Entertainment

ဧရာဝတီသတင်းဌာန ၂၅ နှစ်ပြည့်အတွက် အလှမယ် အမရာငြိမ်းရဲ့ ဆုတောင်းစကား

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီသတင်းဌာန၏ ၂၅နှစ်မြောက်အထိမ်းအမှတ် နှစ်ပတ်လည်နှင့် ပတ်သက်ပြီး ၂၀၁၅ ခုနှစ်က “Miss Myanmar International 2015” ဆု ရရှိထားပြီး မကြာသေးမီ အချိန်ကလည်း “Miss Universe Yangon East 2018” ဆု ရရှိထားတဲ့ အလှမယ် အမရာငြိမ်းရဲ့ ဆုတောင်းစကားကို ဖော်ပြပေးလိုက်ပါတယ်။

“ပရိသတ်အတွက် သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ ဧရာဝတီသတင်းဌာန ရှေ့ဆက်ပြီးတော့ လည်း အများကြီး အောင်မြင်ပါစေ” လို့ Miss Universe Yangon East 2018 အလှမယ် အမရာငြိမ်းက ဧရာဝတီ အတွက် ဆုတောင်းပေးပါတယ်။

အသက် ၂၄ နှစ် အရွယ်၊ အလှမယ် အမရာငြိမ်းကတော့ ၂၀၁၅ ခုနှစ်မွာ Miss Myanmar International ဆုကို ရရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တယောက်အနေနဲ့ ဂျပန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲပြီး မကြာသေးခင် အချိန်ကလည်း Miss Universe Myanmar 2018 အလှမယ်ရွေးချယ်ပွဲမှာ ရန်ကုန်ကိုယ်စားပြု အလှမယ်တယောက် အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

အလှမယ် တယောက်အနေနဲ့ မီဒီယာဟာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ပြီး အကျိုးသက်ရောက်မှုရှိလဲ ဆိုတဲ့ အချက် ကိုလည်း အခုလိုပဲ ပြောပြထားပါတယ်။

“မီဒီယာရဲ့ Supporting မပါဘဲနဲ့ အနုပညာသမားတယောက်က ဘယ်လောက်ပဲတော်တော် ပရိသတ် အရှေ့ကို ရောက်လာဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။အရင်ကတော့ ဂျာနယ်တွေရှိတယ်။ အခုကတော့ အွန်လိုင်းမီဒီယာပေါ့နော်။ အွန်လိုင်းမီဒီယာသည် အရမ်းကို အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်” လို့ အမရာငြိမ်းက ဆိုပါတယ်။

ဧရာဝတီသတင်းဌာနကို ၁၉၉၃ခုနှစ် စတင်တည်ထောင်ခဲ့ပါတယ်။ ထိုအချိန်မှ စတင်ပြီး ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် မြန်မာနှင့် အရှေ့တောင်အာရှရေးရာ သတင်း ၊ သတင်းဆောင်းပါး၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာ့ အာဘော်များဖြင့် စာဖတ်ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာနဖြစ်လာခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading