Entertainment

“အသက် ၁၅နှစ်သမီးကတည်းက မင်းသမီးစလုပ်ခဲ့တာပါ” ဆိုတဲ့ ခင်ဇာခြည်ကျော်

Want create site? Find Free WordPress Themes and plugins.

အနုပညာလောကမှာ အချိန်ကြာမြင့်စွာရပ်တည်နေခဲ့တဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော်က အခုချိန်မှာပရိသတ်က မြန်မာဇာတ်ကား၊ ဇာတ်လမ်းတွဲတွေကို ပရိသတ်က ကြည့်လာပြီဖြစ်တဲ့အတွက် မြန်မာရုပ်ရှင်လောက အောင်မြင်လာတယ်လို့ ဆိုပါတယ်။

“ အခုလတ်တလောကတော့ MRTV-4 က “ချစ်ခြင်းတရားတို့ရှိရာ” ဇာတ်လမ်းတွဲလေး ရိုက်နေပါတယ်။ အခုနောက်ပိုင်း ဗီဒီယိုခွေတွေ ဘာတွေကြည့်တဲ့ သူတွေလည်း ရှိပါတယ်။ နယ်တွေကျတော့လည်း စလောင်းတွေ မရှိတဲ့ အခါကျတော့ Channel တွေကနေ မကြည့်နိုင်တဲ့အခါကျတော့ အခွေကိုပဲ ဦးစားပေးရတာပေါ့။ မြို့ကြီးတွေ ကျတော့လည်း စလောင်းတွေရှိနေပြီဆိုတဲ့ အခါကျတော့ စီးရီးတွေပဲ ဦးစားပေးတယ်”

“လူကြီးလူငယ်တိုင်းက ကိုယ့်အိမ်ကနေ ဘယ်မှမသွားဘဲ ၇ နာရီကျရင် ကိုယ့်အိမ်ကနေ ဘာကားလာမယ်ဆိုပြီး စောင့်ကြည့်နေကြတော့ ဒီရုပ်သံစီးရီးတွေက ခုခေတ်ပိုပြီးတော့ ခေတ်စားလာတယ်။ အရင်တုန်းက ကိုရီးယားကားတွေကို ကြည့်ကြတယ်။ အခု မြန်မာဇာတ်လမ်းတွဲလေးတွေကို ကြည့်လာကြတော့ မြန်မာရုပ်ရှင်လောက အောင်မြင်လာတယ်လို့ ဆိုရမယ်။ မြန်မာလူမျိုးတွေက မြန်မာဇာတ်ကားကို ပိုပြီး အားပေးလာကြတာ သဘာဝပိုကျပါတယ်” လို့ ခင်ဇာခြည်ကျော်က ဆိုပါတယ်။

၁၅နှစ်သမီး ကတည်းက မင်းသမီးလုပ်လာတဲ့ အကယ်ဒမီရ သရုပ်ဆောင် ခင်ဇာခြည်ကျော်က အနုပညာလောက ရိုက်ကူးရေးများ ခဏနားခဲ့ပြီး ဒီလောကကို ပြန်လည်ဝင်လာချိန်မှာတော့ မင်းသမီးဆိုပြီး ပြန်ဝင်လာတာမျိုး မဟုတ်ဘဲ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်မယ်ဆိုပြီးစိတ်နဲ့ ပြန်လာတယ်လို့ ဆိုပါတယ်။

“၂၀၁၈ခုနှစ်ကတော့ ကျမအတွက် အကောင်းအဆိုးတွေ ဒွန်တွဲနေတယ်။ ကျမ ကံကောင်းတယ်ဆိုရမှာပေါ့ ကျမပါဝင်ခဲ့တဲ့ “ဥပါဒါန်” ရုပ်ရှင်ကားကြီး ပေါက်တယ်။ အခု “ရာဇဝင်ရိုင်းခဲ့သည်” နာမည်ကြီးနေတယ်။ ပြီးရင် “မင်္ဂလာကုတင်” လာမယ်။ ကျမ ကားကြီးတွေ ၂၀၁၈ခုနှစ် မှာ ဆက်တိုက်ကို ရုံတင်ခွင့်ရတော့ ဆက်တိုက် ကျမကားတွေထွက်တာပေါ့”

“ထွက်တဲ့ အပေါ်မှာလည်း ပရိသတ်အားပေးမှုတွေ ပိုရလာတာပေါ့။ ကျမ အတွက် ကတော့ ကံကောင်းခြင်းပေါ့။ ကံမကောင်းခြင်းကတော့ ကျမ ဘဝမှာ ကျမပြောမပြနိုင်တဲ့ အခက်အခဲတွေရှိတယ်။ အဲ့တာကို ပြောချင်တာပါ”

“ကျမ ၁၉၉၁ ခုနှစ် ၁၅နှစ်သမီးကတည်းက မင်းသမီးလုပ်တယ်။ ကျမ ဒီလောကထဲ ပြန်ရောက်လာချိန်မှာ အကောင်းဆုံးဇာတ်ပို့ တယောက်အနေနဲ့ပဲ ပြန်ဝင်လာတာဖြစ်တဲ့အတွက် ကျမ ကျရာဇာတ်ရုပ်မှာပဲ ပီပြင်အောင် သရုပ်ဆောင်ရမှာပါ။ အရင်တုန်းက “ငါမင်းသမီးပဲ” ဆိုပြီး မာန်တက်နေရင် ကိုယ့်အသက်အရွယ်တဲ့ ဘယ်အလုပ်ဖြစ်မလဲ”လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။

ခင်ဇာခြည်ကျော်ဟာ “ဥပါဒါန်” ရုပ်ရှင်ဇာတ်ကားကြီး၊ “ရာဇဝင်ရိုင်းသူများ” ရုပ်ရှင်ဇာတ်ကားကြီးများကို ပီပီပြင်ပြင် သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်များရဲ့အားပေးမှုကိုလည်း ရရှိထားပြီး မကြာခင်ရိုက်ကူးမယ့် “တစ်ခုလပ်” ဆိုတဲ့ ရုပ်ရှင်ကားမှာလည်း ပါဝင်သရုပ်ဆောင်ဦးမယ် လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading