• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ကျနော်က အပြင်မှာ ချစ်ဖို့ကောင်းပြီး ရည်းစား မများတတ်ပါဘူး” ဆိုတဲ့ ရွှေထူး

by မန်းသူ
5 July 2018
in Entertainment
A A
အဆိုတော် သရုပ်ဆောင် ရွှေထူး  / မန်းသူ

အဆိုတော် သရုပ်ဆောင် ရွှေထူး / မန်းသူ

33.6k
VIEWS
Share on FacebookShare on Twitter

သီချင်း အဆိုပိုင်းမှာလည်းအောင်မြင်ကာရုပ်ရှင်ကားကြီးတွေလည်း ဆက်တိုက်ရိုက်နေရတဲ့ အဆိုတော် ရွှေထူးက သီချင်းပရိသတ်တွေအတွက် သီချင်းတွေ အသင့်ရှိနေပြီး ဂီတနဲ့ ပတ်သက်လို့လည်း လှုပ်ရှားမှုတွေရှိနေပါတယ်။

မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ ရွှေထူးရဲ့ အချစ်ရေးကိုလည်း ပရိသတ်များက စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်ရွှေထူးရဲ့ အချစ်ရေး၊ လက်ရှိအနုပညာလှုပ်ရှားမှုအကြောင်းနဲ့ လက်ရှိ ခံစားချက်များကို အနုပညာ သတင်းထောက် မန်းသူက အဆိုတော် ရွှေထူးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
3.8k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
874
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
613

မေး။ ။ ရွှေထူးက အဓိက အဆိုတော်လုပ်ရင်းနဲ့ သရုပ်ဆောင်နေတာဆိုတော့ သရုပ်ဆောင်အတွက် သီးသန့် လေ့ကျင့်မှုအချိန်က ဘယ်လိုရှိလဲ။

ဖြေ။ ။ အိမ်မှာတော့ လေ့ကျင့်ဖြစ်တယ်။ အဓိက ရုပ်ရှင်ကြည့်ဖြစ်တာပေါ့နော်။

မေး။ ။ “ဧည့်သည်”ဇာတ်ကားအပြီးမှာ နောက်တကား “ဒဏ္ဍာရီမိုး”ကလည်း ဆက်တိုက် ရိုက်နေရတယ်။ ကားရိုက်တွေဆက်နေတော့ သီချင်းတွေအတွက် ဘယ်လိုအချိန်ပေးပြီးရေးဖြစ်လဲ။

ဖြေ။ ။ ရုပ်ရှင်ကားရိုက်တွေက အခု ၂လဆက်တိုက် ရိုက်ရမှာဆိုတော့။ သီချင်းအသစ်ကြီးပဲ ကျနော် ၁၂ ပုဒ်လောက် ပြီးထားတယ်။ ဟိုးတလောကလည်း “ခလုတ်”ဆိုတဲ့ Music Video ကို Facebook မှာ တင်ပေးထားတယ်ဆိုတော့ သူတို့ နည်းနည်း ရိုးအီသွားရင် ကျနော်အသစ်တွေ ထပ်ထုတ်ပေးဖို့ အဆင်သင့်ရှိပါတယ်။

မေး။ ။ ပထမဆုံးကားမှာလည်း လူငယ်တဦးရဲ့ တဖက်သတ်အချစ်၊ ဧည့်သည်မှာလည်း တဖက်သတ်အချစ်၊ သဘော တရားချင်းတူနေတော့ ဒီကာရိုက်တာအတွက် ဘယ်လိုပြင်ဆင်လဲ။

ဖြေ။ ။ အိုက်တင်ကတော့ ချိန်းရတယ်။ ဧည့်သည် ဇာတ်ကားမှာက မိန်းမနှစ်ယောက်ကြား ဗျာများရတာပေါ့။ ကိုယ့်မှာလည်း ရည်းစားကြီးရှိရက်နဲ့ တဖက်က မိန်းကလေးကလည်း သူ့ရည်းစားရှိရက်နဲ့ သူ့ရည်းစားက ဂရုမစိုက်လို့ ကိုယ့်ကို လာစိတ်ကစားတဲ့အပေါ်မှာ ကိုယ်က သာယာသွားတဲ့သဘောပေါ့။ ကိုယ်ရည်းစားရှိတာတွေ၊ ဘာတွေ မေ့သွားတယ်။

အဲဒီလိုဇာတ်လမ်း။ ဒီမိန်းမတယောက်က ရင်ထဲမှာရှိနေသလို ဟိုတယောက်လည်း ရင်ထဲရောက်နေတယ်။ ဒီတော့ ဟိုတယောက် ရင်ထဲရောက်လာရင် ဒီတယောက်ကို ခဏထုတ်၊ ဒီတယောက် ရောက်လာရင် ဟိုတယောက်ကို ခဏထုတ်။ ဗျာများရတာပေါ့။ ရုပ်ကတော့ နည်းနည်းပျက်ရတာပေါ့။

မေး။ ။ စိတ်သွင်းတာကျတော့ရော ဘယ်လိုရှိခဲ့လဲ။

ဖြေ။ ။ စိတ်ကလည်း အဲဒီလို သွင်းရတာပေါ့။ ဟိုတယောက်ရင်ထဲထည့်လိုက်၊ ဒီတယောက် ပြန်ထည့်လိုက်နဲ့ပေါ့ဗျာ။ ဦးညီကလည်း သေချာသင်ပေးပါတယ်ဗျ။

မေး။ ။ အဲဒီကာရိုက်တာနဲ့ အပြင်က ရွှေထူး နီးစပ်နေတာလား။

ဖြေ။ ။ မနီးစပ်ပါဘူး။ အပြင်မှာက ကျနော်က အရမ်းချစ်ဖို့ကောင်းပါတယ်ဗျာ။ ရည်းစားလည်း အများကြီး မထားတတ်ပါဘူး။

မေး။ ။ ကိုယ်က အဆိုအပိုင်းက လာတဲ့အတွက် ဇာတ်ကားတွေဆက်တိုက်ရိုက်တဲ့အချိန်မှာ ဇာတ်ကောင်စရိုက် ပြောင်းရတာ အဆင်ပြေရဲ့လား။

ဖြေ။ ။ အဲဒီအတွက်တော့နည်းနည်းလေးတော့ အခက်အခဲရှိတယ်။ အချိန်ကလည်းကပ်တော့ တအားကပ်တယ်။ တကားပြီးတာနဲ့ နောက်တကားကို ရိုက်တာကျတော့ ကိုယ်က ဝါရင့်သရုပ်ဆောင် မဟုတ်တဲ့အတွက် နည်းနည်းတော့ ကြောက်တယ်ပေါ့နော်။ ရိုက်ရမယ့်သူတွေကလည်း ဝတ်မှုံရွှေရည်တို့၊ ရဲတိုက်တို့ နာမည်ကျော်တွေကြီးပဲ။

မေး။ ။ အခုက ကုမ္ပဏီကချတဲ့ ဇာတ်လမ်းတွေပဲလား။ ကိုယ့်စိတ်ကြိုက် ဇာတ်လမ်းတွေရော မလာသေးဘူးလား။

ဖြေ။ ။ ကိုယ့်စိတ်ကြိုက်ဇာတ်တွေလည်း ကျနော်ရေးဖို့ရှိပါတယ်။

မေး။ ။ ပထမဆုံးအတွေ့အကြုံ၊ပထမဆုံးဇာတ်ရုပ်ကို ပရိသတ်က မဆိုးပါဘူးလို့လက်ခံကြပေမယ့် နောက်တကြိမ်မှာတော့ ရချင်မှ ရတော့မယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုအတော်ထိန်းညှိရလား။

ဖြေ။ ။ အတော်ထိန်းရပါတယ်။ ပထမဆုံးကားမှာက ပါတဲ့အခန်းကလည်း နည်းတယ်။ ပြီးတော့ ရွှေထူးအဆိုတော်အနေနဲ့ သရုပ်ဆောင်လုပ်ကြည့်တယ်။ မဆိုးပါဘူး။ ဘာလေးတွေတော့လိုတယ် စသဖြင့် အကြံတွေပေးတယ်။ ကျနော်ကလည်း လက်ခံတယ်။

ဒုတိယကားမှာတော့ လုံးဝ မလွယ်လောက်တော့ဘူး။ ပထမကားမှာက ကိုနေတိုးကို အားကိုးလို့ရသေးတယ်။ဒီမှာက ကျနော့် အခန်းတွေလည်းများတယ်။ နည်းနည်းလျော့တာနဲ့ ပရိသတ်ကို နောက်တကြိမ် ထပ်ပြီး နားလည် မပေးခိုင်းချင်တော့ဘူး။ ကျနော်လည်း နားလည်ပေးပါလို့ မပြောချင်တော့ဘူး။ ။

Your Thoughts …
Tags: ရွှေထူးနှင့် တွေ့ဆုံခြင်း
မန်းသူ

မန်းသူ

Similar Picks:

No Content Available
Next Post
အဆက်မပြတ် စုပ်ထုတ်နေသည့်အတွက် အတွင်းမှ ရေမျက်နှာပြင်က ကျဆင်းသွားခဲ့သည်

အချိန်နဲ့အမျှ အရေးကြီးနေတဲ့ ထမ်လုံဂူ ကယ်ဆယ်ရေး

အဆိုတော် သားစိုး  /  ယုဖြူဟန် / ဧရာဝတီ

သားစိုးကိုယ်တိုင် နှပ်ထားတဲ့ “ရောသမနှပ် လက်ဖက်” စတင် ရောင်းချ

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

6 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate