀ ဒဿမ ၀၆ ရရှိထား ပြီဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အဖြစ် Paresh Rawal, Vicky Kaushal, Manisha Koirala, Dia Mirza နဲ့ Anushka Sharma တို့ ပါဝင်ထားကြပါတယ်။

Ref: indianexpress

Did you find apk for android? You can find new Free Android Games and apps.
Loading