• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“Wonder Woman” ရုပ်ရှင်မှာ ပြန်လည် ပါဝင်လာနိုင်ချေရှိတဲ့ မင်းသား Chris Pine

by မစ်ကီ
23 July 2018
in Entertainment
A A
မင်းသား Chris Pine ၊ Wonder Woman ဒါရိုက်တာ Patty Jenkins နဲ့ မင်းသမီးGal Gadot

မင်းသား Chris Pine ၊ Wonder Woman ဒါရိုက်တာ Patty Jenkins နဲ့ မင်းသမီးGal Gadot

16.5k
VIEWS
Share on FacebookShare on Twitter

မင်းသား Chris Pine ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ “Wonder Woman” ရုပ်ရှင်မင်းသမီး Gal Gadot နဲ့အတူ ပရိသတ်ရှေ့မှောက် ထွက်ပေါ်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ ရုပ်ရှင်မှာ သူ့ရဲ့ဇာတ်ကောင် သေဆုံးခဲ့ပြီးတဲ့ အတွက် ရုပ်ရှင်အသစ်မှာ ဘယ်လိုဘယ်ပုံ ပြန်လည်ပါဝင်လာမယ်ဆိုတာကို ရှင်းလင်းခဲ့တာတော့ မရှိပါဘူး။

ဆန်ဒီယေဂိုမြို့မှာ ပြုလုပ်တဲ့ Comic-Con ပွဲမှာ မင်းသား Pine ဟာ မင်းသမီး Gadot၊ ဒါရိုက်တာ Patty Jenkins တို့နဲ့အတူ လူပေါင်း ၆၅၀၀ တက်ရောက်ခဲ့တဲ့ ပွဲကိုတက်ရောက်ခဲ့ပါတယ်။ မင်းသားက ဒီပွဲကို ပြီးခဲ့တဲ့သီတင်း ၃ ပတ် လောက်က စတင်ရိုက်ကူးခဲ့တဲ့ “Wonder Woman 1984” ရုပ်ရှင်နဲ့ပတ်သက်လို့ ပြောကြားဖို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
543
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
238
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
780

မင်းသား Pine က “တကယ်တော့ အခုကျနော် ဒီနေရာမှာ ရှိနေရမှာမဟုတ်ပါဘူး။ ကျနော့်ရဲ့ မိတ်ဆွေတွေကို စိတ်ပိုင်းဆိုင်ရာအားပေးဖို့ ရောက်လာရုံသက်သက်ပါ” လို့ ရုပ်ရှင်အသစ်မှာ ဘယ်လိုပြန်လည်ပေါ်လာမှာလဲ ဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

မင်းသားဟာ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Wonder Woman” ဆိုတဲ့ ရုပ်ရှင်မှာ ပထမကမ္ဘာစစ်ပိုင်းလော့ Steve Trevor အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်အဆုံးမှာ Trevor ဟာ လေယာဉ်ကို ဖောက်ခွဲပစ်ပြီး သူကိုယ်တိုင် အသက်စွန့်၊ အသေခံခဲ့တာဖြစ်ပါတယ်။

“1984” ရုပ်ရှင်ရိုက်ကွင်းမှာ မင်းသား Pine နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတခုကို Twitter မှာ တင်ခဲ့တဲ့ ဒါရိုက်တာ Jenkins က မင်းသားရဲ့ ဇာတ်ရုပ်နဲ့ပတ်သက်လို့ မသေမချာ မရေမရာပုံစံ ပြောကြားခဲ့ပါတယ်။ ဒါရိုက်တာက “သူက ဒီမှာပြန်လာမှာလား။ လူတိုင်းက ဒီရုပ်ရှင်ကို ကြည့်ပြီး သိစေဖို့ ကျနော်က တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ ဒါဟာ ကျနော်တို့ရုပ်ရှင်ရဲ့ အရမ်းအရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အလွန်အောင်မြင်ခဲ့တဲ့ “Wonder Woman” ရုပ်ရှင်ဟာ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ DC Comics ရုပ်ရှင်တွေမှာ ထူးခြားတဲ့ ရုပ်ရှင်တခုဖြစ်ခဲ့ပြီး အကောင်းမြင်မှတ်ချက်ရော မကောင်းမြင်မှတ်ချက်ပါ ရရှိခဲ့ပေမယ့် Walt Disney Co ရဲ့ Marvel Studios ကနေ ထုတ်လုပ်ထားတဲ့ ရုပ်ရှင်တွေရဲ့ ရုံဝင်ငွေ အောင်မြင်မှုကိုတော့ မီနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ “Wonder Woman” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းကနေ ရုံဝင်ငွေ ဒေါ်လာ ၈၂၁ ဒဿမ ၈ သန်းရရှိခဲ့ပါတယ်။

ကနဦး ဖြန့်ချိထားတဲ့ “1984” ရုပ်ရှင်ထဲကပုံရိပ်တွေမှာတော့ Wonder Woman ဟာ လူဆိုးနှစ်ယောက်နဲ့ ရင်ဆိုင်နေပြီး ရှော့ပင်းမောလ် တခုက မုန့်ဆိုင်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်းမှာ ကလေးငယ်တဦးကို ကယ်ဆယ်ခဲ့တာကို မြင်တွေ့ခဲ့ကြရပါတယ်။

အဲဒီရုပ်ရှင်အသစ်ကိုတော့ လာမယ့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ ရုံတင်ပြနိုင်ဖို့ စီစဉ်ထားပါတယ်။ မင်းသမီး Gadot ကတော့ “1984” ဟာ သမရိုးကျအတိုင်းသွားမယ့် နောက်ဆက်တွဲ ဇာတ်လမ်းမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

Ref:Reuters

Your Thoughts …
Tags: Wonder Woman
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

Wonder Woman သရုပ်ဆောင် မင်းသမီးရဲ့ ဘဝ တစိတ်တဒေသ

Wonder Woman သရုပ်ဆောင် မင်းသမီးရဲ့ ဘဝ တစိတ်တဒေသ

by ဧရာဝတီ
23 June 2017
15.8k

သူမဟာ အစ္စရေးလူမျိုးဖြစ်ပြီး ၂၀၀၄ ခုနှစ် သူ့အသက် ၁၈ နှစ်အရွယ်မှာ အစ္စရေးအလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဂယ်ဂဒေ့ါဟာ ယခုလက်ရှိမှာ မာယာနဲ့အယ်မာဆိုတဲ့ သမီးလေးနှစ်ယောက်ရဲ့ မိခင်တဦးလည်း ဖြစ်ပါတယ်။

“Wonder Woman” ဒါရိုက်တာ Patty Jenkins နဲ့ ပါဝင်တဲ့ သရုပ်ဆောင်များ

တတိယမြောက် ‘Wonder Woman’ ရုပ်ရှင်ကို စီစဉ်နေပြီလို့ ဒါရိုက်တာဆို

by မစ်ကီ
25 January 2019
9.5k

“Wonder Woman 1984” ရုပ်ရှင်မှာတော့ မင်းသမီး Gal Gadot, မင်းသား Chris Pine နဲ့ မင်းသား Robin Wright တို့က ဦးဆောင်ပါဝင်ထားကြပါတယ်။

"Wonder Woman 1984" ရုပ်ရှင်

“Wonder Woman” ရုပ်ရှင်အသစ် ရုံတင်ရက် နောက်ဆုတ်

by မစ်ကီ
14 September 2020
36.2k

"Wonder Woman 1984" ရုပ်ရှင်ရုံတင်ရက်ကို ခရစ်စမတ်ကာလ မတိုင်ခင်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း Warner Bros ရုပ်ရှင်စတူဒီယိုက စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

 Wonder Woman မင်းသမီး Gal Gadot

‘Wonder Woman 1984’ ရုပ်ရှင်မှာ စတန့်ပြကွက်တွေလုပ်ရင်း ကျောရိုးဒဏ်ရာရခဲ့တဲ့ Gal Gadot

by မစ်ကီ
11 December 2019
12.3k

အသက် ၃၄ နှစ်အရွယ် မင်းသမီးဟာ သူလုပ်ဆောင်ခဲ့တဲ့အလုပ်အတွက် ဂုဏ်ယူပေမယ့် ဒါရိုက်တာ Jenkins  စိတ်တိုင်းကျ ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းတွေအတွက် ခံစားနာကျင်ခဲ့ရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

Wonder Woman ဝတ်စုံဝတ်ပြီး ကလေးဆေးရုံသွားခဲ့တဲ့ မင်းသမီး Gal Gadot

“Wonder Woman” ဝတ်စုံဝတ်ပြီး ကလေးဆေးရုံကို သွားရောက်ခဲ့တဲ့ မင်းသမီး Gal Gadot

by မစ်ကီ
10 July 2018
7.5k

ဓာတ်ပုံထဲမှာတော့ ဆံပင်မရှိတော့တဲ့ ကလေးငယ်ဟာ သူ့ရဲ့ကုတင်ပေါ်မှာ ပြုံးနေပြီး Wonder Woman မင်းသမီးက သူ့ရဲ့ အရှေ့မှာ ရပ်နေခဲ့ပါတယ်။

“Wonder Woman” ရုပ်ရှင် လန်ဒန်တွင်ပွဲဦးထွက်ပြသရန် အစီအစဉ် ဖျက်သိမ်း

“Wonder Woman” ရုပ်ရှင် လန်ဒန်တွင်ပွဲဦးထွက်ပြသရန် အစီအစဉ် ဖျက်သိမ်း

by ဧရာဝတီ
26 May 2017
10.2k

သတင်းဖော်ပြချက်အရ အဆိုပါဇာတ်ကားကို အင်္ဂလန်နိုင်ငံရှိ ရုပ်ရှင်ရုံတွေမှာ သတ်မှတ်ရက်ထက် ၁ ရက်နောက်ကျပြီး လာမယ့် ဇွန်လ ၁ရက်နေ့ကို ရွှေ့ပြောင်းပြသသွားမှာဖြစ်ပါတယ်။

Next Post
ကမ္ဘာတဝှမ်းက ထူးဆန်းအံ့သြဖွယ် ဓာတ်ပုံများ

ကမ္ဘာတဝန်းမှာ ယခု အချိန်ထိ အဖြေရှာလို့ မရသေးတဲ့ ထူးဆန်းအံ့သြဖွယ် ဓာတ်ပုံများ

“Top Gun 2” ရုပ်ရှင်မှာပါဝင်လာမယ့် Jennifer Connelly နဲ့ Tom Cruise

“Top Gun 2” ရုပ်ရှင်မှာ မင်းသား Tom Cruise နဲ့အတူ မင်းသမီး Jennifer Connelly ပါဝင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.2k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate