ဆိုရှယ်မီဒီယာခေတ် အားကောင်းလာပြီး ပွင့်လင်းမြင်သာလာတာနဲ့အမျှ လူမှုကွန်ရက် စာမျက်နှာများမှာသာမက နီးစပ်ရာ အသိုင်းအဝိုင်းများမှာ LGBT (Lesbian, Gay, Bisexual, Transgender) တွေကို အများအပြား တွေ့မြင်လာခဲ့ပြီး သူတို့တွေရဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းများနဲ့အတူ အသဲကွဲဇာတ်လမ်း များကိုလည်း ကြားသိနေရပါတယ်။
အဆိုပါကိစ္စရပ်များနဲ့ ပတ်သက်ပြီး LGBT တဦးဖြစ်တဲ့ မိတ်ကပ်ပညာရှင် မေဦးမောင်(တော်ဝင်သူ) က အခုလို ပြောပြခဲ့ပါတယ်။
“တို့တွေလို LGBT တွေအားလုံးကတော့ အသဲကွဲဖူးတဲ့သူတွေချည်းပါပဲ။ အသဲမကွဲဖူးတဲ့သူ တယောက်မှ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သဘာဝတရားကို လွန်ဆန်ပြီးတော့ ချစ်ကြိုက်တဲ့အတွက် ကွဲ၊ ညားဆိုတဲ့စကားလုံးက နောက်ကနေပြီးတော့ ကပ်ပါလာလာမှာပဲ။ အဲဒါကြောင့် အသဲကွဲတယ်ဆိုတာ အဆန်းမဟုတ်ဘူး။
သီချင်း နားထောင်လို့တောင် ပိုကောင်းပါတယ်” လို့ မိတ်ကပ် မေဦးမောင်(တော်ဝင်သူ) ကပြောပါတယ်။
သူ့အနေနဲ့လည်း အသက်အရွယ်တခု ရလာတဲ့အတွက် အဆိုပါကိစ္စရပ်များကို ကျော်လွှားနိုင်လာခဲ့ပြီး အခုချိန်မှာ အေးဆေးဖြစ်သွားပြီလို့လည်း ပြောပါတယ်။
“ကိုယ်ကတော့ အရွယ်က စကားပြောတယ် ထင်ပါတယ်။ ကိုယ့်ရဲ့အရွယ်က အသက် ၄၁ နှစ်လည်း ဖြစ်နေပြီ ဆိုတော့ အဲဒီကဏ္ဍတွေကို ကျော်လွှားနိုင်သွားပြီပေါ့။
ကိုယ့်ဘာသာ တယောက်တည်း အေးဆေးနေရတာကို ကြိုက်တယ်။ အဓိကက အလုပ်ပေါ့။ အလုပ်ကိုအာရုံရောက်နေတော့ အလုပ်က အရေးကြီးဆုံး ဖြစ်နေတယ် အခုချိန်မှာ။ လူငယ်ဘဝတုန်းကလည်း လူငယ်လိုပေါ့။ အခုလူငယ်တွေ ဖြတ်သန်းခဲ့သလို ကိုယ့်မှာလည်း အတွေ့အကြုံတွေ အများကြီးရှိပါတယ်” လို့ မေဦးမောင်(တော်ဝင်သူ) က ဆိုပါတယ်။
LGBT လူငယ်များအနေနဲ့လည်း ငယ်ရွယ်စဉ်အချိန်မှာ ခံစားလို့ရတုန်းခံစားပြီး ငယ်ရွယ်စဉ်အချိန်ကတည်းက ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ လမ်းဖြစ်တဲ့ ရည်ရွယ်ထားတဲ့ ပန်းတိုင်ကို ရောက်အောင်သွားဖို့လိုတယ်လို့ ပြောပါတယ်။
LGBT ပတ်သက်ပြီး ဘယ်လိုအကြံပြုချင်လဲဆိုတာကိုတော့
မိတ်ကပ်ပညာရှင် မေဦးမောင်(တော်ဝင်သူ) ကတော့ အသက် ၄၁ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ မြန်မာနိုင်ငံမှ လူသိများတဲ့ မိတ်ကပ်ပညာရှင်တဦးဖြစ်ပြီး မိတ်ကပ်ပြင်ဆင်မှုများအနေနဲ့ ပွဲတွေအတွက် ဆက်တိုက် လိမ်းခြယ်မှုများ ပြုလုပ်နေလျက် ရှိပါတယ်။