• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မွေးနေ့အကြို အလှူတွေ လုပ်ဖြစ်မယ့် “Miss Myanmar World 2018” အလှမယ် ဟန်တီ

by မန်းသူ
20 July 2018
in Entertainment
A A
"Miss Myanmar World 2018" ဆု ရရှိထားတဲ့ အလှမယ် ဟန်တီ / မန်းသူ

"Miss Myanmar World 2018" ဆု ရရှိထားတဲ့ အလှမယ် ဟန်တီ / မန်းသူ

10.6k
VIEWS
Share on FacebookShare on Twitter

“Miss Myanmar World 2018 Winner” ဆု ရရှိထားတဲ့ ဟန်တီက ဒီနှစ် သူမရဲ့ မွေးနေ့မှာတော့ အလိုတော်ပြည့် ကျောင်းမှာ အလှူလုပ်ဖြစ်မယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ဒီနှစ် မွေးနေ့အတွက် မွေးနေ့အကြိုပွဲကို အလိုတော်ပြည့်ကျောင်းမှာ လုပ်ပါမယ်။ ဇူလိုင်လ၂၁ ရက်နေ့မှာ We love တွေလည်း ဖိတ်ထားတယ်။ ပြီးတော့ ဟန်တီ ချစ်ရတဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကို အဓိက ဖိတ်ပြီး ဟန်တီမွေးနေ့ အလှုလေးလုပ်မှာပါ”လို့ Miss Myanmar World 2018 ဟန်တီက ဧရာဝတီကို ပြောပြပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
48
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
191
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
623

“Miss Myanmar World” အလှမယ် ဟန်တီက နှစ်စဉ် မွေးနေ့ ပြုလုပ်နေကြ ဖြစ်တာကြောင့် မထူးခြားပေမယ့် ဒီနှစ် မွေးနေ့မှာတော့ ထူးခြားတာ ရှိတယ်လို့လည်း ဆိုပါတယ်။ Miss ဆုကိုပါ ရရှိထားတာ ဖြစ်တဲ့အတွက် အလှူအပြင့် ပရဟိတအလုပ်ကိုပါ အရင်ကထက် ပိုပြီးလုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။

“တကယ့် မွေးနေ့ အစစ်အမှန် ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ ပရဟိတအလှူ လုပ်ဖြစ်မယ်။ ဟန်တီ ဘယ်ကို လှူရမယ်၊ ဘယ်နားမှာ ပိုလိုအပ်လဲဆိုတာကို တိုင်ပင်နေတယ်။ သေချာတိုင်ပင်ပြီးမှလည်း ပရဟိတ လုပ်မှာ။ ဒါကြောင့် မွေးနေ့အကြို အလှူပွဲဆိုပြီး အရင်လုပ်ဖြစ်လိုက်တာပါ” လို့လည်း ဆိုပါတယ်။

ဟန်တီက Miss ပြိုင်ပွဲတွေ စတင်ဝင်ပြိုင်ရင်း ယခုဆိုရင် ၄ နှစ် အတွေ့အကြုံ ရရှိနေပြီလို့ ဆိုပါတယ်။ အရင် Miss ရခဲ့တဲ့ အတွေ့အကြုံနဲ့ အခုထပ်မံပြီး Miss ပြိုင်ပွဲဝင်တဲ့အတွေ့အကြုံများနဲ့ ပတ်သက်လို့လည်း ဟန်တီက အခုလို ဆိုပါတယ်။

“လွန်ခဲ့တဲ့နှစ်တွေက ရခဲ့ဖူးတဲ့ဆုတွေနဲ့ အခုရလိုက်တဲ့ ဆုကတော့ ကွာခြားမှုတွေ အများကြီး ရှိပါတယ်။ အရင် အခေါက်တွေကထက် ပိုတိုးပြီးတော့ ပန်းတိုင်ကို မှန်းထားတယ်။ ဖြေးဖြေးချင်းလည်း လုပ်ဆောင်နေပါတယ်။ ၄ နှစ်တာ ကာလအတွင်းမှာလည်း Miss တယောက် အနေနဲ့ပဲ လုပ်ဆောင်ခဲ့တယ်။ ပရဟိတတွေ အများကြီး လုပ်ဆောင်ခဲ့တယ်။ ခုချိန်မှာလည်း ဟန်တီ နောက်တခေါက် ထပ်ရသွားတဲ့အတွက် ဒါတွေက ထပ်လုပ်ဆောင်နေမှာပါ”လို့ ဟန်တီက ပြောပါတယ်။

ဟန်တီက အသက် ၁၄ နှစ်အရွယ်တည်းက Miss ပြိုင်ပွဲကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဆယ်ကျော်သက်အရွယ်မှာ အနုပညာအလုပ်တွေကို စတင်လုပ်ခဲ့ရတဲ့ ခံစားချက်များကိုလည်း ဧရာဝတီကို အခုလို ဆိုပါတယ်။

“ဟန်တီ့ရဲ့ ဒီဆယ်ကျော်သက် ဘဝပျော်ရွှင်မှုကတော့ မရှိခဲ့ဘူး။ ကစားကွင်းတို့ ၊ဘာတို့ မရှိခဲ့ဘူး။ ဘယ်လို ပြောရမလဲ၊ ငယ်ငယ်တုန်းကလေ ကျောင်းတွေ၊ အတန်းတွေ ပျက်ခဲ့ရတယ်။ ဒီတော့ စာတွေပြန်လိုက်ပြီးတော့ သူများတွေထက် အချိန်ပိုယူပြီးတော့ စာသင်ရတာတွေရှိခဲ့တယ်။ သူငယ်ချင်းတွေနဲ့ ကုန်ဆုံးချိန်တောင် နည်းခဲ့တယ်။ ကိုယ်ရွေးချယ်တဲ့ လမ်းမို့ ကျေနပ်ပါတယ်။ အဲဒီအရွယ် ကတည်းကသာ စမလုပ်ခဲ့မိရင် ခုလို ဒီနေရာတောင် ရောက်လာမှာ မဟုတ်ဘူး။ ဒီတော့ကျေနပ်ပါတယ်” လို့ ဟန်တီက ဆိုပါတယ်။

ဟန်တီက “Miss World International 2018” ပြိုင်ပွဲအတွက် ပညာရေးကိုလည်း ၆ လ နားထားတယ်လို့ ဆိုပြီး ပြိုင်ပွဲရက်က နီးကပ်နေပြီး ပြည်ပကို နိုဝင်ဘာလမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

“ခုချိန်မှာတော့ ကိုယ့်ကိုယ်ကို အရမ်းဂရုစိုက်နေရပါတယ်။ သွားပြိုင်ဖို့က အချိန်လေးလတောင်မရှိတော့ဘူး။ အရမ်းနီးနေပြီ။ အဓိကလုပ်နေတာတော့ Training တွေ၊ ပြိုင်ပွဲမှာ Challenge တွေရှိတယ်။ Talent တွေလည်း မျိုးစုံရှိတယ်။ အဲဒါတွေအတွက် အခုဟန်တီ ပြင်ဆင်မှုတွေနဲ့ပဲ အချိန်ကုန်နေတယ်ပေါ့နော်။ အရင်က ပြိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကြောင့် အရမ်းကြီးတော့ တုန်လှုပ်မှုမရှိဘူး။ ဟန်တီ့အနေနဲ့ ဘယ်လိုမျိုး ပြင်ဆင်သွားရမယ် ဆိုတာသိတယ်” လို့ ဟန်တီက ဆိုပါတယ်။

“ဘယ်လိုပွဲမှာ ဘယ်လို ပြင်ဆင်ရမယ်၊ ဘယ်လိုပွဲမှာ ဘာတွေနဲ့ လိုက်တယ် ဆိုတာကအစ အကောင်းဆုံး ပြင်ဆင်သွားမှာပါ” လို့လည်း ဟန်တီက ဆိုပါတယ်။

Your Thoughts …
Tags: ဟန်တီ
မန်းသူ

မန်းသူ

Similar Picks:

ရှုတ်ချခံရတဲ့ အလှမယ်များ / Missosology Myanmar

နိုင်ငံ့အရေးမှာ နှုတ်ဆိတ်နေကြတဲ့ အလှမယ်များကို အလှမယ်လောက ရှုတ်ချ

by ဧရာဝတီ
4 March 2021
25k

ပြည်သူများရဲ့ဘက်မှာ ရပ်တည်မှု မရှိဘဲ နှုတ်ဆိတ်နေတာကြောင့် အလှမယ်လောကနဲ့ အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင် လှုပ်ရှားနေတဲ့ အလှမယ်များက ရှုတ်ချခဲ့ပါတယ်။

အလှမယ် ဟန်တီ / Han Thi's Facebook

“ကိုယ့်ပိုက်ဆံနဲ့ ကျောင်းတက်ချင်လို့ ကားရောင်းတာပါ”လို့ ပြောတဲ့ ဟန်တီ

by ချစ်ပိုး
19 November 2020
8.4k

“ဟန်တီ မေမေ မပါဘဲ တယောက်တည်း ကျောင်းသွားတက်ရမှာ ပျော်လည်း ပျော်တယ်။ ပျော်လည်း မပျော်ဘူးပေါ့။ ပျော်တယ်ဆိုတာကလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်။

Asia Model Award ဆုပေးပွဲမှာ ဆုရရှိခဲ့ကြတဲ့ ဝတ်မှုံရွှေရည်နဲ့ ဟန်တီ

တောင်ကိုးရီးယားမှာ ကျင်းပတဲ့ Asia Model Awards ဆုပေးပွဲမှာ ဆုရရှိခဲ့ကြတဲ့ ဝတ်မှုံရွှေရည်နဲ့ ဟန်တီ

by ယုဖြူဟန်
10 June 2019
24.2k

ဆုပေးပွဲစင်မြင့်ထက်မှာတော့ ဝတ်မှုံရွှေရည်က မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ ပရိသတ်များကို ကျေးဇူးတင်စကားပြောခဲ့ပြီး အလှမယ် ဟန်တီကတော့ ကိုရီးယားဘာသာစကားနဲ့ ကျေးဇူးတင်စကားအသီးသီး ပြောခဲ့ကြပါတယ်။

Incheon Single-Media Festival မှာ တွေ့ရတဲ့ ဟန်တီနဲ့ ထွန်းကိုကို / Han Thi's Facebook

Incheon Single-Media Festival မှာ မြန်မာဝတ်စုံကို သေချာ ဝတ်ဆင်ပြခဲ့တဲ့ ဟန်တီနဲ့ ထွန်းကိုကို 

by ချစ်ပိုး
31 August 2019
10.1k

“မြန်မာဝတ်စုံက လက်မှုနဲ့ သေသေချာချာ ဒီလိုလေး လုပ်ထားတာပါလား ဆိုတာကို သူတို့ သိသွားတယ်။ ဟန်တီရဲ့ နာမည်နဲ့ကို သေသေချာချာ ဒီဇိုင်းလုပ်သွားခဲ့တယ်။ အဲဒီအတွက်လည်း အရမ်း ဂုဏ်ယူပါတယ်”

အလှမယ် ဟန်တီ / Han Thi's Facebook

Miss World ပြိုင်ပွဲမှာ ဆုမရခဲ့လို့ ပရိသတ်ကို တောင်းပန်တဲ့ အလှမယ်ဟန်တီ

by ယုဖြူဟန်
9 December 2018
14.9k

ဟန်တီကတော့ Miss World 2018 ပြိုင်ပွဲကြီးရဲ့ Head to Head challenge မှာ Top ၂၅ ထိသာ ဝင်ရောက်နိုင်ခဲ့ပါတယ်။

Miss Myanmar World 2018 ရရှိခဲ့တဲ့ အလှမယ် ဟန်တီ /  Miss Myanmar World's Facebook

“Miss Myanmar World 2018″ Winner ဆုကို ရရှိခဲ့တဲ့ အလှမယ် ဟန်တီ

by ချစ်ပိုး
16 July 2018
16.2k

Miss Myanmar World 2018 ပြိုင်ပွဲမှာတော့ အလှမယ် အယောက် ၂၀ ထဲက Top 10၊ Top 5 ဆိုပြီး အဆင့်ဆင့် ရွေးချယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Next Post
၆၇ ကြိမ်မြောက် မွန်တော်လှန်ရေး အခမ်းအနားအား မွန်ပြည်သစ်ပါတီ၏ ဗဟိုဝန်းကျင် ဒေသ၌ ကျင်းပစဉ် / ဧရာဝတီ

တပ်မတော် သိမ်းထားသည့် စခန်း ၂ ခု ပြန်ပေးရန် NMSP တောင်းဆိုထား

လမ်းခွဲလိုက်ပြီလို့ ကောလာဟလ ထွက်နေတဲ့ Liam Hemsworth နဲ့ Miley Cyrus

လမ်းခွဲလိုက်ပြီလို့ ကောလာဟလ ထွက်နေပေမယ့် အတူတွဲတွေ့နေရသေးတဲ့ Liam နဲ့ Miley

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.4k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate