• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တောင်ကိုရီးယား ဒီမိုကရေစီ သူရဲကောင်းများ အကြောင်း ရိုက်ပြထားတဲ့ “1987”

by မစ်ကီ
15 July 2018
in Entertainment
A A
တောင်ကိုရီးယား နိုင်ငံရေး သည်းထိတ်ရင်ဖို ရုပ်ရှင် "1987: When the Day Comes"

တောင်ကိုရီးယား နိုင်ငံရေး သည်းထိတ်ရင်ဖို ရုပ်ရှင် "1987: When the Day Comes"

9.8k
VIEWS
Share on FacebookShare on Twitter

ဒီနေ့ ညွှန်းဆိုပေးမယ့် ရုပ်ရှင်ကတော့ ဒါရိုက်တာ Jang Joon Hwan ရိုက်ကူးထားတဲ့ တောင်ကိုရီးယား နိုင်ငံရေး သည်းထိတ်ရင်ဖို ရုပ်ရှင် “1987: When the Day Comes” ပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေ အဖြစ် Kim Yoon-seok, Ha Jung-woo, Yoo Hae-jin, Kim Tae-ri, Park Hee-soon နဲ့ Lee Hee-joon တို့ ပါဝင်ထားကြပြီး ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ရုံတင်ပြသခဲ့တာပါ။

ဒီရုပ်ရှင်ဟာ ၁၉၈၇ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ကြောရေးစခန်းမှာ စစ်ဆေးမေးမြန်းနေစဉ် သေဆုံးသွားတဲ့ ကျောင်းသား ကိစ္စကို ဖုံးကွယ်ဖို့ ကြိုးစားရာကနေ တနိုင်ငံလုံးပါဝင်လာတဲ့ တောင်ကိုရီးယားနိုင်ငံက ဒီမိုကရေစီ လူထုအုံကြွမှု အကြောင်း အသေးစိတ် ရိုက်ပြထားတာပါ။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
526
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
230
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
771

၁၉၈၇ ခုနှစ်တုန်းက တောင်ကိုရီးယားနိုင်ငံဟာ ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အစိုးရ လက်အောက်မှာပါ။ နိုင်ငံကို သမ္မတ အနေနဲ့ အုပ်ချုပ်နေတဲ့သူက စစ်ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ်ပဲ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ အိုလံပစ်ပွဲတော် ကျင်းပဖို့ ရှိတာကြောင့် နိုင်ငံရေးနဲ့ပတ်သက်လို့ အတိမ်းအစောင်း မခံတဲ့အချိန် ဖြစ်နေပြီး ရွေးကောက်ပွဲလည်း ကျင်းပဖို့ ရှိနေတာကြောင့် အစစအရာရာ သတိကြီးကြီး ထားနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ တော့ ဇွန်လမှာ ဖြစ်ပေါ်လာတော့မယ့် ကိုရီးယားသမိုင်းမှာ နိုင်ငံရေး ဒီရေအမြင့်ဆုံး အပြောင်းအလဲ ဖြစ်တဲ့ နိုင်ငံလုံးကျွတ် ဒီမိုကရေစီ ဆန္ဒပြပွဲတွေဆီ ဦးတည်စေမယ့် ဖြစ်ရပ်တခုနဲ့ စတင်ထားပါတယ်။

အစိုးရကို ဆန့်ကျင်ဖို့ ကြိုးစားနေတယ်လို့ သံသယရှိတဲ့ “Park Jong Chul”လို့ အမည်ရတဲ့ ကျောင်းသားတဦးကို စစ်ကြောရေးစခန်းမှာ ခေါ်ယူစစ်ဆေး မေးမြန်းရာကနေ ကျောင်းသား Park သေဆုံးသွားခဲ့ပါတယ်။ အစိုးရ တာဝန်ရှိသူတွေက အဲဒီကျောင်းသား သေဆုံးမှုကို အလျင်အမြန် ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပြီး အလောင်းကို လက်စ ဖျောက်တဲ့ အနေနဲ့ မီးသြင်္ဂိုဟ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အချက်အလက် မပြည့်စုံရင် မီးသြင်္ဂိုဟ်ခွင့်ကို လက်မှတ် ရေးထိုးမပေးခဲ့တဲ့ အစိုးရရှေ့နေတဦးရဲ့ လုပ်ရပ်ကြောင့် သတင်း မီဒီယာတချို့က အဲဒီသတင်းကို အစအန ရသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ကျောင်းသား Park သေဆုံးရတဲ့ အကြောင်းအရင်းဟာ နှလုံးရောဂါ ကြောင့်ဖြစ်တယ်လို့ လိမ်လည်ပြောကြားခဲ့ပေမယ့် ပါးနပ်တဲ့ သတင်းမီဒီယာသမားတွေကြောင့် သတင်းအမှန်ကို သိခွင့်ရခဲ့ကြပါတယ်။

သတင်းအမှန်ကို ထုတ်ပြန်ခဲ့တဲ့ သတင်းစာတွေကိုလည်း ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းတာတွေ လုပ်ဆောင်ခဲ့ပေ မယ့် အမှန်တရားကို ချစ်မြတ်နိုးတဲ့ မီဒီယာသမားတွေကြောင့် သတင်းမှန်ကို ဖုံးကွယ်လို့ မရတော့ပါဘူး။ တဖက်မှာလည်း အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှု ဒဏ်ကို မခံနိုင်ဘဲ သမ္မတတဦး တိုက်ရိုက် ရွေးချယ်ခွင့် အပါအဝင် ဒီမိုကရေစီကျတဲ့ အချက်အလက်တွေကို တက္ကသိုလ်ကျောင်းသားတွေက ဦးဆောင်ပြီး တောင်းဆိုလာပါတော့ တယ်။

အစိုးရဘက်ကလည်း လူထုအုံကြွမှုလုပ်ဆောင်ဖို့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ သူတွေကို လိုက်လံ ဖမ်းဆီးတာမျိုး လုပ်နေတဲ့ တပြိုင်နက်တည်းမှာပဲ တက္ကသိုလ် ကျောင်းသားတွေကလည်း နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ အခြားကျောင်းသားတွေကို စုစည်းပြီး လူထုလှုပ်ရှားမှု ပြုလုပ်ဖို့ ကြံစည်နေကြပါတယ်။ သူတို့ကြံစည်နေတဲ့ အစီအစဉ်က အစိုးရရဲ့ ချေမှုန်းမှု မခံရဘဲ အောင်မြင်နိုင်ပါ့မလား။ သူတို့ မျှော်လင့်တောင့်တ တဲ့ “ယနေ့ခေတ် တောင်ကိုရီးယား သမ္မတနိုင်ငံတော်”ဆီ သွေးမြေကျပြီး ကြိုးပမ်းခဲ့ကြတဲ့ ဒီမိုကရေစီ သူရဲကောင်းတို့ အကြောင်းကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ IMDB Rating (10/8) ရရှိထားတဲ့ ဇာတ်ကားကောင်း ဖြစ်တာကြောင့် ဖြစ်ရပ်မှန် နိုင်ငံရေး ဇာတ်ကားကောင်း ကြိုက်သူတွေအတွက် ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။

Your Thoughts …
Tags: "1987" ရုပ်ရှင်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

No Content Available
Next Post
နီဗားဒါး လေတပ်အခြေစိုက်စခန်းရဲ့ ကွန်ပျူတာကွန်ရက်ကို ထိုးဖောက် ဝင်ရောက်ပြီး အရေးကြီး စာရွက်စာတမ်းတွေ ခိုးယူခံခဲ့ရတာပါ

Router မူလ Password မပြောင်းလဲထားတာကြောင့် US ဒရုန်း စာရွက်စာတမ်းများ ခိုးယူခံရ

ကချင်မော်ဒယ် ဂျေနော် / မန်းသူ

"၂၀၁၈ တနှစ်ပတ်လုံး စစ်ဘေးရှောင်စခန်းတွေကို လှုဒါန်းသွားမယ့်" ကချင်မော်ဒယ် ဂျေနော်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate