• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“Top Gun 2” ရုပ်ရှင်မှာ မင်းသား Tom Cruise နဲ့အတူ မင်းသမီး Jennifer Connelly ပါဝင်မည်

by မစ်ကီ
23 July 2018
in Entertainment
A A
“Top Gun 2” ရုပ်ရှင်မှာပါဝင်လာမယ့် Jennifer Connelly နဲ့ Tom Cruise

“Top Gun 2” ရုပ်ရှင်မှာပါဝင်လာမယ့် Jennifer Connelly နဲ့ Tom Cruise

8.4k
VIEWS
Share on FacebookShare on Twitter

မင်းသမီး Jennifer Connelly ဟာ မင်းသား Tom Cruise နဲ့အတူ Paramount နဲ့ Skydance တို့ကနေ ထုတ်လုပ်မယ့် Top Gun: Maverick နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။ မင်းသမီးဟာ “A Beautiful Mind” နဲ့ “He’s Just Not That Into You” ရုပ်ရှင်တို့နဲ့ နာမည်ကျော်ခဲ့သူလည်း ဖြစ်ပါတယ်။

Oblivion ရုပ်ရှင်ဒါရိုက်တာ Joe Kosinski က ၁၉၈၆ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းကို ရိုက်ကူးမှာဖြစ်တယ်လို့ Variety မီဒီယာမှာ ဖော်ပြပါတယ်။ “12 Strong” ရုပ်ရှင် ဇာတ်ညွှန်းရေးဆရာ Peter Craig နဲ့အတူ “The Jungle Book” ရုပ်ရှင် ဇာတ်ညွှန်းရေး ဆရာ Justin Marks တို့က အခုရုပ်ရှင်ကို ဇာတ်ညွှန်းရေးသားပေးကြမှာ ဖြစ်ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.1k
မြိတ်မြို့

မြိတ်မြို့

11 May 2025
578
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
252

အခုရုပ်ရှင်အသစ်မှာတော့ ကမ္ဘာတဝန်းမှာရှိတဲ့ ဒရုန်းနည်းပညာအကြောင်း ရိုက်ကူးထားပြီး ဝေဟင်မှာ လေယာဉ်တွေ တိုက်ခိုက်မှု ခေတ်ရဲ့ အဆုံးအသတ်အကြောင်း ပုံဖော်ရိုက်ကူးမယ့်အပြင် မင်းသား Cruise က လေကြောင်းပျံသန်းမှုဆိုင်ရာ သင်ကြားရေးမှူးအဖြစ် ပါဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာတော့ မင်းသားဟာ ရုပ်ရှင်နဲ့ပတ်သက်လို့ Instagram မှာ အမြည်းဓာတ်ပုံ တခုကို တင်ခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံထဲမှာ မင်းသားဟာ Maverick အနေနဲ့ ပြန်လာခဲ့တဲ့ပုံစံအပြင် လက်ထဲမှာလည်း လေယာဉ်စီး ဦးထုပ်ကို ကိုင်ထားပြီး လေယာဉ်တစင်းကို ကြည့်နေတဲ့ပုံကို မြင်တွေ့ရပါတယ်။

မူရင်းရုပ်ရှင်ထဲမှာ နာမည်ကျော် စကားရပ်ဖြစ်တဲ့ “Feel the need” ဆိုတဲ့ စကားရပ်ကိုလည်း ဓာတ်ပုံပေါ်မှာ ရေးသားထားပြီး ရုပ်ရှင်အတွက် ရူတင်ကို စတင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ကွယ်လွန်သူ Don Simpson နဲ့အတူ ပထမဆုံး ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူ Jerry Bruckheimer က မင်းသား Cruise၊ Skydance စီအီးအို David Ellison နဲ့အတူ ရုပ်ရှင်ကို ပူးတွဲထုတ်လုပ်မှာ ဖြစ်ပါတယ်။ အမေရိကန် မင်းသား Miles Teller က အခုရုပ်ရှင်မှာ Nick “Goose” Bradshaw ရဲ့ သားဖြစ်သူ Bradley Bradshaw အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

မင်းသားကြီး Val Kilmer ကတော့ Tom “Iceman” Kazansky ဇာတ်ရုပ်နေရာ ကနေ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်အသစ်ကိုတော့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားပါတယ်။

Ref:indiaexpress

Your Thoughts …
Tags: “Top Gun 2” ရုပ်ရှင်Tom Cruise
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မင်းသား Tom Cruise

အာကာသထဲမှာ Tom Cruise ရုပ်ရှင်ရိုက်မယ့် အစီအစဉ်ကို နာဆာ အတည်ပြု

by မစ်ကီ
27 May 2020
9.1k

မင်းသားဟာ သူဌေးကြီး Elon Musk ရဲ့ SpaceX ၊ နာဆာတို့နဲ့အတူ ကမ္ဘာ့ပြင်ပမှာ ပထမဆုံးနောက်ခံ စကားပြောနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်အတွက် ပူးပေါင်းခဲ့ကြပြီ ဖြစ်ပါတယ်။

မင်းသား Tom Cruise

Tom Cruise ဒုတိယအကြိမ် အော်ငေါက်ပြီးနောက် ရိုက်ကူးရေး အဖွဲ့သားတွေ နုတ်ထွက်

by မစ်ကီ
21 December 2020
3.3k

တကယ်လို့ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ လိုက်နာမှု မရှိတဲ့ ဘယ်သူ့ကိုမဆို အလုပ်ထုတ်ပစ်မယ်လို့လည်း မင်းသားက ပြောဆိုခဲ့ပါတယ်။

မင်းသမီး Nicole Kidman နဲ့ မင်းသား Tom Cruise

Tom Cruise ကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ကင်းလွတ်ခဲ့ကြောင်း Nicole Kidman ရင်ဖွင့်

by မစ်ကီ
16 October 2018
8.8k

ပြောရမယ်ဆိုရင် ကျမ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ခဲ့တာဟာ ကျမအတွက် စွမ်းအားတစုံတရာရခဲ့တာ မဟုတ်ပေမယ့် အကာအကွယ်တော့ ရခဲ့ပါတယ်” လို့ အဲဒီမဂ္ဂဇင်းဆောင်းပါးကဏ္ဍမှာ ပြောကြားထားပါတယ်။

Mission: Impossible ရုပ်ရှင်မှာ တွေ့ရတဲ့မင်းသား  Tom Cruise

“Mission: Impossible” ရုပ်ရှင်တွေမှာ စတန့်လုပ်ဖို့ မငြင်းခဲ့ဖူးတဲ့ မင်းသား Tom Cruise

by မစ်ကီ
29 August 2018
6.7k

မင်းသား Tom Cruise ဟာ Mission: Impossible ရုပ်ရှင်တွေမှာ ပါဝင်တဲ့ စတန့်ပြကွက်တွေကို ကိုယ်တိုင် လုပ်ပြဖို့ အကြံပြုချက်တွေကို ဘယ်တုန်းကမှမငြင်းပယ်ခဲ့ဘူးလို့ ဆိုပါတယ်။

မင်းသား Tom Cruise ၊ သူဌေးကြီး Elon Musk

Tom Cruise နဲ့ Elon Musk တို့ပူးပေါင်းပြီး အာကာသထဲ ရုပ်ရှင်ရိုက်မည်

by မစ်ကီ
5 May 2020
5.9k

သတင်းရဲ့အဆိုအရ အဲ့ဒီရုပ်ရှင်ဟာ အက်ရှင်-စွန့်စားခန်း ရုပ်ရှင်ဖြစ်လာမယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီ ရုပ်ရှင်ကို ကိုင်တွယ်ဖို့ ဘယ်စတူဒီယိုနဲ့မှ ချိတ်ဆက်ရတာတော့ မရှိသေးပါဘူး။

ကမ္ဘာကျော် အက်ရှင် မင်းသားနှစ်ဦး Tom Cruise နဲ့ Dwayne Johnson

အက်ရှင်ရုပ်ရှင်ကား တကား တွဲရိုက်ဖို့ စိတ်ကူးထားကြတဲ့ Tom Cruise နဲ့ Dwayne Johnson

by မစ်ကီ
18 July 2018
6.6k

ET Canada မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ မင်းသား Dwayne Johnson နဲ့ အလုပ်အတူ တွဲလုပ်ချင်ပါသလား ဆိုတဲ့ မေးခွန်းကို မင်းသား Tom Crusie က မဆိုင်းမတွဘဲ ပြန်လည် ဖြေကြားခဲ့ပါတယ်။

Next Post
လယ်ယာလုပ်ငန်းသုံး ကျွဲနွားများ  / ဧရာဝတီ

ကျွဲ ၊ နွားများ ပြည်ပတင်ပို့မှု ကန့်သတ်ရေးအဆို ဆွေးနွေးမည်

သရုပ်ဆောင် ဖွေးဖွေး  / Phway Phway's Facebook

ဖွေးဖွေးအတွက် ဆိုးဝါးတဲ့ အမှတ်တရတွေ ရှိခဲ့တဲ့ "ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)" ဇာတ်ကား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate