• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ဝင်တေးတပုဒ် သီဆိုထားတဲ့ Selena Gomez

by မစ်ကီ
24 July 2018
in Entertainment
A A
အဆိုတော် Selena Gomez

အဆိုတော် Selena Gomez

3.2k
VIEWS
Share on FacebookShare on Twitter

အဆိုတော် Selena Gomez ဟာ ဘောလိဝုဒ် ရုပ်ရှင်တခုမှာ ပါဝင်ရတာ သဘောကျပုံ ရနေပါတယ်။ “Heart Wants What It Wants” သီချင်းအဆိုတော် Selena ဟာ သီချင်းရေးဆရာ A. R. Rahman နဲ့အတူ အလုပ်အတူ လုပ်ချင်ပြီး သီချင်းတပုဒ် သီဆိုထားပါသေးတယ်။

အဆိုတော် Selena က “ကျမက အိန္ဒိယက ဂီတပညာရှင် တော်တော်များများနဲ့ အဆက်အစပ် ရှိပါတယ်။ ပြီးတော့ သူတု့ိက အံ့သြဖို့ကောင်းမယ်လို့ ကျမ ယုံကြည်ပါတယ်။ ကျမ AR Rahman ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း သဘောကျပါတယ်။ သူဟာ ဒီနေ့မှာ ကမ္ဘာ့နာမည်ကျော် တယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ရေးထားတဲ့ သီချင်းတွေကို သီဆိုတာမျိုး၊ ပါဝင် သရုပ်ဆောင်တာမျိုး လုပ်ချင်တာပါ။ ဘောလိဝုဒ် ရုပ်ရှင် အတွက် သီချင်းဆိုရတာ ကောင်းမွန်တယ်လို့ ကျမထင်ပါတယ်” လို့ Mid Day မီဒီယာကို ပြောကြားခဲ့ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.5k
မြိတ်မြို့

မြိတ်မြို့

11 May 2025
582
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
252

လက်ရှိမှာတော့ အဆိုတော် Selena ဟာ သူ့ရဲ့ အယ်လ်ဘမ် အသစ်တခုကို ဖြန့်ချိဖို့ ပြင်ဆင်နေပေမယ့် အဲဒီ သီချင်းအယ်လ်ဘမ်ကို ဖြန့်ချိဖို့ရာ အချိန်ကောင်း မဟုတ်သေးဘူးလို့ ဆိုပါတယ်။

သူက “ဘယ်တော့ အချိန်ကောင်း ရောက်မယ်ဆိုတာ ကျမ မသိပါဘူး။ ပြီးတော့ ကျမပြောချင်တာက ထူးထူးဆန်းဆန်းနဲ့ အဆန်းတကြယ်လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ဖန်တီးတဲ့အရာတခုက တခုခုကို ဆိုလိုမယ့် အသံရရှိဖို့ တော်တော်လေး ခက်ပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ အဆိုတော် Selena က သီချင်းအားလုံးဟာ ထူးခြားကွဲပြားတဲ့အတွက် သူ့ရဲ့ တတိယမြောက် စတူဒီယိုအယ်လ်ဘမ်ကို ချပြချင်တဲ့ လမ်းကြောင်းကို မရွေးရသေးဘူးလို့ ဆိုပါတယ်။

သူက “ကျမ စတူဒီယိုမှာ ရှိနေတာ တနှစ်လောက်ရှိပါပြီ။ ဒါကြောင့် ကျမမှာ အယ်လ်ဘမ် တချပ် ထုတ်နိုင်တယ်လို့ ပြောနိုင်ပေမယ့် သီချင်းတွေအားလုံးက မတူကြလို့ ဘာကို ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး။ တော်တော်လေးကို ထူးခြားနေတယ်လို့ ခံစားရလို့ ကျမ ပြောနေတာမဟုတ်ပါဘူး”

“Single သီချင်းတပုဒ်အနေနဲ့ သီချင်းအပုဒ်တိုင်းကို ပြင်ဆင်ထားပြီး သဘောကျမိပါတယ်။ ဒါကြောင့် ဘယ်နေရာမှာ ချပြရမယ်ဆိုတာ ကျမသိပါဘူး။ ဒါပေမယ့် သီချင်းတော်တော်များများ ရှိလို့ အယ်လ်ဘမ်တချပ် ထုတ်နိုင်တော့မယ်လို့တော့ ကျမ ပြောနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref: contactmusic

Your Thoughts …
Tags: Selena Gomez
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ကမ္ဘာကျော် အဆိုတော်စုံတွဲ Justin Bieber နဲ့ Selena Gomez

Justin Bieber နဲ့ Selena Gomez တို့ အချစ်ရေး တခန်းရပ် သွားပြန်ပြီလား

by မစ်ကီ
8 March 2018
21.8k

အသက် ၂၄ နှစ်အရွယ်၊ ကနေဒါအဆိုတော် Justin Bieber နဲ့ အသက် ၂၅ နှစ်အရွယ် အဆိုတော် Selena Gomez တို့ဟာ တဦးအပေါ်တဦး အချိန်ပေးလိုကြောင်း သိရပါတယ်။

အဆိုတော် Justin Bieber ၊ Hailey Baldwin နဲ့ Selena Gomez

Selena Gomez ကြောင့် Justin Bieber ရဲ့ လက်ထပ်ပွဲရွှေ့ဆိုင်းနေရသည်ဟု သတင်းထွက်ပေါ်

by မစ်ကီ
16 January 2019
10.5k

လက်ထပ်ပွဲအတွက် လိုအပ်တာတွေကို သူတို့တွေက ပြင်ဆင်တာမျိုးမရှိသေးဘဲ မင်္ဂလာပွဲအတွက် ဖြည်းဖြည်းနဲ့ နှေးနှေးပဲ လုပ်နေတာပါ။

အဆိုတော် Justin Bieber နဲ့ Selena Gomez

Justin Bieber နဲ့ Selena Gomez တို့ရဲ့ အချစ်ရေး ဒီတခါ သေချာ ခိုင်မာသွားပြီလား

by မစ်ကီ
20 February 2018
15.5k

Justin နဲ့ Selena တို့ ချစ်သူနှစ်ဦးဟာ ချစ်သူများနေ့တုန်းက Montage ဟိုတယ်မှာ ညစာအတူ သုံးဆောင်နေခဲ့ကြတာ တွေ့ခဲ့ရပြီး အခုလို ဂျမေကာခရီးစဉ်မှာ အတူတူ ထပ်တွေ့လိုက်ရတာဖြစ်ပါတယ်။

အဆိုတော် Selena Gomez

စိတ်ပိုင်းဆိုင်ရာပြဿနာတွေ သက်သာသွားတဲ့အကြောင်း ဖွင့်ဟခဲ့တဲ့ Selena Gomez

by ဟယ်လ်သင်
9 January 2020
3.9k

“စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကျမခံစားနေရတယ်လို့ တွေ့ရှိလိုက်ရချိန်မှာ မိမိကိုယ်ကို ရိုးသားမှုကနေတဆင့် သက်သာရာကို ရှာတွေ့ခဲ့တာပါ” လို့ Selena Gomez က ဆိုပါတယ်။

Blackpink အဖွဲ့နဲ့ အဆိုတော် Selena Gomez

Blackpink အဖွဲ့နဲ့အတူ သီချင်း သီဆိုမယ့် Selena Gomez

by မစ်ကီ
14 August 2020
4.6k

မကြာသေးခင်တုန်းကလည်း အဆိုတော် လေဒီဂါဂါရဲ့ Chromatica အယ်လ်ဘမ်ထဲက ‘Sour Candy’ သီချင်းမှာလည်း သူတို့အဖွဲ့ ပါဝင်သီဆိုထားကြပါတယ်။

ကမ္ဘာကျော် အဆိုတော်၊ သရုပ်ဆောင် Selena Gomez

ဒီနေ့ခေတ် လူငယ်တွေအတွက် ဆိုရှယ်မီဒီယာဟာ ကြောက်စရာကောင်းကြောင်း Selena Gomez ပြော

by မစ်ကီ
16 May 2019
6.6k

မလေးရှားက ဆယ်ကျော်သက်တဦးက သူသေသင့်လား၊ အသက်ရှင်သင့်လားလို့ Instagram မှာ မဲဆန္ဒပေးခိုင်းတဲ့ ပို့စ်တခုကို တင်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီးနောက် အခုလိုမျိုး မှတ်ချက်စကားထွက်ပေါ်လာတာပါ။

Next Post
Device နှစ်ခု တပြိုင်တည်း အားသွင်းနိုင်တဲ့ Samsung Wireless Charger Duo

Device နှစ်ခု တပြိုင်တည်း အားသွင်းပေးနိုင်မယ့် Samsung ရဲ့ Wireless Charger အသစ်

မှီခိုသူကြီး

မှီခိုသူကြီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

1 day ago
5.9k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate