သရုပ်ဆောင် ကျော်ကျော်ဗိုက မကြာသေးခင်က ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် အသားအရေ စိုပြေလာပြီး ကြည့်ကောင်းလာတာ ဖြစ်တယ်လို့ ဖြေကြားခဲ့ဖူးပြီး အဲဒီအပေါ် ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသူတဦးပါ။
ကျော်ကျော်ဗိုက ဆေးလိပ်ဖြတ်လိုက်တာနဲ့ ပတ်သက်လို့လည်း မကြာသေးခင်က Facebook မှာ Live လွှင့်ပြီး ပရိသတ်ကို အခုလို ပြောခဲ့ပါတယ်။
“ကျနော်ဆေးလိပ်ကတော့ ပြန်မသောက်ဖြစ်တော့ပါဘူး။ ကျနော်အခု Gym ပြန်ဆော့နေပါတယ်။ ဆေးလိပ်က ကျနော် ပြန်မသောက်တော့ပါဘူး။ ကျနော် မလုပ်တော့ဘူးဆိုတဲ့ အရာတခုကို လှည့်မကြည့်ဖြစ်တာ များပါတယ်။ ကျနော် လုပ်တုန်းကတော့ စွဲစွဲမြဲမြဲလုပ်တယ်။ မလုပ်တော့ဘူးဆိုတဲ့အခါကျရင် ကျနော် သတိတောင် မရတော့တာတွေ ရှိတယ်” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
ဆေးလိပ် ဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး “အဲဒီကိစ္စနဲ့ ကျနော်နဲ့ ပတ်သက်ခဲ့ဖူးသလားလို့ မေးရအောင်ကို ကျနော် အဲဒါကို စိတ်ထဲက ထုတ်လိုက်ပါတယ်” လို့လည်း ကျော်ကျော်ဗိုက ဆိုပါတယ်။
ဆက်လက်ပြီး ကျော်ကျော်ဗိုက “စွဲလန်းစေတာ ကျနော်မှ တခုမှ မရှိပါဘူး။ ကိုယ်လုပ်ချင်လို့ လုပ်နေတယ်။ ကိုယ်စွဲလန်းချင်လို့ စွဲလန်းနေတဲ့စိတ်နဲ့ ဟန်ဆောင်နေတယ်ပေါ့။ ကျနော်မှာ မရှိရင် မဖြစ်ဘူးဆိုတဲ့ တခုတ်တရကြီးတွေ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဘာမှမရှိဘဲ လောကကြီးထဲကို ဝင်လာကြတယ်။ ပြီးတော့ ဘာမှမရှိဘဲ လောကကြီးထဲကနေ ပြန်ထွက်သွားကြတယ်။ အဲ့တော့ ဖြတ်သန်းနေတဲ့ အခါမှာလည်း ကိုယ့်အတွက် မဖြစ်မနေ ရှိရမယ်ဆိုပြီး ဘာမှ ရှိနေစရာ မလိုပါဘူး”
“ရှိချင်တာ ရှိလာလိမ့်မယ်။ အဲဒီအပေါ် ကျနော်ဘာမှ သိပ်အစွဲအလန်း မရှိပါဘူး ကျနော် ဆေးလိပ် သောက်ခဲ့သလားလို့တောင် အခုချိန်မှာ ပြန်စဉ်းစားမယ်ဆို ပြန်စဉ်းစားနိုင်မယ့် စိတ်မျိုးဖြစ်နေတယ် အတိတ်မေ့သွားသလိုပေါ့ “လို့ ကျော်ကျော်ဗိုက သူ့ရဲ့ Facebook Live မှာ ပြောထားပါတယ်။
ကျော်ကျော်ဗိုက လက်ရှိမှာ လေ့ကျင့်ခန်းအနေနဲ့ မနက်ပိုင်း အချိန် ၂နာရီ ညနေပိုင်း အချိန် ၂နာရီခန့် အပြေးစက်ပေါ်မှာ အပြေးလေ့ကျင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
သရုပ်ဆောင်ကျော်ကျော်ဗိုက မကြာခင်သေးခင်က နှာခေါင်းခွဲစိပ်မှုပြုလုပ်ခဲ့ပြီး အရင်ကထက်ပိုပြီး ကြည့်ကောင်းလာတယ်လို့ ပရိသတ်များက Comment မှာ မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒီလို နှာခေါင်းခွဲစိပ် ခဲ့ရတာကလည်း လွန်ခဲ့တဲ့နှစ်များစွာက ဇာတ်ကရင်း နှာခေါင်းရိုးကို မတော်တဆ ထိခိုက်မှု ဖြစ်ပေါ်ခဲ့တာကြောင့် အခုလို ခွဲစိပ်ဖြစ်တာပါလို့ ဧရာဝတီကို ဖြေဆိုဖူးပါတယ်။
ကျော်ကျော်ဗိုက အနုပညာလှုပ်ရှားမှုအနေနဲ့ စက်တင်ဘာလအတွင်းမှာ ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေမှာ ရုပ်ရှင်ကားကြီးတကား သွားရိုက်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ Ride On Myanmar နဲ့လည်း ရေခဲတောင်တက်မယ့် ခရီးစဉ်လည်း သွားရောက်ဖို့ အစီအစဉ်ရှိတယ်လို့ Live မှာ ဆိုပါတယ်။
ကျော်ကျော်ဗိုက နောက်ပိုင်းမှာ ဆိုရှယ်မီဒီယာအနေနဲ့ Instagram နဲ့ Twitter ကိုသာ အသုံးပြုတာ များတော့မယ်လို့လည်း ဆိုသပါတယ်။ Facebook ကိုတော့ သိပ်မသုံးဖြစ်တော့ဘူးလို့ ပရိသတ်ကို အသိပေးခဲ့ပါတယ်။
နောက်ဆုံးအပိတ်မှာ ကမ္ဘာ့ဖလားမှာ ပြင်သစ်ထက် ခရိုအေးရှားက ဖလားရသွားနိုင်တယ်လို့လည်း သူ့ရဲ့အမြင်ကို ဆိုသွားခဲ့ပါတယ်။