အနုပညာပျိုးခင်းက ရွေးချယ်ထားတဲ့ သရုပ်ဆောင် မင်းသမီးတဦးဖြစ်တဲ့ သရုပ်ဆောင် ရတနာဗိုလ်ကတော့ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်ဇာတ်ကားမှာ လူ ၅ယောက်ရဲ့ Rape (အဓမ္မပြုကျင့်ခြင်း) ခံရတဲ့ အခန်းတွေက သူမအတွက် အမှတ်တရအဖြစ်ဆုံးနဲ့ အရှက်ရဆုံး ဇာတ်ဝင်ခန်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။
“Rape လုပ်ခံရတဲ့ အခန်းတွေကတော့ အမှတ်တရတွေပေါ့။ လူ၅ယောက်ဆွဲပြီးတော့ ပစ်ချတဲ့အခန်းတွေ Rape လုပ်ခံရတဲ့အခါမှာ နာနာကျည်းကျည်းနဲ့ အော်ရတဲ့ အခန်းတွေဆို အမှတ်တရတွေပါပဲ။ ကိုဝိုင်းကလည်း သေသေချာချာ သင်ပြပေးတဲ့အတွက် ညီမကတော့ အားရပါတယ်။ ရှက်တယ်။ မရိုက်ခင်ကတည်းက ရှက်နေတာ။ အခုထိရှက်နေတုန်း” လို့ ရတနာဗိုလ်က ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ဝင်ခန်းများနဲ့ ပတ်သက်ပြီး ပြောပါတယ်။
ရတနာဗိုလ် အနေနဲ့ အဲဒီဇာတ်ကားမှာ လူ ၅ယောက်ရဲ့ အဓမ္မပြုကျင့်ခံရတဲ့ ဇာတ်ရုပ်အတွက် အမှတ်တရ ဖြစ်သလို ရိုက်ကူးစဉ်ကရော ပြန်ကြည့်တဲ့အခါမှာလည်း ရှက်မိတယ်လို့ ဆိုပါတယ်။ ပြန်လည် ပြင်ဆင်ချင်တဲ့ ဇာတ်ဝင်ခန်း တခုဆိုရင်တော့ ရတနာဗိုလ်က သရုပ်ဆောင် အလင်းရောင်ကို နာကြည်းစွာ တံထွေးနဲ့ ထွေးတဲ့ အခန်းကို ပြန်လည်ပြင်ဆင်ပြီး တံထွေးတွေ အများကြီးနဲ့ ထွေးပစ်လိုက်ချင်တယ်လို့ ပြောပါတယ်။
“အဲဒီအခန်းကို ပြန်ရိုက်ချင်တာ။ အဲဒီထက်ကို နာနာကြည်းကြည်းနဲ့ တံထွေးတွေကို ပါးစပ်ထဲမှာ သိုလှောင်ထား ပြီးတော့ တအား ထွေးလိုက်ရမှာ။ တကယ်တမ်းတော့ နည်းသွားတယ်” လို့ ရတနာဗိုလ်က ပြောပါတယ်။
ရတနာဗိုလ်ကတော့ ဒါရိုက်တာဝိုင်းရဲ့ ရိုက်ကူးမှုကို သရုပ်ဆောင် အလင်းရောင် ၊ ကျော်ထက်အောင် နှင့် ဖွေးဖွေးတို့နဲ့အတူ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ဒီကားနဲ့ ပတ်သက်ပြီးတော့ ရတနာဗိုလ်က “မဖွေး ခြေထောက်ပေါ်မှာလည်း လောက်တွေ၊ ညီမပေါ်မှာလည်း လောက်တွေဆိုတော့ မျက်ရည်တွေက ခေါ်စရာ မလိုတော့ဘူး။ ရိုက်ပါတော့ဆိုပြီး တချိန်လုံး အော်နေရတဲ့ အခန်းတွေပေါ့။ ဒီကားလေးက သရဲကားလေးဆိုရင်လည်း ဟုတ်တယ်။ ပရိသတ်အတွက် ဗဟုသုတတွေ ၊ ပညာတွေလည်း အများကြီးရမှာပါ” လို့ေြ ပာပါတယ်။
ရတနာဗိုလ်ကတော့ အနုပညာပျိုးခင်းမှတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး သရုပ်ဆောင် ဖြစ်လာခဲ့တဲ့ မန္တလေးသူ တယောက်ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – ဖွေးဖွေးအတွက် ဆိုးဝါးတဲ့ အမှတ်တရတွေ ရှိခဲ့တဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)” ဇာတ်ကား
“ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်မှာ လိုအပ်ချက်တွေကို ဖြည့်ကြည့်ပေးဖို့ ဒါရိုက်တာ ဝိုင်း ပြော