• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အီတလီနိုင်ငံမှာ မတော်တဆမှုကြောင့် ဒဏ်ရာ ရရှိခဲ့တဲ့ မင်းသား George Clooney

by မစ်ကီ
11 July 2018
in Entertainment
A A
မင်းသား George Clooney

မင်းသား George Clooney

5.4k
VIEWS
Share on FacebookShare on Twitter

ဟောလိဝုဒ်မင်းသား George Clooney ဟာ မတော်တဆမှု တခုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဒေသတွင်း အီတလီ မီဒီယာတွေရဲ့ သတင်းထုတ်ပြန်ချက်တွေအရ အသက် ၅၇ နှစ်အရွယ်၊ မင်းသားဟာ မီနီစီးရီး ဖြစ်တဲ့ “Catch-22” ကို ရိုက်ကူးနေတဲ့ Sardinia မြို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

ကနဦး သတင်းတွေမှာတော့ သူစီးလာတဲ့ စကူတာဆိုင်ကယ်ဟာ ကားတစီးနဲ့ ဝင်တိုက်မိခဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
11.2k
မြိတ်မြို့

မြိတ်မြို့

11 May 2025
574
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
249

ဒဏ်ရာရရှိခဲ့တဲ့ မင်းသား Clooney ကို John Paul II ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပေမယ့် NBC News သတင်းဌာနရဲ့ အဆိုအရ ဆေးရုံကနေ ဆင်းသွားခဲ့ပြီလို့ သိရပါတယ်။ မင်းသားဟာ သူကိုယ်တိုင် ထုတ်လုပ် ရိုက်ကူးပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးရေးအတွက် အီတလီနိုင်ငံမှာ အလုပ်များ နေခဲ့တာဖြစ်ပါတယ်။

မင်းသားရဲ့ ကိုယ်စားလှယ်ကတော့ “George ဟာ Olbia ဆေးရုံတခုမှာ ကုသမှု ခံယူခဲ့ပြီး ပြန်ဆင်းလာခဲ့ပါပြီ။ သူဟာ အိမ်မှာ ပြန်လည် သက်သာလာနေပြီး ကောင်းသွားမှာပါ” လို့ ET မီဒီယာကို ပြောကြားခဲ့ပါတယ်။

NBC News ရဲ့ သတင်းထောက် Claudio Lavanga က “Olbia မြို့ဆီသွားတဲ့ State Road 125 မှာ မင်းသား George Clooney ဟာ နံနက် ၁၀ နာရီမှာ သူ့ရဲ့ စကူတာကို စီးနင်းနေခဲ့ပါတယ်။ လမ်းမှန်ကို မောင်းနှင်လာ ခြင်းမရှိခဲ့တဲ့ ကားက သူ့ကို တိုက်ခဲ့ပါတယ်။ သူလဲကျသွားပါတယ်။ ကားမောင်းသမားက လူနာတင်ယာဉ်ကို ခေါ်ခဲ့ပါတယ်။ MRI ရိုက်စရာ မလိုခဲ့ပါဘူး။ သူဟာ ပြင်းပြင်းထန်ထန်လည်း ဒဏ်ရာ မရရှိခဲ့ပါဘူး” လို့ Twitter မှာ ဒေသစံတော်ချိန် ဇူလိုင်လ ၁၀ ရက်နံနက်ပိုင်းမှာ တင်ခဲ့ပါတယ်။

ဇနီးဖြစ်သူ Amal Clooney ၊ တနှစ်သားအရွယ် အမြွှာတွေဖြစ်ကြတဲ့ Alexander နဲ့ Ella တို့အပါအဝင် Clooney မိသားစုကတော့ ရိုက်ကူးရေးအတွက် အီတလီမှာ ခေတ္တရောက်ရှိ နေကြတာလည်း ဖြစ်ပါတယ်။

အခုလ အစောပိုင်းမှာတော့ George နဲ့ Amal တို့ဟာ Sardinia မြို့မှာရှိတဲ့ La Tavernetta စားသောက်ဆိုင်မှာ ညစာအတူ သုံးဆောင်နေခဲ့ကြတာကို မြင်တွေ့ခဲ့ကြရပါတယ်။

Ref: etcanada

Your Thoughts …
Tags: George Clooney
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မင်းသား George Clooney ရဲ့ အကြိုက်ဆုံး ဆိုင်ကယ်

စစ်ပြန်တွေကို ကူညီဖို့ အကြိုက်ဆုံး ဆိုင်ကယ်ကို ရောင်းချတော့မယ့် George Clooney

by မစ်ကီ
6 November 2018
18k

အဲဒီလှူဒါန်းမှုတွေ ပြုလုပ်ဖို့ တလလောက် လုပ်ကိုင်ခဲ့ကြပြီး အဖွဲ့အတွက် ရန်ပုံငွေရရှိနိုင်ရေး အဲဒီဆိုင်ကယ်ကိုလေလံပစ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဝင်ငွေအများဆုံးနဲ့ ရပ်တည်နေတဲ့ မင်းသားကြီး George Clooney

၂၀၁၈ ခုနှစ်အတွက် ဝင်ငွေအများဆုံး မင်းသားအဖြစ် George Clooney ရပ်တည်

by မစ်ကီ
24 August 2018
7.9k

မင်းသား Will Smith၊ ဘောလိဝုဒ် မင်းသားတွေ ဖြစ်ကြတဲ့ Akshay Kumar နဲ့ Salman Khan၊ မင်းသား Adam Sandler နဲ့ Chris Evans တို့ဟာ အဆင့် ၁၀...

အမေရိကန် ရုပ်ရှင်မင်းသား George Clooney တို့ စုံတွဲ / AFP

“လက်နက်ကိုင် အကြမ်းဖက်မှု ဆန္ဒပြပွဲ” အတွက် ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့တဲ့ George Clooney တို့ စုံတွဲ

by မစ်ကီ
22 February 2018
2.9k

မတ်လ ၂၄ ရက်နေ့၊ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ ဆန္ဒပြကြမယ့် အစီအစဉ်ကို အခုလိုမျိုး ငွေကြေးအလုံးအရင်းနဲ့ လှူဒါန်းလိုက်တာလို့ သိရပါတယ်။

Next Post
အမေရိကန်မှာတော့ ခွေးတွေ၊ ကြောင်တွေ မွေးတာထက် ပိုမိုခေတ်စားလာပါတယ်

မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူလာကြတဲ့အကြောင်း

ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးလေး Zsa Zsa

အသက် ၉ နှစ်အရွယ်မှာ သေဆုံးသွားတဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးလေး Zsa Zsa

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.7k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate