Entertainment

“ဇာတိမြေအတွက် နောက်ဆုံး မျှော်လင့်ချက်လေးနဲ့ မျှော်လင့်နေပါသေးတယ်”

Want create site? Find Free WordPress Themes and plugins.

ဂျပန် – မြန်မာချစ်ကြည်ရေးအတွက် ရိုက်ကူးထားတဲ့ “My Country My Home” (ဇာတိမြေ) ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံမတင်ခင် အချိန်မှာ ပျံ့နှံ့ခဲ့ပေမယ့် မကြာခင်မှာ ရုံတင်တော့မယ့်အတွက် နောက်ဆုံး မျှော်လင့်ချက်လေးနဲ့ မျှော်လင့်နေပါသေးတယ်လို့ ကြည်ဖြူသျှင်က ပြောပါတယ်။

“ဇာတိမြေရုပ်ရှင် အွန်လိုင်းပေါ် ရောက်သွားပေမယ့်လည်း ကျမတို့ကို အနုပညာကိုချစ်တဲ့စိတ်နဲ့ ကျမတို့ကို ဆက်ပြီးအားပေးပါ။ ကျမတို့က မျှော်လင့်ပါတယ်။ ၂၇ ရက်နေ့ ရုံတင်တဲ့အချိန်ကနေစပြီး အားပေးဖို့။ နောက်ဆုံးကျန်တဲ့ မျှော်လင့်ချက်လေးနဲ့ မျှော်လင့်နေပါသေးတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။

အဲဒီဇာတ်ကားက ဂျပန် – မြန်မာ ချစ်ကြည်ရေးဇာတ်ကားဖြစ်တဲ့အတွက် နှစ်နိုင်ငံလုံးရဲ့ သိက္ခာတွေကို ပြသနေတာ ဖြစ်ပြီး ထုတ်လုပ်သူ အနေနဲ့လည်း ဒီလိုအဖြစ်အပျက်အတွက် နစ်နာမှု ဖြစ်သွားခဲ့ပါက ဇာတ်ကားကောင်းတွေ ဆက်လက်ထုတ်ပေးနိုင်မှာ မဟုတ်တော့တဲ့အတွက် အဖက်ဖက်က နစ်နာစရာတွေဖြစ်ပေါ်တယ်လို့ ကြည်ဖြူသျှင်က ဆိုပါတယ်။

“ကျမတို့ဇာတ်ကားက မြန်မာနိုင်ငံမှာတင် မကဘူး။ ဂျပန်-မြန်မာချစ်ကြည်ရေး ဇာတ်ကားဖြစ်လို့ နှစ်နိုင်ငံလုံးရဲ့ သိက္ခာတွေကို ပြတာပါ။ ကျမတို့ အနုပညာရှင်တွေထက် ထိခိုက်တာထုတ်လုပ်သူပါ။ ထုတ်လုပ်သူက ငွေတွေ အများကြီး ဆုံးရှုံးပါတယ်။ အများကြီးရင်းရပါတယ်။ ထုတ်လုပ်သူဟာ ဒီလိုမျိုးနစ်နာသွားရင် ဇာတ်ကားကောင်း ထုတ်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီတော့ နောက်ဆက်တွဲ ဖြစ်လာမှာက ကျမတို့ အနုပညာလောကသားတွေပါ။ အဲဒီကနေတဆင့် နစ်နာမှာက ပရိသတ်တွေပါ။ ဇာတ်ကားကောင်းတွေ ကြည့်နိုင်မှာ မဟုတ်တော့ပါဘူး” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားများ တရားမဝင် ပျံ့နှံ့တာနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာ နှင့် ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်စေချင်တယ်လို့ ဆိုပါတယ်။

“My Country My Home” (ဇာတိမြေ) ဇာတ်ကားကိုတော့ ဇူလိုင်လ ၂၅ ရက်နေ့ ရန်ကုန်မြို့ရှိ Junction City မှာ Red Carpet Show ပြသခဲ့ပြီး ဇူလိုင်လ ၂၇ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးက ရုပ်ရှင်ရုံများမှာ ပြသသွားတော့မှာ ဖြစ်ပါ တယ်။

“ဇာတိမြေ” ဇာတ်ကားကို ဇာတ်ညွှန်း၊ ဒါရိုက်တာ ကြည်ဖြူသျှင် ရေးသားရိုက်ကူးပြီး ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ရန်အောင်၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည်နဲ့ အခြား အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ “ဇာတိမြေ” ရုပ်ရှင်အား အွန်လိုင်းတွင် ဖြန့်ချိသူများကို ဥပဒေအရ အရေးယူမည်

အွန်လိုင်းမှာ ရုပ်ရှင်များ ပျံ့နှံ့လာခြင်းကို အရေးယူဖို့ ဇာဂနာ တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading