Entertainment

တရုတ်နိုင်ငံမှာ အောင်မြင်မှုရနေတဲ့ ဟာသဇာတ်မြူးရုပ်ရှင် “Dying to Survive”

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တဲ့ ကင်ဆာတိုက်ဖျက် ဆေးဝါးတွေအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ တရုတ် ဟာသဇာတ်မြူး ရုပ်ရှင် “Dying to Survive”ဟာ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ စတင်ပြသခဲ့ပြီး နှစ်ရက်အတွင်းမှာ ဝင်ငွေ ကန် ဒေါ်လာ ၃၆ ဒဿမ ၁၄ သန်းရရှိခဲ့တယ်လို့ သိရပါတယ်။

“Dying to Survive” ရုပ်ရှင်ဟာ ဆေးဝါးလုပ်ငန်းကဏ္ဍမှာ တရုတ်နဲ့ အိန္ဒိယတို့ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာတဲ့ အချက်အပေါ် နောက်ခံထားပြီး ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တဲ့ မျိုးရိုးဗီဇဆေးတွေဟာ တရုတ်နိုင်ငံမှာ ဈေးနှုန်းနည်းပါးမှုနဲ့ ထိရောက်မှုတို့ကြောင့် နာမည် ကျော်ကြားပါတယ်။ ဒါရိုက်တာ Ning Hao ရိုက်ကူးတဲ့ အဲဒီရုပ်ရှင်ဟာ တရုတ်နိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်မြင့်တက်လာတာကို ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ စတင်ပြသခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ ကျန်းဆူပြည်နယ်၊ ဝူရှီမြို့မှာနေထိုင်တဲ့ အထည်အလိပ် ကုန်သည် Lu Yong ရဲ့ အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ၂၀၀၂ ခုနှစ်မှာ သွေးကင်ဆာရောဂါ ရှိနေကြောင်း သိရှိခဲ့ရပြီးတဲ့ နောက်မှာတော့ Lu ဟာ ဆွစ်ဇာလန်နိုင်ငံ ဆေးဝါးကုမ္ပဏီ Novartis ကနေ ထုတ်လုပ်တဲ့ ဆေးကို မှီဝဲခဲ့ပါတယ်။ အဲဒီဆေး အတွက် ကုန်ကျစရိတ်ဟာ သူ့အတွက် တလကို ယွမ် ၂၃၅၀၀ ရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Lu ဟာ တလကို ယွမ် ၃၀၀၀ ပဲကုန်ကျမယ့် အိန္ဒိယနိုင်ငံက Veenat လို့ခေါ်တဲ့ အလားတူ ဆေးတမျိုးကို ပြောင်းသောက်ခဲ့ပါတယ်။ အဲဒီအကြောင်းကို သူက အခြားလူနာပေါင်း ၁၀၀ဝ ကျော်ထံ ဝေမျှခဲ့ပြီးနောက် အိန္ဒိယနိုင်ငံကနေ အဲဒီလိုဆေးဝါးတွေ ရရှိနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။

ဒါပေမယ့် အဲဒီဆေးဟာ တရုတ်နိုင်ငံမှာ မှတ်ပုံတင် မထားတာကြောင့် ဆေးဝါး အတုအပ စာရင်းသွင်းခံခဲ့ရပြီး Lu ဟာလည်း ၂၀၁၄ ခုနှစ်မှာ အဖမ်းခံခဲ့ရပါတယ်။ ထောင်ထဲမှာ ၄ လလောက် နေခဲ့ရပြီးတဲ့နောက် သူ့ရဲ့လုပ်ရပ်ဟာ သူ့ကိုကိုယ်ရေး ကိုယ်တာ အကျိုးအမြတ် မရစေခဲ့ဘူးလို့ တရားရုံးက ဆုံးဖြတ်ပြီး လွှတ်ပေးလိုက်ပါတယ်။ ကင်ဆာဝေဒနာရှင် တော်တော် များများကလည်း သူ့အတွက် အသနားခံစာ တင်ပေးခဲ့ကြပါတယ်။

“Lu Yong” ရဲ့ ဇာတ်ကောင်ကိုတော့ ဒီရုပ်ရှင်ထဲမှာ “Cheng Yong” အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Cheng Yong နေရာ မှာတော့ မင်းသား Xu Zheng က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အိန္ဒိယနိုင်ငံထုတ် ဆေးဝါးတွေကို ရောင်းချတာနဲ့ မှောင်ခိုတင်သွင်းတာတွေကို မှတ်ပုံတင်ပေးတဲ့ လုပ်ရပ်တွေကြောင့် အဲဒီဆေးဝါး တွေဟာ တရုတ်နိုင်ငံမှာတော်တော်လေး နာမည်ကျော်ကြားပါတယ်။

ကင်ဆာလိုမျိုး ရောဂါတွေကို ကုသရာမှာ အသုံးပြုတဲ့ အိန္ဒိယဆေးဝါးတွေအတွက် ကြီးမားတဲ့ မှောင်ခိုဈေးကွက်ကြီးလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ နှစ်စဉ် လူ ၄ ဒဿမ ၃ သန်းလောက် ကင်ဆာရောဂါ ခံစားနေရတယ်လို့ ဆိုပါတယ်။

တရုတ်ဈေးကွက်မှာ တရားဝင်ရောင်းချတဲ့ အိန္ဒိယဆေးဝါး ရာခိုင်နှုန်းကတော်တော်လေး နည်းပါး ပါတယ်။ တရုတ် ကျွမ်းကျင်သူတွေကတော့ ဖက်စပ်ဆေးဝါးတွေ ထုတ်လုပ်ကြဖို့ ဆေးဝါးလုပ်ငန်း နယ်ပယ်မှာ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ အကြား ပူးပေါင်းမှု တိုးမြှင့်ရေး တောင်းဆိုခဲ့တာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

Ref:indiaexpress

Did you find apk for android? You can find new Free Android Games and apps.
Loading