Entertainment

ပရိသတ်တွေက “မိန်းမယူစေချင်နေကြပြီလား” လို့ မေးလိုက်တဲ့ ထွန်းထွန်း(Examplez)

ချစ်သူရှိနေပြီဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်းကတော့ အခုလောလောဆယ်မှာ အိမ်ထောင်ပြုဖို့အတွက် အစီအစဉ်မရှိသေးဘဲ သူ့ကို မိန်းမယူစေချင်နေကြပြီလားဆိုတဲ့ မေးခွန်းကို ပြန်လည်မေးမြန်းခဲ့ပါတယ်။

“ယူစေချင်နေကြပြီလား။ ကျနော်အလုပ်တွေ လုပ်ဦးမှာပါ။ ကြိုးစားဦးမှာပါ။ အလုပ်တွေ လုပ်ရင်းနဲ့လည်း ဘဝကို အကောင်းဆုံး ထုဆစ်နေဦးမှာဆိုတော့ ပရိသတ်ကို ပထမဆုံး အသိပေးပါ့မယ်။ အခုလောလောဆယ်တော့ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးပါဘူး။ အလုပ်တွေပဲ အကောင်းဆုံးကြိုးစားနေဦးမှာပါ” လို့ ထွန်းထွန်းက ပြောပါတယ်။

ထွန်းထွန်းကတော့ သူရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ Facebook နှင့် Instagram ကိုဝင်ကြည့်ရင် သိနိုင်ပြီး ချစ်သူသက်တမ်း ဘယ်လောက်ရှိပြီလဲ ဆိုတဲ့အချက်ကိုလည်း စောင့်ကြည့်ရင် သိနိုင်ပါတယ်လု့ိ ဆိုပါတယ်။

“အချစ်ရေးကတော့ Facebook နဲ့ Instagram တို့ကိုကြည့်ရင် သိနိုင်ပါတယ်။ အများကြီးတော့ ပြောစရာမရှိပါဘူး။ ကျနော့်ကို လာရောက် စောင့်ကြည့်ရင် သိနိုင်ပါတယ်။ အပြင်မှာ သွားလာနေတဲ့သူတွေ ၊ အလုပ်လုပ်နေတဲ့သူတွေ အတိုင်းပဲ ကျနော်လည်း ကျနော် မိသားစုဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” လို့ ထွန်းထွန်းက ပြောပါတယ်။

သရုပ်ဆောင်မင်းသား တယောက်ဖြစ်တဲ့အတွက် ချစ်သူနဲ့ ဘယ်လိုနားလည်မှုတွေ တည်ဆောက်ထားလဲ ဆိုတာကိုတော့ ပတ်သက်ပြီး ထွန်းထွန်းက အခုလိုဆိုပါတယ်။

“ကျနော်ထင်တယ်။ ဥပမာပေါ့နော်။ လူတယောက်က လူတယောက်နဲ့ တည်မြဲနေဖို့အတွက် နားလည်မှုက အရမ်းအရေးကြီးပါတယ်။ နားလည်မှုက ကိုယ်လိုအပ်တဲ့ နားလည်မှုကို ရနေဖို့ လိုတာပါ။ အကုန်လုံးကို ခြုံပြီးပြောရရင်တော့ နားလည်မှုကောင်းလေ Relationship တခုက တည်မြဲလေလို့ပဲ ကျနော်ထင်ပါတယ်။ နားလည်မှုတွေ အများကြီးနဲ့တည်ဆောက်ထားပါတယ်” လို့ပြောပါတယ်။

ထွန်းထွန်းကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ “နိုင်ငံကြီးသား” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေပြီး ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးမှုများရှိနေပြီးတော့ သီချင်းဆိုတဲ့အပိုင်းကို မလုပ်ဖြစ်သေးဘူးလို့ သိရပါတယ်။

အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်းကတော့ ၂၀၁၆ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ခန့်က Examplez အဖွဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။

Loading