Entertainment

“ကွဲကွာနေတဲ့ မိသားစုကို လွမ်းနေပါတယ်” ဆိုတဲ့ ကျော်ဇင်ထွဋ်

Want create site? Find Free WordPress Themes and plugins.

ဗီလိန်ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်မှုများတဲ့ ကျော်ဇင်ထွဋ်က ဒီလို အကျင့်မကောင်းတဲ့ ဇာတ်ရုပ်တွေ အရိုက်များတဲ့အတွက် သူရဲ့ မိသားစုပြိုကွဲရတယ်လို့ ထင်မိကြောင်းဆိုပါတယ်။

“ကျနော်က ဇာတ်ကားတွေမှာ အကျင့်မကောင်းတာတွေ ရိုက်လို့များ မိသားစုလေး ပြိုကွဲရတာလားလို့ ထင်တယ်။ နောက်ဆို ဇာတ်ကားရိုက်ဖို့ ကန်ပွဲပေးရင် သေချာတောင်းပန်ပါမယ်။ ပီပြင်အောင် ဇာတ်ကားရိုက်လို့သာ စိတ်ကထည့်ပြီး လုပ်လို့သာ တကယ်ကို လုပ်ချင်စိတ်နဲ့ လုပ်သလိုမျိုးဖြစ်နေတော့ ကျနော်ပီပြင်အောင်သာလုပ်တာပါ”

“ကျနော်နောက်ဆို သေချာတောင်းပန်မယ်။ ကျနော်တောင်းပန်တာတွေက ပေါ့လို့လားမသိဘူး။ နောက်ဆို သေချာတောင်းပန်မှဖြစ်မယ်။ ဇာတ်ကားတွေထဲမှာသူများကို စိတ်ဆင်းရဲအောင် လုပ်လို့လား မသိဘူး။ ကျနော်စိတ်ဆင်းရဲ နေရတယ်”လို့ သရုပ်ဆောင် ကျော်ဇင်ထွဋ်က ပြောပါတယ်။

ကျော်ဇင်ထွဋ်က သမီးလေးနှစ်ယောက် ဖခင်တဦးဖြစ်ပြီး မကြာခင်သေးကပဲ မိသားစု ပြိုကွဲသွားတဲ့အတွက် သမီးတွေနဲ့လည်း တွေ့ခွင့်မရဘူးလို့ သိရပါတယ်။ မိသားစုနဲ့ ပတ်သက်ပြီးလည်း သူရဲ့ ခံစားချက်ကို အခုလို ဆိုပါတယ်။

“ဒီတခေါက် သူ့အမေအိမ်ပြန်ရောက်သွားတယ်ဆိုတော့လည်း အဲ့ဒီ စိတ်ကလေးတွေ သူတို့မှာ မကြည်တာ ကျန်လားမသိပါဘူး။ လောလောဆယ်တော့ ကျနော့်မိန်းမက စိတ်ဆိုး မပြေသေးဘူး ဆိုပြီးတော့ ဖုန်းလေးတောင် အဆက်အသွယ် မရပါဘူး။ စကားလည်း ပေးမပြောပါဘူး လူချင်း တွေ့ဖို့ဆိုတာ ဝေးသာဝေးပေါ့”

“ကလေးကိုလည်း ကျောင်းထုတ်ဖို့လုပ်နေတယ်။ ကျနော် သဘောမတူဘူးတော့ ကန့်ကွက် ထားပါတယ်။ သူဆင်းသွားတာ သူ့အမေအိမ်ဖြစ်နေတယ်။ မိန်းမနဲ့ ကလေးတွေကို စိတ်တို နေရင်တောင် ဖျောင်းဖျပေးကြပါလို့ ပြောချင်ပါတယ်။ ကျနော် ဆုတောင်းနေပါတယ်။ စိတ်ကောက်နေတဲ့ မိန်းမကို ချော့ရမှာသိတယ်။ ချော့ခွင့်တောင် မရဘူး။ ကျနော် လွမ်းနေပါတယ်လို့။ ပရိသတ်တွေကလည်း စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

ကျော်ဇင်ထွဋ်ရဲ့ မိသားစုအခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရော၊ အနုပညာ ညီအစ်ကို မောင်နှမတွေကပါ စိတ်မကောင်းဖြစ်နေကြတာကို တွေ့ရပါတယ်။ ကျော်ဇင်ထွဋ် ကိုယ်တိုင်ကလည်း မိသားစုနဲ့ ဝေးကွာခဲ့ရတဲ့ အတွက် ပူဆွေးသောက ရောက်နေတယ်လို့လည်း ဆိုပါတယ်။

သရုပ်ဆောင် ကျော်ဇင်ထွဋ်က ရုပ်ရှင်ဇာတ်ကားနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လူကြမ်း၊ ဗီလိန် တယောက်လို သရုပ်ဆောင်တာများပြီး ပရိသတ် မုန်းတီးအောင် ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင် တဦးလည်း ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading