• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဘောလိဝုဒ် ရုပ်ရှင်လောကကို တဆင့်မြှင့်တင်ပေးနိုင်ခဲ့တဲ့ “Gangs Of Wasseypur” ရုပ်ရှင်

by ဟယ်လ်သင်
13 July 2018
in Entertainment
A A
Gangs Of Wasseypur  ဂိုဏ်းစတားရုပ်ရှင်

Gangs Of Wasseypur ဂိုဏ်းစတားရုပ်ရှင်

4.6k
VIEWS
Share on FacebookShare on Twitter

ဒီတခါမှာတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDB rating (8.2) နဲ့ Rotten Tomatoes (၉၆) ရာခိုင်နှုန်းအထိ ရရှိထားတဲ့ ဘောလိဝုဒ်ဂိုဏ်းစတား ဇာတ်ကား ကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားဟာ Part-1 နဲ့ Part-2 ဆိုပြီး ၂ ကား ထွက်ရှိထားတာဖြစ်ပြီး ဇာတ်ကားတကားနဲ့ တကားကို အချိတ် အဆက်မိမိ၊ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Anurag Kashyap ကရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Manoj Bajpayee, Nawazuddin Siddiqui,Richa Chadda,Huma Qureshi,Tigmanshu Dhulia နဲ့တခြားသော နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင် ထားကြပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
761
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.4k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
518

ဘောလိဝုဒ် ဂိုဏ်းစတားကားတွေထဲမှာမှ ဖြစ်ရပ်မှန်ကို အခြေခံပြီး သဘာဝကျကျ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကိုတော့ တယောက်နဲ့တယောက် အကျော်အခွ အသတ်အဖြတ်တွေ၊ နောက်ခံသီချင်း ကောင်းကောင်းတွေ ၊ အက်ရှင်ခန်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အိန္ဒိယနိုင်ငံကို အင်္ဂလိပ်အစိုးရ အုပ်ချူပ်ခဲ့စဉ်အချိန်ကာလတွေမှာ Wasseypur ဆိုတဲ့ မြို့မှာတော့ တောပုန်းဓားပြတွေနဲ့ ဒုစရိုက်လောကသားတွေ ကြီးစိုးနေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒီလိုအချိန် ကာလမှာ ဓားပြဗိုလ် ဆူလ်တာနာရဲ့နာမည်ကို အသုံးချပြီး ကြားဖြတ်လုယက်နေသူကတော့ ရှဟီးဒ်ခန်းမ်ပဲ ဖြစ်ပါတယ်။

ရှဟီးဒ်ခန်းမ်ရဲ့မလိမ့်တပတ် လုပ်ရပ်ကို ဆူလ်တာနာ သိသွားတဲ့အခါမှာတော့ တခြားတနေရာကို အသက်လု ပြေးခဲ့ရပြီး ရာမာဒီးရ်ဆိုတဲ့ စီးပွားရေးသမားလက်အောက်မှာ တိုက်ခိုက်ရေးသမားအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အကြံကြီးတဲ့ ရှဟီးဒ်ခန်းမ် တယောက် သူ့အလုပ်ရှင် ခရိုနီစီးပွားရေးသမား ရာမာဒီးရ်ကို လုပ်ကြံမယ့် အကြံအစည်ကို ရာမာဒီးရ်က ရိပ်မိသွားတဲ့နောက်မှာတော့ မပြန်လမ်းကိုပဲ မြန်းခဲ့ရပါတော့တယ်။

ရှဟီးဒ်ခန်းမ်တယောက် လုပ်ကြံခံရပြီး သေဆုံးသွားပေးမယ့် သူ့ရဲ့သားဖြစ်သူ ဆဒါးရ်ခန်းမ်ကိုတော့ တပည့် ဖြစ်သူက လုပ်ကျွေးပြုစုခဲ့ပြီး ဆဒါးရ်ခန်းမ်ရဲ့ဘဝတလျှောက်လုံးဟာလည်း သူ့ဖခင်အတွက် လက်စားချေဖို့ ရှင်သန်နေတာဖြစ်ပြီး သူ့ရဲ့သားစဉ်မြေးဆက်တလျှောက်လုံးကပါ ဒီဆန္ဒကို ဖြည့်ဆည်းနိုင်မှာလားဆိုတာကိုတော့ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

ဒီဇာတ်ကားဟာ ဘောလိဝုဒ်ရဲ့ Godfather ရုပ်ရှင်လို့တောင် ပြောလို့ရပြီး Over Action တွေနဲ့ Long Coat ကြီး ဝတ်၊ တက်တူးတွေထိုးထားတဲ့ ပေါပေါပဲပဲ ဂိုဏ်းစတားကားတကား မဟုတ်ဘူးဆိုတာတော့ အသေအချာ ပြောရဲပါတယ်။

မျက်နှာသစ် သရုပ်ဆောင်တော်တော်များများကို ပွဲထုတ်ထားတဲ့ ဒီဇာတ်ကားဟာ ၂၀၁၂ ခုနှစ်ရဲ့ နာမည်ကြီး သရုပ်ဆောင် အများစု ပါဝင်တဲ့ ဇာတ်ကားတွေနဲ့အပြိုင် အောင်မြင်ခဲ့တဲ့ ဇာတ်ကားတကားဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေ အတွက် ညွှန်းဆိုပေးလိုက်ပါတယ်။

Your Thoughts …
Tags: Gangs Of Wasseypur ရုပ်ရှင်
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

No Content Available
Next Post
ကျား/မ တန်းတူရေးဆွေးနွေးမှုတွေ နောက်ကျနေပြီလား (ရုပ်/သံ)

ကျား/မ တန်းတူရေးဆွေးနွေးမှုတွေ နောက်ကျနေပြီလား (ရုပ်/သံ)

သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်  / Hla Myo Thinzar Nwe's Facebook

အနုပညာကို လုပ်ခွင့်ရတယ်ဆိုတဲ့ စိတ်နဲ့ ဇာတ်ကားတွေ ပြန်ရိုက်နေတဲ့ လှမျိုးသဉ္ဇာနွယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate