ကိုရီးယား မင်းသမီး Ha Ji Won (ဟာဂျီဝန်း) ဟာ “Prometheus” ဆိုတဲ့ ဒရာမာမှာ ခေါင်းဆောင်မင်းသမီး အနေနဲ့ ပါဝင်လာမှာဖြစ်တယ်လို့ ဇူလိုင်လ ၅ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
မင်းသမီး Ha ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေးအတွက် Mission ကို ဖော်ထုတ် လုပ်ဆောင်ရမယ့် ထောက်လှမ်းရေးအရာရှိတဦးအနေနဲ့ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အက်ရှင် သရုပ်ဆောင်ချက်တွေနဲ့ တမူထူးခြားတဲ့ ဆွဲဆောင်မှုတွေနဲ့ နာမည်ကြီးတဲ့ မင်းသမီး Ha နဲ့ “Prometheus” ဒရာမာ ထုတ်လုပ်ရေး တို့ဟာ ကိုရီးယား ဒရာမာတွေမှာ မြင်တွေ့နိုင်ခြင်းမရှိတဲ့ စပိုင်ရုပ်ရှင်အသစ်တခုကို စတင်ပုံဖော်ဖို့ မျှော်လင့်ထား ကြပါတယ်။
“Prometheus” ဇာတ်လမ်းတွဲ ထုတ်လုပ်ရေးဝန်ထမ်းတဦးက “မင်းသမီး Ha Ji Won က မြောက်ကိုရီးယားကို သွားရောက်မယ့် အဖွဲ့နှစ်ကို ဦးဆောင်တဲ့ ထောက်လှမ်းရေးအရာရှိ Chae Eun Seo ဆိုတဲ့နေရာကနေ ပါဝင်မယ်လို့ အတည်ပြုထားပါတယ်။
ဒရာမာရဲ့ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေ စတင်နေပြီဖြစ်ပြီး မင်းသမီး Ha က ဇာတ်ကောင်မှာ ပြီးပြည့်စုံအောင် အံဝင်မှုကြောင့် သူ့ကို ထည့်သွင်းရိုက်ကူးဖို့ စဉ်းစားခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ထောက်ခံမှုနဲ့ စိတ်ဝင်စားမှုကို တောင်းဆိုလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အခု ၂၀၁၈ ခုနှစ်အတွင်းမှာပဲ မြောက်ကိုရီးယား-အမေရိကန် နဲ့ တောင်ကိုရီးယား-မြောက်ကိုရီးယားတို့ကြားမှာ နျူကလီးယား ဖျက်သိမ်းဂေး အစီအစဉ် စတင်နေပြီဖြစ်တဲ့အချိန်မှာပဲ “Prometheus” ဒရာမာကတော့ နျူကလီးယား အစီအစဉ်ဖျက်သိမ်းရေးနဲ့ သက်ဆိုင်တဲ့ အဓိက သိပ္ပံပညာရှင်တွေရဲ့ အကြံဉာဏ်နဲ့ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
မြောက်ကိုရီးယား သိပ္ပံပညာရှင်တွေကို နိုင်ငံရပ်ခြားပို့ဆောင်လိုက်ပေမယ့် နျုကလီးယားအစီအစဉ် ဖျက်သိမ်းရေး လုပ်ငန်းစဉ် လုပ်ဆောင်နေချိန်မှာပဲ ပျောက်ဆုံးသွားခဲ့ကြပါတယ်။
ဒရာမာကို စီစဉ်ရတာနဲ့ ဇာတ်ညွှန်းရေးရတာကို လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်လောက်တုန်းက စလို့ လုပ်ဆောင်ခဲ့ တာဖြစ်ပြီး ဇာတ်ကောင်နဲ့ လိုက်ဖက်မယ့် သရုပ်ဆောင်တွေကို ရွေးချယ်တာလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မင်းသမီး Ha နဲ့ အတူ ဇာတ်လမ်းတွဲမှာ ပါဝင်လာမယ့် သရုပ်ဆောင်တွေက ဘယ်သူတွေဆိုတာကို လည်း မကြာခင်မှာ သိရှိရတော့မှာဖြစ်ပါတယ်။ “Prometheus” ဒရာမာကို ဒီနှစ်အကုန်ပိုင်းမှာ ထုတ်လွှင့်သွား မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref:soompi