• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“သားလေး မွေးမှာဖြစ်လို့ ကျနော်အတွက် အဖော်ကောင်းကောင်း ရပြီ” ဆိုတဲ့ မြင့်မြတ်

by ချစ်ပိုး
12 July 2018
in Entertainment
A A
သရုပ်ဆောင် မြင့်မြတ် / Myat wai Tun's Facebook

သရုပ်ဆောင် မြင့်မြတ် / Myat wai Tun's Facebook

12.5k
VIEWS
Share on FacebookShare on Twitter

ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင် ပီပြင်တဲ့ မြင့်မြတ်ကတော့ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ “ငဒူ” နဲ့ “ဘော်ဘော်ကထှော်” ရုပ်ရှင်တွေဟာ လတ်တလောမှာ ရုံတင်ပြသနေပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ ရုပ်ရှင်ကားတွေလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားတွေနဲ့ ပတ်သက်လို့ မြင့်မြတ်က “ငဒူ” ဇာတ်ကားက ဒရာမာကား ဖြစ်ပေမယ့် အကယ်ဒမီ ရဖို့ မသေချာဘူးလို့လည်း ဆိုပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
440
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
843
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

“ငဒူဇာတ်ကားက ကာရိုက်တာလေးတော့ ဆန်းတယ်။ အကယ်ဒမီကတော့ မသေချာပါဘူး။ ရရ မရရ အေးဆေးပါပဲ။ ငဒူဇာတ်ကား အရမ်းအောင်မြင်တော့ ဝမ်းလည်း ဝမ်းသာပါတယ်။ ကြည်လည်း ကြည်နူးတယ်။ ဘာလို့လဲဆိုတော့ ဟာသကား သီးသန့် မဟုတ်ဘူးလေ။ နောက်ပိုင်းမှာ ဒရာမာလည်း ချိုးထားတော့ အထူးသဖြင့် ဒရာမာဇာတ်ကို အားပေးလို့ ပိုပြီးတော့ ဝမ်းသာပါတယ်” လို့ မြင့်မြတ်က ပြောပါတယ်။

“ဒီဇာတ်ကားလေးကို အောင်တိုင်းကျေ်ာက ရိုက်တာကို ဒါရိုက်တာ ဦးညီအောင်က လိုချင်တဲ့ ပုံစံကို ပြောပြပေးတယ်။ သင်ပြပေးတယ်။ အဲ့ဒီအပေါ်မှာ ကျနေ်ာတို့က အကောင်းဆုံး သရုပ်ဆောင်တာပါ။ ဘော်ဘော်ကထှော်မှာ တက်တူး ဖျောက်ဖို့ မိတ်ကပ်လိမ်းတယ်။ မိတ်ကပ်ကို ဆီဆေးနဲ့ လိမ်းတယ်။ ၃ရက်လောက်တော့ခံတယ် အဆင်မပြေဘူး။ နေအရမ်းပူရင်တောင် ချွေးမထွက်တာ့၂ရက်၊ ၃ရက်လောက်မှာ အဆင်မပြေတော့ဘူး။ ဖျားချင်သလို နာချင်သလို ဖြစ်တာနဲ့ နောက်ပိုင်း ရေဆေးနဲ့ မိတ်ကပ်နဲ့လုပ်ရတယ်”

“နောက် ခါးတောင်းကျိုက်ပြီး လျှောက်ပြေးနေရတာတော့ ရှက်တယ်။ Indoor ဆိုရင်တော့ ပြဿနာ မရှိဘူးပေါ့။ အခုက Outdoor လည်းဖြစ်တယ်။ ရပ်ကွက် ဈေးတွေထဲတောင် ပါတယ်။ တော်တော် ရှက်တာပေါ့။ တယောက်တည်း မဟုတ်ဘူး။ ၃ယောက်လုံး ရှက်နေတာ။ ဒါပေမယ့်လည်း “ညီလေးရယ် ရှက်လိုက်ကွာ ဟုတ်တယ် အစ်ကိုရာ ရှက်လိုက်တာ” လို့ ပြောပြောပြီးပဲ ရိုက်နေရတာပေါ့” လို့ မြင့်မြတ်က ဆိုပါတယ်။

သရုပ်ဆောင် မြင့်မြတ်က လက်ရှိမှာ ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ ” အချစ်ဆုံး ” ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် နေနော်၊ သင်ဇာဝင့်ကျော်၊ အိချောပို ၊ မေမြင့်မိုရ်တို့နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မြင့်မြတ်ရဲ့ ဇနီးဖြစ်သူကလည်း မကြာခင်မှာ သားလေးမွေးဖွားတော့မှာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာလည်း ဝမ်းသာနေတယ်လို့ မြင့်မြတ်က ဆိုပါတယ်။ ဖခင်တယောက်ဖြစ်လာတော့မယ့် မြင့်မြတ်က အဲဒါနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ကလေးက နောက်လမှာတော့ ရတော့မှာပေါ့။ ခုလောလောဆယ် သားလေးရတော့မှာမလို့ လင်မယား နှစ်ယောက်စလုံး တော်တော် ပျော်နေပါတယ်။ ဖခင်တယောက် ဖြစ်လာတော့မှာဆိုတော့ ကြည်နူးနေတယ်။ သူ့အတွက် အကောင်းဆုံး ဖြစ်အောင် အစစအရာရာ အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါ” လို့ မြင့်မြတ်က ပြောပါတယ်။

“သားကို မမွေးခင်ကတည်းက ချစ်နေကြတာဆိုတော့ မွေးလာရင်လည်း ကျနော်တို့ဖြစ်ချင်တယ်ဆိုတာထက် သူဘာဖြစ်ချင်လဲဆိုတာကိုပဲ အကောင်းဆုံး ပံ့ပိုးသွားမယ်။ သားယောကျာ်းလေးဆိုတော့ ဘယ်သွားသွား ကျနော်နဲ့ လိုက်လို့ရတယ်။ သေချာပါတယ်။ ကျနေ်ာနဲ့ ကောင်းကောင်း အဖော်ရမှာပါ” လို့ မြင့်မြတ်က ပြောပါတယ်။

Your Thoughts …
Tags: မြင့်မြတ်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ရခဲ့တဲ့ မြင့်မြတ်  / မျိုးမင်းစိုး / ဧရာဝတီ

“အကယ်ဒမီ မြင့်မြတ် ဖြစ်သွားပါပြီ”ဆိုပြီး ပရိသတ်တွေကို ပြောလိုက်တဲ့ မြင့်မြတ်

by ယုဖြူဟန်
23 March 2018
11.2k

မြင့်မြတ်ကတော့ ယခုနှစ် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများထဲမှာ ဟာသရုပ်ရှင် ဇာတ်ကားများ အရေအတွက်က များနေပြီး ဒရာမာဇာတ်ကား အနေဖြင့် “အမှောင်တွေ ရွာချတဲ့ မိုးတိမ်” (ကျွန်) ဇာတ်ကားတကားသာ ပါရှိနေကာ

ဟာသသရုပ်ဆောင် အရိုင်း / ချစ်ပိုး / ဧရာဝတီ

“ဂျင်းကောင်” ကားမှာ မြင့်မြတ်အဖေ နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ အရိုင်း

by ချစ်ပိုး
8 February 2019
13.5k

“မြင့်မြတ်ကို ဂျင်းကောင်လို့ ပရိသတ်တွေက အသိအမှတ်ပြုကြတာ မြင့်မြတ်တော်လို့သာပေါ့။ မြင့်မြတ်သာ မတော်ရင် ပရိသတ်က ဘယ်အသိအမှတ်ပြုမလဲ။ သူဒီလိုလေးလုပ်နိုင်တာ တော်တယ်လို့ ပြောရမယ်”

သရုပ်ဆောင် ရဲမင်းပိုင် နဲ့  မြင့်မြတ်  / Ye Min Paing's  / Facebook

“မြင့်မြတ်အတွက် ဇာတ်လမ်းလေးတွေရှိတယ်ဆိုတဲ့” ရဲမင်းပိုင်

by ချစ်ပိုး
13 August 2018
8.2k

ဒီဇာတ်ကားတွေကတော့ "သစ္စာရှိသော ကတိ" ဇာတ်ကားနဲ့ " သွေးအတွက် ကြိုးဝိုင်း" ဆိုတဲ့ ဇာတ်ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် မြင့်မြတ်နဲ့ အဆိုတော် ယုန်လေး / Yone Lay's Facebook

“မြင့်မြတ်က နာမည်နဲ့ လိုက်အောင် မြင့်မြတ်ပါတယ်”လို့ ယုန်လေး ပြော

by ချစ်ပိုး
21 December 2020
5.2k

ဝေဖန်တာ မစောစေချင်ပါဘူး။ တလောကလုံးလည်း သူ့စိတ်ထား သူ့စိတ်ဓာတ် သိပါတယ်။ ချက်ချင်း ဘယ်သူ့မှ ဝင်မပြောကြတာ မိသားစုရေး ဖြစ်နေလို့ပါ”လို့ ယုန်လေးက ပြောပါတယ်။

သရုပ်ဆောင်ရှင်မွေလ  / Shin Mwe La's Facebook

“ကိုမြင့်မြတ်က ကျနော့်အိုင်ဒေါပါ”လို့ သရုပ်ဆောင်ရှင်မွေလ ပြော

by ချစ်ပိုး
11 April 2019
9k

ကိုမြင့်မြတ် နဲ့တူတယ်ဆိုပေမယ့် အပြင်မှာတော့ တခါမှ မမြင်ဖူးသေးဘူး။ အတူတူရိုက်ခွင့် ရမယ်ဆိုရင်တော့ ဝမ်းသာမှာပါ။ ကျနော် အစ်ကို့ကို အားပေးနေတယ်၊

အစ္စရေးနိုင်ငံမှာရှိတဲ့ Western Wall

ကမ္ဘာပေါ်က မြင့်မြတ်သော နေရာများ

by ညီညီသူ
5 April 2019
10.4k

ဂျူးလူမျိုးတွေက ဒီနေရာကို ဒုတိယကျောင်းတော်လို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ ရှောလမုန်ဘုရင် တည်ဆောက်ခဲ့တဲ့ ပထမကျောင်းတော်ကတော့ ဘီစီ ၅၈၇ ခုနှစ်မှာ ဘေဘီလုံ သားတွေရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။

Next Post
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း နိုင်ငံရေးအသိုင်းအဝိုင်းက ဘယ်လိုတုံ့ပြန်သလဲ (ရုပ်/သံ)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း နိုင်ငံရေးအသိုင်းအဝိုင်းက ဘယ်လိုတုံ့ပြန်သလဲ (ရုပ်/သံ)

မြောက်ပိုင်းအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မယ်ဟုဆို (ရုပ်/သံ)

မြောက်ပိုင်းအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မယ်ဟုဆို (ရုပ်/သံ)

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate