Entertainment

အဲလိဇဘက် ဘုရင်မကြီး လုံးဝ မစားတဲ့ အစားအစာ ၅ မျိုး

အင်္ဂလန်နိုင်ငံက ဘုရင်မကြီး အဲလိဇဘက် (Queen Elizabeth II) အနေနဲ့ ကျန်းမာရေးကြောင့် မဟုတ်ဘဲ တချို့သော အစားအစာတွေကို လုံးဝ မစားဘဲ နေလေ့ရှိတယ်လို့ တော်ဝင်မိသားစုရဲ့ စားဖိုမှူး McGrady က ဆိုပါတယ်။

တော်ဝင်မျိုးနွယ်တွေရဲ့ ထူးထူးဆန်းဆန်း အကျင့်စရိုက်တခုလို့ ပြောလို့ရအောင်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ အဲလိဇဘက် ဘုရင်မကြီး လုံးဝ မစားတဲ့ အစားအစာ ၅ မျိုးကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေ လိုက်ပါတယ်။

(၁) ကြက်သွန်

တော်ဝင် မိသားစုအတွက် ဟင်းလျာတွေချက်ပြုတ်တဲ့အခါ ကြက်သွန်ကို ထည့်သွင်း ချက်ပြုတ်လေ့မရှိဘူးလို့ ဘုရင်မကြီးရဲ့ စားဖိုမှူး McGrady ကဆိုပါတယ်။ ကြက်သွန်ဖြူရော ကြက်သွန်နီပါ အနံ့ စူးရှတာကြောင့် အဲလိဇဘက် ဘုရင်မကြီးက စားသုံးဖို့ ရှောင်ကြဉ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

(၂) ပါစတာ (Pasta)

အဲလိဇဘက် ဘုရင်မကြီးဟာ ကစီဓာတ်ကြွယ်ဝတဲ့ ပါစတာနဲ့ အာလူးလို အစားအစာမျိုးကို စားသုံးလေ့ မရှိဘူးလို့ တော်ဝင် စားဖိုမှူး McGrady ကဆိုပါတယ်။ နေ့လည်စာအဖြစ် ပါစတာလို အစားအစာတွေထက် အရွက်သုပ်၊ ငါးကင်၊ ကြက်ကင်နဲ့ အခြား အသီးအရွက် နှစ်မျိုးလောက်ကိုသာ စားသုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

(၃) ဥ

အဖြူရောင်ရှိတဲ့ ဥတွေထက် အညိုရောင်ရှိတဲ့ ဥတွေကိုသာ စားသုံးလေ့ရှိပါတယ်။

(၄) ပေါင်မုန့်ဘေးသား

တူနာ Sandwich ကို စွဲစွဲမြဲမြဲစားသုံးလေ့ရှိပေမယ့် ပေါင်မုန့်ဘေးသားကိုတော့ ဘယ်တော့မှ စားလေ့ မရှိပါဘူး။

(၅) ငှက်ပျောသီး

အဲလိဇဘက် ဘုရင်မကြီး အပါအဝင် တော်ဝင်မိသားစု တစုလုံးဟာ ငှက်ပျောသီးကို အလုံးလိုက်ကိုင်ပြီး ဘယ်တော့မှ စားလေ့ မရှိပါဘူး။ ငှက်ပျောသီးကို အလုံးလိုက် ကိုင်စားခြင်းဟာ မျောက်တွေသာ စားလေ့ရှိတာလို့ ယူဆကြတာကြောင့် ငှက်ပျောသီးကို လှီးဖြတ်ပြီးမှ ခရင်းကို အသုံးပြုပြီး စားလေ့ရှိကြပါတယ်။

Ref ; www.rd.com

Loading