• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Baahubali ရုပ်ရှင်အကြိုဇာတ်လမ်း “Shivagami” ကို Netflix က ရိုက်ကူးထုတ်လုပ်မည်

by မစ်ကီ
5 July 2018
in Entertainment
A A
Baahubali ရုပ်ရှင်ဇာတ်ကားကြီး  / SouthColors

Baahubali ရုပ်ရှင်ဇာတ်ကားကြီး / SouthColors

5.2k
VIEWS
Share on FacebookShare on Twitter

Baahubali ဇာတ်လမ်းဟာ ရုပ်ရှင်ပိတ်ကားအထက်မှာ ပြီးဆုံးခဲ့ပေမယ့် အခုတော့ Mahishmati မြို့ရဲ့ ဇာတ်ကောင်တွေအကြောင်း တဖန် ပုံဖော်ရိုက်ကူးဦးမှာ ဖြစ်ပါတယ်။

Baahubali စီးရီးရုပ်ရှင်ထဲမှာ ဘုရင်မကြီး Shivagami အဖြစ် မင်းသမီး Ramya Krishnan က ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အခုတော့ အွန်လိုင်း ရုပ်ရှင်ကြည့် ဝက်ဘ်ဆိုက်ဖြစ်တဲ့ Netflix ကတော့ “Shivagami” လို့အမည် ပေးထားတဲ့ Baahubali မတိုင်မီ ဖြစ်ရပ်အခြေအတည် ဇာတ်လမ်းတွဲကို ရိုက်ကူးတော့မှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
923
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
366
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
455

အဲဒီဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာတွေ ဖြစ်ကြတဲ့ SS Rajamouli နဲ့ Deva Katta တို့က ပူးတွဲ ရိုက်ကူးကြမှာ ဖြစ်ပါတယ်။ “Shivagami” ဇာတ်လမ်းတွဲကို ရိုက်ကူးကျစရိတ်များများနဲ့ တတိယ Season အထိ ရိုက်ကူးမှာ ဖြစ်ပါတယ်။

Telugu ဒါရိုက်တာ Deva Katta ကတော့ “Baahubali စီးရီးဟာ ထူးခြားတဲ့ ဇာတ်ကြောင်းပြောပုံစံနဲ့ ကြီးမားတဲ့ ရိုက်ခတ်မှုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခုအကြို ဇာတ်လမ်းကတော့ Baahubali ပရိသတ်တွေကို စိတ်လှုပ်ရှားစေလိမ့်မယ်လို့ ကတိပေးပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ပါဝင်ရတာနဲ့ Sir Rajamouli နဲ့ အလုပ်အတူ တွဲလုပ်နိုင်တာကို ဂုဏ်ယူမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လောလောဆယ် ဒါရိုက်တာ Deva ကတော့ ၂၀၁ဝ ခုနှစ်မှာ နာမည်ကျော်ကြားခဲ့တဲ့ Telugu ရုပ်ရှင် Prasthanam ကို ဟင်ဒီစကားပြောနဲ့ ပြန်လည်ရိုက်ကူးနေပါတယ်။ အဲဒီသည်းထိတ်ရင်ဖို နိုင်ငံရေး ရုပ်ရှင်နဲ့အတူ သူဟာ ဘောလိဝုဒ် အနုပညာလောကထဲကို စတင်ဝင်ရောက်မှာလည်း ဖြစ်ပါတယ်။

“Prassthanam” ရုပ်ရှင်မှာတော့ Sanjay Dutt, Jackie Shroff နဲ့ Manisha Koirala တို့ ပါဝင်ထားကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက Lucknow မြို့မှာ စတင်ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

Baahubali: The Conclusion ရုပ်ရှင်မဖြန့်ချိမီမှာ ပရိုးမိုးရှင်းတစိတ်တပိုင်းအနေနဲ့ “The Rise of Sivagami” လို့အမည်ရတဲ့ သမိုင်းနောက်စံ စိတ်ကူးယဉ် ဝတ္ထုကိုလည်း ဒါရိုက်တာက ဖြန့်ချိခဲ့ပါ သေးတယ်။

စာရေးဆရာ Anand Neelakantan က ရေးထားတဲ့ အဲဒီဝတ္ထုထဲဟာ “Baahubali: Before the Beginning” ရုပ်ရှင်ထဲက ဖြစ်ရပ်မတိုင်ခင် ကာလကို ဇာတ်အိမ်တည်ထားပြီး ရုပ်ရှင်စီးရီးရဲ့ အကြိုဇာတ်လမ်းဖြစ်ပါတယ်။ အဲဒီဝတ္ထုကို အင်္ဂလိပ်၊ ဟင်ဒီ၊ တမီးလ်၊ Telugu ဗားရှင်းတွေနဲ့ ဖြန့်ချိခဲ့ပါတယ်။

Ref: indianexpress

Your Thoughts …
Tags: Baahubali ရုပ်ရှင်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

No Content Available
Next Post
သတင်းထောက်များနှင့် တွေ့ဆုံနေသည့် ဒေါက်တာ မျိုးညွှန့် / ထက်နိုင်ဇော် / ဧရာဝတီ

"ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူဖို့ ဘယ်တုန်းကမှ ညွှန်ကြားခဲ့တာ မရှိဘူး"

ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိမည့်အပေါ် ကန့်ကွက် ဆန္ဒပြသူများ  / KNIC / Facebook

လွိုင်ကော်မြို့ ဗိုလ်ချုပ်ရုပ်တုကိစ္စ ဆက်တိုက် ကန့်ကွက်မည်ဟုဆို

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate