ဟောလိဝုဒ်လိုမျိုး အနုပညာလောကထဲက A အဆင့်ရှိတဲ့ စတားတွေဟာလည်း အတွင်းခံ ဘရာစီယာ မဝတ်ဘဲ ထသွား ထလာပဲဖြစ်ဖြစ်၊ ပွဲတက်တာမျိုး လုပ်ခဲ့တာကို Trend အသစ်တခုဆိုတာက အံ့သြစရာတော့ မဟုတ်ပါဘူး။
လမ်းမအထက်က လူကြားထဲမှာ လမ်းလျှောက်တဲ့အခါပဲ ဖြစ်ဖြစ်၊ နာမည်ကျော်ကြားသူတွေဟာ သူတို့ရဲ့ ဘရာစီယာတွေကို အိမ်မှာ ထားခဲ့ပြီး ၁၉၉၀ ပြည့်လွန် ကာလတွေမှာ နာမည်ကြီးခဲ့တဲ့ Friend ဇာတ်လမ်းတွဲ အတိုင်း ပေါ့ပေါ့ပါးပါး နေကြတာကိုလည်း မြင်တွေ့ရပါ တယ်။
ရာသီဥတုက ပိုပူလာလေလေ အခုလိုမျိုး ဘရာစီယာ မပါဝင်တဲ့ Trend က နာမည် ကျော်ကြားသူတွေကြား ရေပန်းစားလာလေလေ ဖြစ်ပါတယ်။ Red Carpet မှာပဲ ဖြစ်ဖြစ်၊ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ပွဲတခုခုကို သွားနေတဲ့ လမ်းမှာပဲဖြစ်ဖြစ် ဘရာစီယာ မဝတ်ကြတဲ့ ဖက်ရှင်ပုံစံကတော့ ပရိသတ်တချို့ အတွက်တော့ အမြင်ဆန်းလို့နေမှာပါ။
အခု ဖော်ပြမှာတွေကတော့ အတွင်းခံ ဘရာစီယာ မဝတ်ဘဲ ပရိသတ်ရှေ့မှောက် ရောက်ခဲ့ကြတဲ့ ဟောလိဝုဒ်က အဆိုတော်တွေ၊ အနုပညာရှင်တွေနဲ့ နာမည်ကျော်ကြားသူ တချို့တို့ရဲ့ အကြောင်းဖြစ်ပါတယ်။ ဝေဖန်သူတွေရော ထောက်ခံသူတွေပါ ရှိခဲ့တဲ့ ဒီလိုဝတ်စားဆင်ယင်မှုဟာ အနောက်တိုင်းမှာတော့ Trend တခု ဖြစ်လို့နေပါတယ်။
(၁) Selena Gomez
အဆိုတော် Selena Gomez ကတော့ ဒီလိုမျိုး အပြောင်ရှင်း Trend မှာ ထိပ်ဆုံးက ပြောရမယ့်သူပါ။ လန်ဒန်လိုမြို့ကြီးမှာ လမ်းလျှောက်ထွက်ချိန်မှာ Selena ဟာ လိပ်လည်ပင်းပုံစံ အနက်ရောက် အကျီ၊ ကုတ်အရှည်နဲ့ လိမ္မောနီရောင် ဒေါက်မြင့် ဖိနပ်တို့ကို စီးလာခဲ့ပေမယ့် အတွင်းခံဘရာစီယာ ဝတ်လာခဲ့တာ မရှိပါဘူး။
နောက်တခါ မှာတော့ နယူးယောက်မြို့မှာ တွေ့ရတဲ့ ပုံတခုဖြစ်ပါတယ်။ အပေါ်က အဝါရောင်အကျီကို ဝတ်ဆင်ထားပေမယ့် ဘရာစီယာ ဝတ်မလာခဲ့ပြန်ပါဘူး။
(၂) Kim Kardashian West
ရသစုံ အစီအစဉ်တင်ဆက်သူ Kim Kardashian West ကတော့ Jimmy Kimmel Live အစီအစဉ်ကို လာရောက်တဲ့ လမ်းမှာ လည်ပြတ်အကျီနဲ့ လိုက်ဖက်တဲ့ စကပ်ကို ဝတ်ဆင်လာခဲ့ပေမယ့် ဘရာစီယာ ဝတ်မလာခဲ့ ပြန်ပါဘူး။
နောက်တခါ ထပ်မံ မြင်တွေ့ရမှာက အခုလိုမျိုး နာမည်ကျော် Trend တခုမှာ ပါဝင်ဖို့ လှပတဲ့ အရေပြား တချို့ကို ပြသဖို့ မကြောက်ရွံ့တဲ့ Kim ရဲ့ပုံ ဖြစ်ပါတယ်။ နယူးယောက်မှာ သူ့လက်ထောက် Steph Shepherd နဲ့ အတူ အပြင်ထွက်လာစဉ်မှာ အဖြူရောင် စနီကာဖိနပ်၊ ဘောင်းဘီအရှည်တို့ကို ဝတ်ဆင်လာခဲ့ပေမယ့် အပေါ်ပိုင်း မှာတော့ အဖြူရောင် ကြိုးနှစ်ချောင်း အကျႌကို မြင်တွေ့ရပါတယ်။
(၃) Bella Hadid
မော်ဒယ် Bella Hadid ဟာလည်း ပဲရစ် ဖက်ရှင် ရက်သတ္တပတ်ကို လာရောက်ချိန်မှာ Parisian စတိုင်နဲ့ တက်ရောက်ခဲ့ပေမယ့် တကယ်ကြည့်လိုက်တဲ့အခါ သူလည်း ဘရာစီယာဝတ် မလာပြန်ပါဘူး။ မော်ဒယ် Hadid ကတော့ အနက်ရောင် ဘားရက် ဦးထုပ်နဲ့ ဂျာကင်ကို ဝတ်ဆင်ခဲ့ပေမယ့် ပုံမှာ မြင်ရတဲ့အတိုင်းဆိုရင် ဘရာစီယာ ပါမလာခဲ့ပြန်ပါဘူး။
တခါက လော့စ်အင်ဂျလိစ်မြို့မှာ ညစာစားဖို့ ထွက်လာတဲ့အချိန်မှာတော့ အနီရောင် မီနီဝတ်စုံနဲ့အတူ ဘရာစီယာ ဝတ်မလာတဲ့ပုံစံက ပရိသတ်ကို အံ့သြသင့်စေပြန်ပါတယ်။
(၄) Kendall Jenner
နာမည်ကျော်ကြားသူ Kendall Jenner ကတော့ နယူးယောက်မြို့ရဲ့ နွေရာသီမှာ Hot ဖြစ်တဲ့ Trend နှစ်ခုကို ဝတ်ဆင်လာခဲ့ပါတယ်။ တခုက ဘရာစီယာ မပါတဲ့ ပုံစံဖြစ်ပြီး တခုက ခါးပတ်အိတ်ကို ဝတ်ဆင်တဲ့ပုံစံ ဖြစ်ပါတယ်။ အခုလိုမျိုး အပြင်ထွက်တဲ့ ပုံစံအတွက် သူဟာ ဂျင်းန်ဘောင်းဘီ အတိုနဲ့ ပန်းပွင့်တွေပါတဲ့ အကျီလက်ရှည်ကို ဝတ်ဆင်ခဲ့တာ တွေ့ရပါတယ်။
(၅) Rita Ora
ဗြိတိသျှအဆိုတော် Rita Ora ကတော့ All Black ဝတ်စုံနဲ့အတူ ဘရာစီယာမပါတဲ့ပုံစံ ဖြစ်ပါတယ်။ ဘရာစီယာ မဝတ်ခြင်းဟာ ခန္ဓာကိုယ်ပေါ်မှာ ကျန်ရှိနေတဲ့ အခြားပုံစံတွေကို ပြောင်းလဲမသွားစေဘူးလို့ ပြသလိုက်တာပဲ ဖြစ်ပါတယ်။
(၆) Rihanna
ကမ္ဘာကျော် အဆိုတော် Rihanna ကတော့ ၂၀၁၆ ခုနှစ်ထဲမှာ ထသွားထလာလုပ်တဲ့ ပုံစံတွေထဲမှာ ဘရာစီယာ မဝတ်တဲ့ ပုံစံတော်တော်များတာ တွေ့ရပါတယ်။ ဒီနှစ်ထဲအထိ သူဟာ Bra မပါတဲ့ ပုံစံတွေကို ဝတ်ဆင်နေဆဲ ဖြစ်ပါတယ်။
Ref: instyle