Entertainment

ဂျက်စတင်ဘီဘာရဲ့ စေ့စပ်သတင်းပြီးနောက် ဆယ်လီနာ တယောက် ဘာတွေဖြစ်နေပြီလဲ

Want create site? Find Free WordPress Themes and plugins.

ဒီနေ့မှာ လူပြောများနေတဲ့ အကြောင်းအရာကတော့ ဂျက်စတင်ဘီဘာရဲ့ စေ့စပ်သတင်းပါပဲ။ သူ့ရဲ့ စေ့စပ်သတင်းကို ကြားလိုက်တာနဲ့ ပရိသတ်အချို့က ဆယ်လီနာ့ အတွက် စိတ်ပူနေကြမှာပါပဲ။

တချိန်က ချစ်သူတွေဖြစ်ခဲ့ပြီး ပရိသတ်ရဲ့ချစ်ခင်ခြင်းကိုရရှိခဲ့တဲ့ သူတို့တွေဟာ အခုချိန်မှာ ပြတ်စဲပြီး ကိုယ့်လမ်းကိုယ် လျှောက်နေကြပါပြီ။ သတင်းတွေ၊ ပြဿနာတွေ အများကြီးနဲ့ လူတွေ စိတ်ဝင်စားခြင်းခံခဲ့ရသလို သူတို့ကိုအားပေးတဲ့ Jelena ဆိုတဲ့ Fandom Name တောင် ရရှိခဲ့တာဖြစ်တာကြောင့် အခုသတင်းအပေါ် စိတ်မကောင်းဖြစ်နေကြမှာ အမှန်ပါပဲ။

ဂျက်စတင်ဟာ ရည်းစားဟောင်းတွေနဲ့ တွဲလိုက်၊ ပြန်ဆက်လိုက်ဖြစ်နေခဲ့တာ ဆယ်လီနာ တယောက်လည်း အပါအဝင် ဖြစ်ပါတယ်။ တလောက သူတို့နှစ်ယောက်ကို အတူတွေ့နေခဲ့တာကြောင့် ပြန်တွဲနေပြီလို့ ထင်ခဲ့ပေမယ့် စိတ်မကောင်းစွာဘဲ မတွဲဖြစ်ကြပါဘူး။

အခုတော့ ဂျက်စတင်ရဲ့ ရည်းစားဟောင်းတွေထဲက နာမည်ကြီးခဲ့တဲ့ မော်ဒယ် Hailey Baldwin နဲ့ ပြန်တွဲခုတ်နေကြတာ ဖြစ်ပါတယ်။ မိုးမမြင်၊ လေမမြင် ချစ်နေခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ အခုတော့ စေ့စပ်လိုက်ပြီ ဆိုတဲ့သတင်းနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဒါဆိုရင် ဆယ်လီနာတယောက်ကကော ဘာတွေလုပ်နေပါလိမ့်။ ဆယ်လီနာကတော့ သူမရဲ့ သူငယ်ချင်း တယောက်ဖြစ်တဲ့ Theresa Mingus ရဲ့ Instagram ပိုစ့်တခုမှာ သဘောင်္ပေါ်မှာ သူငယ်ချင်းနှစ်ယောက် ဘစ်ကနီ ဝတ်ဆင်ကာ ပြုံးပျော်ပြီး အပန်းဖြေ အနားယူနေတဲ့ ပုံကိုတွေ့ရမှာ ဖြစ်ပါတယ်။

ဘီကနီ ဝတ်ဆင်ထားပြီး နေလောင်ထားတဲ့ အသားအရေနဲ့အတူ ပျော်ရွှင်နေပုံကြည့်ရတာ ပြတ်သွားတဲ့ Ex ရဲ့ သတင်း အပေါ် ခပ်ချေချေ နေပြနေတယ် ထင်ပါတယ်။ ဒါ့အပြင် Instagram က Story တွေထဲမှာလည်း သူမကို တွေ့ရပြီး သူမရဲ့ ပရိသတ်တွေအထင်အရ ဆယ်လီနာဟာ ဂျက်စတင်ရဲ့ စေ့စပ်သတင်းကြားတဲ့အခါမှာ Shock ရသွားမှာပါ။

သူမ ယုံတောင်ယုံနိုင်မှာ မဟုတ်ပါဘူး။ သူတို့ဒီလောက်ထိ အတည်ကြီးဖြစ်မယ်လို့ မထင်ထားတာကြောင့် သူမ တခုခုတော့ ခံစားသွားရလောက်တယ်လို့တော့ ဆယ်လီနာ့ကို ပရိသတ်တွေက ကောက်ချက် ချထားကြပါတယ်။

ဆက်စပ် သတင်းလင့်ခ်မော်ဒယ် Hailey Baldwin ကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ အဆိုတော် Justin Bieber

Ref ; pedestrian.tv

Did you find apk for android? You can find new Free Android Games and apps.
Loading