• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ဘော်ဘော်ကထှော်”မှာ တကိုယ်လုံးက တက်တူးတွေကို ဖျောက်ပြီး သရုပ်ဆောင်ထားတဲ့ ခင်လှိုင်

by ချစ်ပိုး
9 July 2018
in Entertainment
A A
သရုပ်ဆောင် ခင်လှိုင် / ဘော်ဘော်ကထှော် Facebook

သရုပ်ဆောင် ခင်လှိုင် / ဘော်ဘော်ကထှော် Facebook

28.1k
VIEWS
Share on FacebookShare on Twitter

ဟာသဇာတ်ကားများစွာ၊ ရုပ်ရှင် ဇာတ်ကားများစွာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်တဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်က မကြာခင်မှာ ရုံတင်တော့မယ့် “ဘော်ဘော်ကထှော်” ဇာတ်ကားမှာ မလုပ်ဖူးသေးတဲ့ ကာရိုက်တာကို လုပ်ခွင့်ရသလို တက်တူးတွေကို ဖျောက်ခဲ့ရတာကြောင့် ချွေးပိတ်ပြီး ခေါင်းကိုက်ဖျားခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်က ဘော်ဘေ်ာကထှော်မှာ ဘော်ဘော်ပိ ဆိုပြီး ပါဝင်ထားပါတယ်။ ကျွန်းတကျွန်းပေါ်မှာ နေတဲ့ လူမျိုးစုအနေနဲ့ ပါဝင်ထားပါတယ်။ ဟာသဇာတ်ရုပ်ပါပဲ ။ ကျနော် မလုပ်ဖူးသေးတဲ့ ဇာတ်ရုပ်ကို လုပ်ခွင့်ရပါတယ်။ ပျော်စရာလည်း ကောင်းသလို ပင်လည်းပင်ပန်းခဲ့ပါတယ်”

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
786
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
420
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
446

“ဒီကားမှာ ဆေးတွေခြယ်ထားလို့ တင်းကျပ်ကျပ်ကြီး ဖြစ်နေတာရယ် ပုဆိုးကို ခါးတောင်းကျိုက်ထားတော့ တင်ပါးကြီးက ပေါ်နေတယ်။ မြို့ထဲတွေလည်း သွားရိုက်ရတယ်။ စကားကို အော်အော်ပြောရတာတွေကလည်း ပင်ပန်းတယ်။ သီချင်းကလည်း ကိုပေါက်က လူရိုင်းအသံလေး တခုလုပ်ပေးပါလို့ ပြောတယ်။ ဘာလုပ်ရမှန်း မသိတာနဲ့ ထမင်းစားနားချိန်မှာ ပါးစပ်က “အာလပါ အေးလေ” ဆိုပြီး လျှောက်အော်လိုက်တာ မြင့်မြတ်နဲ့ ဂျိုကာကလည်း “အေးလေအေးလေ” ဆိုပြီး နောက်ရင်းနဲ့ ချိတ်ပြီးသီချင်းလေး လုပ်ဖြစ်သွားတယ်” လို့ ခင်လှိုင်က ပြောပါတယ်။

“တက်တူးတွေဖျောက်ရတာ တော်တော်ဒုက္ခရောက်တယ်။ ပထမဆုံးနေ့ ဂန်းနဲ့ မှုတ်ရတာဆိုတော့ ကျနော်တက်တူးက တကိုယ်လုံးကြီးဆိုတေ့ တကိုယ်လုံးကို ပိတ်ရတာဆိုတော့ ချွေးထွက်ပေါက် မရှိတော့ ချွေးက ခေါင်းကနေထွက်တော့ ခေါင်းတွေ အရမ်းကိုက်တယ်။ ပထမဆုံးနေ့ အဲ့တိုင်းအိပ်လိုက်တာ နောက်နေ့ ကျတော့ မခံနိုင်ဘဲဖျားရော။ နောက်နေ့ ကျတော့ ရေဆေးနဲ့ပဲ လုပ်တော့တာပေါ့။ ခြောက်သွားလိုက်၊ ကွာလာရင် ပြန်ဖုံးလိုက်နဲ့ နည်းနည်းတော့ ခက်ခဲခဲ့တယ်” လို့ ခင်လှိုင်က ပြောပါတယ်။

ဇာတ်ကားတွေကို ဆက်တိုက်ဆိုသလိုရိုက်ကူးနေရတဲ့ ခင်လှိုင်က ဇာတ်ကားရိုက်ကူးတိုင်းမှာ တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင်ပြင်ဆင်ပြီးမှ ရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော် အခုလက်တလော အနုပညာလှုပ်ရှားမှုကတော့ ဒါရိုက်တာပြည်ဟိန်းသီဟနဲ့ “LOVE 2” ဆိုတဲ့ ကားလေး ရိုက်နေတယ်။ သရုပ်ဆောင်တွေက ကိုခန့်စည်သူရယ်၊ ပြေတီဦးရယ် မစိုးကြီးရယ်၊ ထက်ထက်မိုးဦးရယ် ၊မဂွမ်းပုံရယ် အခြားသော အနုပညာရှင်တွေလည်း ပါပါတယ်”

“ဝိုင်းကြီးချုပ်စပွန်ဆာဆိုတဲ့ ကားလေးလည်း မကြာခင်ရုံတင်တော့မှာပါ။ အဲ့ကားလည်း ကောင်းပါတယ်။ မဂွမ်းကို ကြိုက်တဲ့ ကာရိုက်တာ ရိုက်ကူးထားပါတယ်။ ကျနော် ဇာတ်ကားတွေတော့ တောက်လျှောက်ရိုက်နေတယ် ဟိုတလောက အက်ရှင် ဒရာမာ ရိုက်တာနည်းနည်းများ သွားတယ်။ ဟာသတွေလည်း ရိုက်ဖြစ်နေပါတယ်။ ကျနော်တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင်ကျနော်ရဲ့ ပြင်ဆင်မှုတွေကို အမြဲကြိုးစားနေပါတယ်။ ကျနော်ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ခင်လှိုက်က ဆိုပါတယ်။

သရုပ်ဆောင် ခင်လှိုင်က ဇွန်လိုင်လ၁၃ရက်နေ့မှာ ရုံတင်တော့မယ့် “ဘော်ဘော်ကထှော်” ဆိုတဲ့ ရုပ်ရှင်ကားမှာ မြင့်မြတ်၊ ဂျိုကာတို့နဲ့ အတူ သရုပ်ဆောင်ထားပါတယ်။

Your Thoughts …
Tags: ခင်လှိုင်ဘော်ဘော်ကထှော်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် စိုးမြတ်သူဇာနဲ့ ခင်လှိုင်  /  ပလေယာ ရုပ်ရှင် Facebook Page

“ပလေယာ” ရုပ်ရှင်မှာ စိုးမြတ်သူဇာနဲ့ လင်မယားပုံစံ သရုပ်ဆောင်ထားတဲ့ ခင်လှိုင်

by ယုဖြူဟန်
5 February 2020
17k

“ကာရိုက်တာလေးက ဆန်းတယ်လေ။ အဲဒါကြောင့် လက်ခံဖြစ်တာပါ။ အဝတ်အစားပုံစံ ဒီဇိုင်းတွေလည်း သေချာ ပြင်ဆင်ထားတယ်။ စတိုင်ကအစ ပြင်ဆင်ထားတယ်။ ပလေယာ တယောက်ပါပဲ”လို့ ပြောပါတယ်။

သရုပ်ဆောင် ခင်လှိုင်တို့ မိသားစု / Thazin Htoo Myint's Facebook

ဖမ်းဝရမ်းကြောင့် မိသားစုတွေ တိမ်းရှောင်နေရကြောင်း သဇင်ထူးမြင့် ဆို

by ဧရာဝတီ
9 March 2021
11.2k

“လောလောဆယ်မှာ ဖေဖေရော အဆင်ပြေပါ့မလား။ ကိုကြီးအတွက်လည်း စိတ်ပူနေရတယ်။ ကိုယ်တိုင် လုံခြုံဖို့အတွက်လည်း ပူရပြန်တယ်။

သရုပ်ဆောင် ခင်လှိုင်နဲ့ ဇနီး (ဓာတ်ပုံ - ချိုးရုပ် ရုပ်ရှင် Facebook Page)

“ချိုးရုပ်” ဇာတ်ကားမှာ ကိုယ်တိုင် ဒါရိုက်တာ၊ သရုပ်ဆောင်အနေနဲ့ ပါဝင်ထားတဲ့ ခင်လှိုင်

by ချစ်ပိုး
16 October 2019
7.2k

“၅၂၈ မေတ္တာ၊ သားသမီးနဲ့ မိဘ ချစ်တယ်။ အစ်ကိုနဲ့ ညီ ချစ်တယ်၊ သူငယ်ချင်း ချစ်တယ်။ အဲဒါတွေကို ပြထားတဲ့ ပျော်ရွှင်စရာ၊ လွမ်းမောစရာ၊ ကြည့်ပြီး ရင်ထဲတခုခု ကျန်ခဲ့မယ်လို့ ထင်ပါတယ်။

သဇင်ထူးမြင့်နဲ့ ဖခင်ဖြစ်သူ သရုပ်ဆောင် ခင်လှိုင်  / Thazin Htoo Myint's Facebook

သမီးဖြစ်သူကို အနုပညာလောကရဲ့ လောကဓံတွေ မခံနိုင်မှာ စိုးရိမ်တဲ့ ခင်လှိုင်

by ချစ်ပိုး
4 June 2019
46.8k

“ဒီအနုပညာလမ်းကြောင်း တခုပေါ်မှာ လျှောက်နေပြီဆိုတော့ တချိန်လုံး နောက်ကနေပြီး လျှောက်လိုက်နေလို့လည်း အဆင်မပြေဘူးလေ။ သူ့အမေကတော့ လိုက်ရမှာပေါ့။

သရုပ်ဆောင် ခင်လှိုင် / Khin Hlaing's Facebook

“အမျိုးတခြမ်းယုတ်” ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားအဖြစ် မြင်တွေ့ရမယ့် ခင်လှိုင်

by ချစ်ပိုး
25 July 2018
5.3k

“အမျိုးတခြမ်းယုတ် ရုပ်ရှင်ကတော့ ကျနော်တို့အားလုံး ကြောက်ကြောက်နဲ့ ရိုက်ခဲ့ရတဲ့ ဇာတ်ကားပါ။ အဲဒီလို ဇာတ်ကားမျိုး ရိုက်ဖို့ ကျနော်တို့ကိုယ် ကျနော်တို့ မယုံကြည်ရဲဘူးပေါ့။

ဟာသ သရုပ်ဆောင် ခင်လှိုင်နဲ့ ဒိန်းဒေါင်

“ဟာသညီနောင်အဖွဲ့ ကွဲသွားတယ်ဆိုတာ မဟုတ်ပါဘူး”

by ချစ်ပိုး
24 September 2018
99k

ကျနော်တို့က အရင်ဘဝကလည်း ရေစက် ရှိသလို နောက်ဘဝလည်း မခွဲချင်လို့ အတူတူလှူကြတာပေါ့။ ကျနော်တို့နှစ်ယောက် မဆုံတာ တော်တော်ကြာသွားပြီ

Next Post
အိုကာယာမ ခရိုင်တွင် ကားတစီး နစ်မြုပ်နေသည်ကို ပြန်လည်ဆယ်တင်နေစဉ် / CNN

ဂျပန် ရေကြီးမှု သေဆုံးသူ ၇၆ ဦးအထိ ရှိလာ

သူငယ်ချင်းနဲ့အတူ ဘစ်ကနီဝတ်ကာ သင်္ဘောပေါ်မှာ ပြုံးပျော်နေတဲ့ ဆယ်လီနာရဲ့ Instagram က ပို့စ်  / Theresa Mingus‘ Instagram

ဂျက်စတင်ဘီဘာရဲ့ စေ့စပ်သတင်းပြီးနောက် ဆယ်လီနာ တယောက် ဘာတွေဖြစ်နေပြီလဲ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

2 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate