Entertainment

“သမီးဖြစ်သူကို အမေလို၊ အစ်မလို၊ သူငယ်ချင်းလို ပေါင်းပြီးနေတယ်"

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် လင်းဇာနည်ဇော်က သြစတြေးလျနိုင်ငံမှာ ကျောင်းတက်နေတဲ့ သမီးဖြစ်သူ မြူလင်းကိုကိုရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ကျောင်းတက်ရင်း အလုပ်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ အခုချိန်မှာ ကျောင်းတက်ရင်း အလုပ်လုပ်မယ့် သမီးဖြစ်သူနဲ့ ပတ်သက်ပြီးလင်းဇာနည်ဇော်က အခုလိုဆိုပါတယ်။

“သမီးက သြစတြေးလျမှာ ကျောင်းတက်နေတာ ၄ နှစ်ရှိပြီ။ Business ပိုင်း တက်နေတယ်။ အမှန်တကယ် ဆိုရင်တော့ ဒီနှစ် သူကျောင်းပြီးရမှာ။ ဒါပေမယ့် တဘာသာ လျော့ယူထားပြီးတော့ ပြီးခဲ့တဲ့နှစ်တွေက ဘာသာများတဲ့ အခါကျတော့ အလုပ်မလုပ်နိုင်ဘူး။ သူများနိုင်င်ငံမှာ အလုပ်လုပ်ကြည့်ချင်တယ်လို့ဆိုတော့ ရှေ့နှစ်မှာတော့ တဘာသာယူပြီးတော့ Part Time လုပ်မယ်ပြောတယ်’’လို့ ပြောပါတယ်။

လင်းဇာနည်ဇော်ရဲ့ သမီးလေး မြူလင်းကိုကို

လင်းဇာနည်ဇော်ရဲ့ သမီးလေး မြူနှင်းကိုကိုဟာ အနုပညာအလုပ်တွေ မလုပ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူတဦးပါ။ မြူနှင်းကိုကိုကို လင်းဇာနည်ဇော်ရဲ့ ပရိသတ်တချို့က အနုပညာ အလုပ်တွေကို လုပ်စေချင်ကြတာလည်း တွေ့ရပါတယ်။

သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တယောက်အဖြစ် ရပ်တည်ပြီး သမီဖြစ်သူကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေသူတဦး ဖြစ်ပါတယ်။

“သမီးက သြစတြေးလျ မသွားခင်တုန်းကတော့ အနုပညာအလုပ်ကို အရမ်းဝါသနာပါတယ်လေ။ ပညာတပိုင်းတစနဲ့ ဟိုမရောက် ဒီမရောက်ဖြစ်မှာစိုးလို့ ဟိုဘက်ကို လွှတ်လိုက်တာပေါ့နော်။ အသည်းအသန်ဝါသနာပါတာက ဟိုရောက်တော့ အလုပ်ကို စိတ်ရောက်သွားတယ်။ အခုလည်း အလုပ်လုပ်ရင်းကျောင်းတက်မယ်ပြောတယ်”

“ဒီရောက်ရင်လည်း စီးပွားရေးမလုပ်နိုင်ရင်တောင် တခြားအလုပ်တွေလုပ်မယ်လို့ ပြောတယ်။ ကျမ အုပ်ချုပ်တဲ့ အခါမှာလည်း ငါထားသလို ငါခိုင်းတာလုပ်ဆိုပြီးတော့ အုပ်ချုပ်လို့မရတော့ဘူး။ ကျမဆို သမီးကို အမေလို တမျိုး၊ အစ်မလို တမျိုး၊ သူငယ်ချင်းလိုတမျိုး နေတယ်။ အဲ့လိုအခါကျတော့ ကျမကို ကြောက်လန့်ပြီး မပြောရဲတာတို့ ကျမ မသိအောင် လုပ်တာတို့တတ်နိုင်လောက်တော့ လျော့သွားမယ်ထင်တဲ့အတွက် ကျမ ကတော့ အဲ့လိုပေါင်းတယ်”လို့ လင်းဇာနည်ဇော်က ပြောပါတယ်။

သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ ရွှေတောင်ခေါက်ဆွဲရောင်းတဲ့ လုပ်ငန်းကို လုပ်ကိုင်နေရုံသာမက ကိုယ်ပိုင်ထုတ်လုပ်ရေး တခုကိုပါ တည်ထောင်ထားတယ်လို့ သိရပါတယ်။ လင်းဇာနည်ဇော်ရဲ့ ထုတ်လုပ်ရေးကနေ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားအဖြစ် ” မြန်မာပေါကားတွေ ရပ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading