Entertainment

“ဇာတ်ကားတွေမှာ နယ်ပရိသတ်အကြိုက် ဖက်ရှင်တွေ ဝတ်ပေးခဲ့ရတယ်"

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် မင်းသမီး ဆောင်းအိန္ဒြေထွန်းက ဗီဒီယိုဈေးကွက် လျော့နည်းလာမှုကြောင့် ဇာတ်ကားတွေကို အရင်ကလောက် မရိုက်တော့ဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရိုက်ကူးနေရတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“လတ်တလော အနုပညာ လှုပ်ရှားမှုကတော့ ကိုလူမင်းနဲ့ ကားရိုက်လေး ပြီးသွားတာပေါ့။ အဲဒီ မတိုင်ခင် မန္တလေးမှာလည်း မင်းသားသစ်တွေနဲ့ ရိုက်တယ်။ Music Video လေးတွေလည်း ရိုက်နေပါတယ်။ ဗီဒီယိုဈေးကွက်က ပျက်မလို ကြားတယ်။ သေချာ ဈေးကွက်သမားတွေကို စုံစမ်းလိုက်တော့လည်း အဲ့လောက်ကြီးတော့ မပျက်သေးဘူး။ ဒါပေမယ့် ထိန်းထိန်းသိမ်းသိမ်း နဲ့တော့ ရိုက်ရမယ်။ ကုမ္ပဏီပိုင်ရှင်တွေနဲ့ အနုပညာရှင်တွေနဲ့ ညှိနှိုင်းပြီးရိုက်ရမယ်” လို့ ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။

“ဟိုတုန်းကလိုမျိုး အများကြီး ပိုက်ဆံတွေဖြုန်းတဲ့ ပုံစံမျိုးတော့ ရိုက်လို့မရဘူး။ သူ့ဈေးကွက်နဲ့ သူ့ Limit နဲ့ အဆင်ပြေအောင် ရိုက်ပေးရမှာပေါ့။ အဲ့ကျရင်ဈေးကွက်က ပြန်အားကောင်းလာမှာပေါ့နော်။ ဒီတိုင်းသက်သက်ဆိုရင် ထုတ်လုပ်သူ ဘက်ကလည်း မကိုက်ရင် မရိုက်တော့ဘူးလေ”လို့ ဆောင်းအိန္ဒြေထွန်းက ဆိုပါတယ်။

သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းက ဖက်ရှင်တွေနဲ့ ပတ်သက်ပြီးလည်း သတိထားဝတ်တယ်လို့ ဆိုပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်လို့လည်း ဆောင်းအိန္ဒြေထွန်းက အခုလို ပြောပါတယ်။

 

သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း

 

“ဟိုတုန်းကလို ပုံစံမျိုးတွေ သိပ်မလုပ်ဖြစ်တော့ဘူး။ ဟိုတုန်းကဆို နယ်က လူတွေက ပန်းကြီးတွေ ပန်တာတို့ ဖဲပြားကြီးတွေ ပန်တာတို့ အရမ်းသဘောကျတယ်။ ရန်ကုန်က လူတွေက သိပ်မကြိုက်ကြဘူးပေါ့။ ရန်ကုန်က လူတွေရောနယ်က လူတွေလည်း ကြိုက်ရအောင် ထိန်းထိန်သိမ်းသိမ်းနဲ့ ကိုယ့်ဖက်ရှင်ကို အကောင်းဆုံး ဖြစ်အောင် ပြန်ပြုပြင်နေပါတယ်။ ခါတိုင်းဆိုရင် ဆောင်းက နယ်ဘက်တွေ သွားရင် နယ်ကလူတွေက ပြူးပြူးပြဲပြဲတွေ ကြိုက်တယ်”

“ရန်ကုန်ကလူတွေလည်း ကြိုက်အောင် ကြိုးစားပြီးပြင်ဆင်နေတယ်။ မြန်မာဝတ်စုံလေးတွေက ဆောင်းနဲ့ အလိုက်ဖက်ဆုံး လို့ ပြောရမလားပဲ။ ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုလေးတွေလည်း မပျောက်စေချင်ဘူးလေ။ တချို့ဇာတ်ကားတွေမှာ ဘယ်လောက်ပဲ ဟော့ရှော့ ဖြစ်နေပါစေ။ ပြီးခါနီးကျရင် မြန်မာဝတ်စုံလေးတွေဝတ်ဖြစ်တယ်”လို့ ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။

ဆောင်းအိန္ဒြေထွန်းက နယ်ပရိသတ် လက်ခံအားပေးခြင်း ရရှိထားတဲ့ မင်းသမီးတဦးဖြစ်ပြီး ဗီဒီယို ခေတ်ကောင်းစဉ်က နယ်ကားများကို အများအပြား ရိုက်ကူးခဲ့ရတဲ့သူ တဦးလည်း ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading