• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ကျနော် ကတာ တင်ပါးကောက်ကောက်ကြီးနဲ့ ကြည့်ရတာ အဆင်မပြေပါဘူး” ဆိုတဲ့ ကောင်းထက်ဇော်

by မန်းသူ
9 July 2018
in Entertainment
A A
စီစဉ်တင်ဆက်သူ ကောင်းထက်ဇော်  / Kaung Gyee's Facebook

စီစဉ်တင်ဆက်သူ ကောင်းထက်ဇော် / Kaung Gyee's Facebook

13.8k
VIEWS
Share on FacebookShare on Twitter

လတ်တလော Online မှာ ပရိသတ် စိတ်ဝင်စားခြင်း ခံနေရတဲ့ သရုပ်ဆောင် အေးမြတ်သူနဲ့ ကောင်းထက်ဇော်တို့နှစ်ဦးရဲ့ အကဗီဒီယိုဖိုင်များနဲ့ ပတ်သက်ပြီး အပျော်သဘောနဲ့သာ ကပြယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ ကောင်းထက်ဇော်က ဧရာဝတီကို ပြောပါတယ်။

“မမမြတ်က စတာပေါ့။ သူကမင်းသမီးဆိုတော့ ကျနော်ထက် ပါဝါများတယ်လေ။ သူ့ကိုချစ်တဲ့ ပရိသတ်က ပိုများမှာပါ။ သူကစတာပါ”လို့ ဧရာဝတီကို ပြောပါတယ်။

RelatedPosts

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.3k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k
မော်လမြိုင်မြို့

မော်လမြိုင်မြို့

8 June 2025
658

ဒီဗီဒီယိုဖိုင်ရဲ့ အစကတော့ သရုပ်ဆောင်အေးမြတ်သူက သူ့ရဲ့ Facebookပေါ်မှာ အကကွက်များနဲ့ ဗီဒီယိုတခုကို တင်ထားခဲ့ပြီး ကောင်းထက်ဇော်ကို Challenge ခေါ်လိုက်တာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုကို ကောင်းထက်ဇော်က လက်ခံခဲ့ပြီး သူရဲ့ အကဗီဒီယိုကို ပြန်လည် လွှင့်တင်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကောင်းထက်ဇော်က အခုလိုဆိုပါတယ်။

https://www.facebook.com/khaingzawu.s.a/posts/2589836584574096

“မြတ်လေး စိန်ခေါ်တာကို လက်ခံဖြစ်တာက ကျနော်ကလည်း သူ့သရုပ်ဆောင်မှုတွေ အရမ်းကြိုက်တယ်လေ။ တကယ်ကို လေးစားတဲ့ အနုပညာရှင် တယောက်ပါပဲ။ သူက တကယ်ကို ပေါင်းသင်းဆက်ဆံရေးလည်း အရမ်းကောင်းပြီးတော့ ကျနော်တို့ ယောက်ကျားလေးတွေကို ရင်ဘောင်တန်းနိုင်တဲ့ သွက်သွက်လက်လက်နဲ့ ဉာဏ်ရည်ထက်မြက်တဲ့ အမျိုးသမီး တယောက်ပါ။ဒါကြောင့် လေးစားသမှုနဲ့ ကျနော်က သူစိန်ခေါ်တာကို ပြန်ပြီးလက်ခံတဲ့သဘောပါ”

“ချစ်စရာကောင်းတဲ့ ယှဉ်ပြိုင်မှုပေါ့။ ကျနော်က ကိုယ်လုံးကြီးကြီးနဲ့ ကလည်း မကချင်ဘူးလေ။ ကလည်း မကတတ်ပါဘူး။ ဒါပေမယ့် လေးစားသမှုနဲ့ ကိုယ်ချစ်တဲ့အနုပညာရှင်ကြီးနဲ့ ပျော်စရာအစီအစဉ်လေးတခုမှာ “ရော့ နင့်မုန့်ကျွေး၊ ငါ့လည်းပြန်ကျွေး သဘောမျိုးလေးပေါ့” အပျော်လေးတွေကူးစက်ဖို့ ရည်ရွယ်ချက်ပဲ ထားပါတယ်။ ကျနော်က ဟာသလေး ကပြလိုက်တာပါ”လို့ ကောင်းထက်ဇော်က ဆိုပါတယ်။

စိန်ခေါ်တဲ့ ကကွက်ကို ပြန်လည်ကပြဖို့အတွက် ကောင်းထက်ဇော်က ရိုက်ကူးရေး ခဏနားတုန်းမှာ အချိန် ၁ နာရီခန့် လေ့ကျင့်ပြီး ကခဲ့တာလို့ သိရပါတယ်။

“နိုင်တဲ့သူကို One Table ကျွေးကြေးလေ။ ကျနော်က အရက်မသောက်ဘူးဆိုတော့ ဝါးတီးတော့ အသားကုန်အုပ်မှာပေါ့”လို့လည်း ကောင်းခန့်ဇော်က ပြောပါတယ်။ ဒီကကွက်တွေကတော့ Pocari Swaet ရဲ့Page မှာတင်ထားတဲ့ အကဆရာရဲ့ ကကွက်ကို အေးမြတ်သူက ကထားတာဖြစ်ပြီး ကောင်းထက်ဇော် ကလည်း အဲဒီ Page က အကအတိုင်း ကပြထားတာ ဖြစ်ပါတယ်။

“မိန်းမကတဲ့ ကကွက်ကြီးကို ကျနော့ကို ကခိုင်းတာဆိုတော့ ကျနော်က နဂိုကလည်း ခန္ဓာကိုယ်ကြီးကြီး၊ တင်ပါးကောက်ကောက်ကြီးနဲ့ ကြည့်ရတာ အဆင်မပြေပါဘူး။ ကျနော်တို့ကအခုလိုသာ ပြိုင်ကပြတာ နောက်ကွယ်မှာတော့ သူငယ်ချင်းတွေပါပဲ။ ဒီပုံကြီးနဲ့လည်း နောက်တခါကဖို့ ဆိုတာ မဖြစ်နိုင်ဘူး”လို့လည်း ကောင်းထက်ဇော်က ဧရာဝတီကို ပြောပါတယ်။

လက်ရှိလုပ်ကိုင်နေတဲ့ စီစဉ်တင်ဆက်သူအဖြစ်နဲ့လည်း နောက်ထပ်ဘယ်လောက်ကြာလုပ်ကိုင်ဖြစ်မလဲ ဘယ်လိုအစီအစဉ် တွေရှိတယ်ဆိုတာနဲ့ ပတ်သက်လို့လည်းကောင်းထက်ဇော်က အခုလိုဆိုပါတယ်။

” ကျနော့်ပတ်ဝန်းကျင်မှာ ကျနော်လုပ်နေတဲ့အလုပ်က ကျနော့်ရဲ့ မျက်နှာကြီးတွေ၊ ခန္ဓာကိုယ်ကြီးတွေ၊ စကားပြောပုံကြီးတွေကို အားကိုးနေရတဲ့အလုပ်ကြီး။ ဒါတွေကို လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက ခိုင်းစား လာတာလေ။ နောက်ဆယ်နှစ်လောက်ကိုပဲ ဒါကြီးတွေကို ခိုင်းစားနေဦးမယ်ဆိုရင် ဒါဟာ innovate မဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကို မြင်တာပေါ့”

“ဒီတော့ ကိုယ်ဘာတွေ အသစ်ဆက်လုပ်မလဲ ဆိုတာကိုပဲ သွားမယ်။ သူများလမ်းကြောင်းကြီးနောက် လိုက်နေတာထက်စာရင် ကိုယ်တခုခု ဘာတွေလုပ်နိုင်လဲ။ ကိုယ့်လိုသူများဖြစ်ချင်လို့ လိုက်လုပ်တဲ့ ဟာမျိုးပဲ လုပ်မယ်လို့ပဲ စဉ်းစားတယ်” လို့ ကောင်းထက်ဇော်က ပြောပါတယ်။

ကောင်းထက်ဇော်ရဲ့ လက်ရှိအချစ်ရေးနဲ့ပတ်သက်ပြီးလည်း ကောင်းထက်ဇော်က အခုလိုဆိုပါတယ်။ “အချစ်ရေးကတော့ မွေးနေ့ကစပြီး ခုချိန်ထိ စိတ်ကောက်နေတဲ့ အနေအထားရှိပါတယ်။ ချော့ကို ချော့လို့မရတာ၊ လုံးဝ Block ထားတာဆိုတော့ အခက်အခဲဖြစ်နေပါတယ် “လို့ ဧရာဝတီကို ပြောပါတယ်။

ကြော်ငြာတွေပါ လက်ခံရိုက်ကူးလာတဲ့ ကောင်းထက်ဇော်က မကြာခင်ရက်ပိုင်းလေးကပဲ Yum Yum ခေါက်ဆွဲအတွက် ကြော်ငြာရိုက်ကူးပေးခဲ့သလို ကြော်ငြာအတွက် အိုင်ဒီယာကိုလည်း ကိုယ်တိုင်ပဲ စဉ်းစားရိုက်ကူးခဲ့တာလို့ ဧရာဝတီကို ပြောပါတယ်။

Your Thoughts …
Tags: Challenge အကကောင်းထက်ဇော်
မန်းသူ

မန်းသူ

Similar Picks:

အစီအစဉ် တင်ဆက်သူ ကောင်းထက်ဇော် / Kaung Gyee's Facebook

Vitacap အားဆေးရဲ့ Brand Ambassador ခန့်အပ်ခြင်းခံရတဲ့ အစီအစဉ် တင်ဆက်သူ ကောင်းထက်ဇော်

by မန်းသူ
19 June 2018
7.8k

"အရင်တုန်းက လာပြောတာတွေ ရှိတယ်။ဒါပေမယ့် တယောက်တည်း ကိုယ်စားပြု မဟုတ်ဘဲနဲ့ နှစ်ဖွဲ့၊ သုံးဖွဲ့ လျာထားပြီး အများကြီး ရောနေတယ်။ အဲဒါမျိုးဆို ကျနော် မလုပ်ဘူး။

Next Post
နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ဇူလိုင် ၈ ရက်က ပြုလုပ် သော ၁၆ ကြိမ်မြောက် UPDJC အစည်းအဝေး  / ထက်နိုင်ဇော် / ဧရာဝတီ

ငြိမ်းချမ်းရေးတွင် အလျှော့အတင်း ပြုလုပ်လိုသည့် စိတ်ဆန္ဒ အထူးအရေးကြီးဟု ဆို

ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခု /  ထက်ဝေ  /  ဧရာဝတီ

ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည် ဦးမော့ရန် စီစဉ်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate