Entertainment

Justin Bieber က Hailey Baldwin ကိုပေးတဲ့ ဒေါ်လာ ၂ သန်းတန် စေ့စပ်လက်စွပ်

Want create site? Find Free WordPress Themes and plugins.

အခုအချိန်မှာတော့ အဆိုတော် Justin Bieber နဲ့ မော်ဒယ် Hailey Baldwin တို့ဟာ လူမှုကွန်ရက် မီဒီယာ ပေါ်မှာ သူတို့ရဲ့ စေ့စပ်လိုက်တဲ့သတင်းကို အတည်ပြုလိုက်ကြပြီဖြစ်တဲ့အချိန်မှာ ပရိသတ်တွေအတွက် စေ့စပ်လက်စွပ်က ဘယ်လိုပုံစံမျိုးလဲဆိုတဲ့ မေးခွန်းတခုထွက်ပေါ်လာပါတယ်။

အဆိုတော် Bieber ဟာ Facebook နဲ့ Instagram မှာ သူ့ရဲ့ ဇနီးလောင်းနဲ့ဆိုင်တဲ့ ကြေညာချက်နဲ့ သတင်းစကားတခုကို ဝေမျှပြောဆိုလိုက်ပြီး သူ့ရဲ့ ပေါင်ပေါ်မှာထိုင်နေတဲ့ Hailey ရဲ့ ဓာတ်ပုံနှစ်ပုံကိုလည်း ဝေမျှလိုက်ပါတယ်။ ပုံကို အနီးကပ် ကြည့်လိုက်မယ်ဆိုရင်တော့ Hailey ဟာ သူ့ရဲ့ ဘယ်ဖက်လက်မှာ တောက်ပတဲ့ စိန်လက်စွပ်ကြီးကို ဝတ်ဆင်ထားတာ မြင်တွေ့ရမှာပါ။

ဒါပေမယ့် TMZ မီဒီယာရဲ့အဆိုအရ သူတို့နှစ်ဦးစေ့စပ်ခဲ့တဲ့ ဘဟားမားကျွန်းစု အပန်းဖြေစခန်းမှာ မတူတဲ့ ပိုကြီးတဲ့ လက်စွပ်ကို Hailey က ဝတ်ဆင်ထားခဲ့တာကို မြင်တွေ့ခဲ့ရတဲ့အကြောင်း ဖော်ပြထားပါတယ်။ အခုလိုမျိုး အထူးအချိန် အခါ သမယကို ဆင်နွှဲဖို့ သူတို့နှစ်ဦးဟာ ကမ်းခြေမှာ “Despacito” သီချင်းကို ပျော်ပျော်ရွှင်ရွှင်ကနေတဲ့ ဗီဒီယိုအတိုတခု ကိုလည်း တင်ခဲ့ပါသေးတယ်။

Daily Mail ရဲ့အဆိုအရ Hailey ရဲ့ ဘဲဥပုံ စိန်လက်စွပ်ဟာ အမေရိကန်မင်းသမီး Blake Lively ရဲ့ ဒေါ်လာ ၂ သန်းတန် လက်စွပ်နဲ့ ဆင်တူတဲ့အကြောင်း ဖော်ပြထားပါတယ်။

၂ဝ၁၂ ခုနှစ်မှာ မော်ဒယ် Hailey တင်ခဲ့တဲ့ Twitter က ပို့စ်တခုမှာ တော့ “တကယ်လို့များ ကျမရဲ့ လက်စွပ်ဟာ Blake Lively ရဲ့ လက်စွပ်လောက် မကြီးဘူးဆိုရင် ကျမ လက်ထပ်မှာမဟုတ်ဘူး” လို့ ပြောကြားခဲ့ဖူးပါတယ်။ အဆိုတော် Bieber အဲဒီပို့စ်ကိုမြင်တွေ့ခဲ့ပုံရပြီး အခုလိုမျိုးဒေါ်လာ ၂ သန်းတန်လက်စွပ်နဲ့ ချစ်ခွင့်ပန်ခဲ့တာလို့လည်း သတင်းတွေမှာဆိုပါတယ်။

Ref: asiaone

Did you find apk for android? You can find new Free Android Games and apps.
Loading